နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် မိုခါမုန်တိုင်းဒဏ်သင့်ဒေသများအတွက် ဒုတိယအကြိမ် အလှူငွေပေးအပ်လှူဒါန်းခြင်းအခမ်းအနားတက်ရောက်

 

နေပြည်တော်  ဇူလိုင်  ၁၂


မိုခါ   ဆိုင်ကလုန်းမုန်တိုင်းဒဏ် ကြောင့်     ပျက်စီးဆုံးရှုံးခဲ့သည့် ဒေသများ၌   ပြန်လည်ထူထောင် ရေးလုပ်ငန်းများ   ဆောင်ရွက်နိုင် ရန် ဌာနဆိုင်ရာများ၊  အလှူရှင်များ က  လှူဒါန်းသည့်  ဒုတိယအကြိမ် အလှူငွေ    ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို     ယနေ့နံနက် ၁၀ နာရီတွင်      နေပြည်တော် ကောင်စီရုံးဝင်းရှိ ဇမ္ဗူသီရိ ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊      နေပြည်တော် ကောင်စီဝင်များ၊  ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊        စေတနာရှင် အလှူရှင်များနှင့်  တာဝန်ရှိသူများ တက်ရောက်ကြသည်။


ဦးစွာ   နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးတင်ဦးလွင်က နိုင်ငံတော် အစိုးရအနေဖြင့် မုန်တိုင်းဘေးဒဏ် ခံခဲ့ရသည့်   ဒေသများ၌    ကူညီ ကယ်ဆယ်ရေးနှင့်       ပြန်လည် ထူထောင်ရေး     လုပ်ငန်းများကို အမြန်ဆုံး   ပြန်လည်ဆောင်ရွက် လျက်ရှိကြောင်း၊  လှူဒါန်းငွေများ ကို  သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာနသို့    ပေးအပ် လှူဒါန်းသွားမည်ဖြစ်ပြီး     ကူညီ ကယ်ဆယ်ရေးနှင့်     ပြန်လည် ထူထောင်ရေး   လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် မုန်တိုင်းဒဏ်သင့် ခဲ့ရသည့် ဒေသများသို့ ခွဲဝေလှူဒါန်း ပေးသွားမည်ဖြစ်ကြောင်း   ပြော ကြားသည်။ 


ထို့နောက်  ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့်   စေတနာရှင် အလှူရှင်များက    အလှူငွေများ ပေးအပ်လှူဒါန်းကြရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့်    တာဝန်ရှိသူ များက လက်ခံရယူကြပြီး  ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ကြသည်။


မိုခါမုန်တိုင်းဒဏ်သင့်ခဲ့သည့် ဒေသများ၌   ကူညီကယ်ဆယ်ရေး နှင့်      ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင်  အသုံးပြုနိုင်ရန် နေပြည်တော်ကောင်စီ၊        ဌာန ဆိုင်ရာများ၊   လုပ်ငန်းရှင်များနှင့် စေတနာရှင်    အလှူရှင်များ၏ ပထမအကြိမ်     လှူဒါန်းငွေမှာ ငွေကျပ် ၃၆၃၆၀၀၀၀၀    ဖြစ်ပြီး ဒုတိယအကြိမ်        လှူဒါန်းငွေမှာ ငွေကျပ် ၆၃၅၇၆၄၀၀ ဖြစ်ကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် နေပြည်တော် ကောင်စီဥက္ကဋ္ဌသည် နေပြည်တော် ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့်      နေပြည်တော် အတွင်း   နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်  ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။ 


ထုတ်ချေးပေးခဲ့ပြီ


ဦးစွာ   နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက   ပြည်ထောင်စုနယ်မြေ နေပြည်တော်၌  ဆန်စပါးစိုက်ပျိုး ထုတ်လုပ်ရာတွင်   လယ်ယာဖွံ့ဖြိုး ရေးဘဏ်မှ အရင်းအနှီး စိုက်စရိတ် များ ထုတ်ချေးပေးလျက်ရှိသကဲ့သို့ သွင်းအားစုများ    အရည်အသွေး ပြည့်မီစွာနှင့်     အချိန်မီရရှိရေး အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးလျက် ရှိကြောင်း၊    နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေဖြင့် မွေးမြူရေးကဏ္ဍ တွင်  မွေးမြူသူများကို သွင်းအားစု များ    ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ  မတည်ထူထောင်       ခွင့်ပြုငွေဖြင့် ဆီစက်လုပ်ငန်းရှင်များကို   ထုတ် ချေးပေးခဲ့ပြီဖြစ်ကြောင်း၊ သက်ဆိုင် သည့်  ဌာနဆိုင်ရာများအနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး   ရန်ပုံငွေ ဖြင့် ဆောင်ရွက်နေသည့်လုပ်ငန်း များ      ရည်မှန်းချက်ပန်းတိုင် ပြည့်မီအောင်  ဆောင်ရွက်ကြစေ လိုကြောင်း ပြောကြားသည်။


ထို့နောက်    ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက    နိုင်ငံ့ စီးပွား       မြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် စပ်လျဉ်း၍  ရှင်းလင်းတင်ပြ ကြသည်။


ယင်းနောက်    နေပြည်တော် ကောင်စီဥက္ကဋ္ဌက  ရှင်းလင်းတင်ပြ ချက်များအပေါ်  ပေါင်းစပ်ညှိနှိုင်း ပေးပြီး      နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


သတင်းစဉ်