
နေပြည်တော် မေ ၃၀
၂၀၂၃ ခုနှစ် ဇွန် ၃ ရက်မှ ၉ ရက်အထိ ကမ္ဘော ဒီးယားနိုင်ငံ ဖနောင်ပင်မြို့တွင် ကျင်းပပြုလုပ်မည့် (၁၂) ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲသို့ အားကစားနည်း ၁၄ မျိုးအနက်မှ အားကစားနည်း ရှစ်မျိုးဖြစ်သော ပြေးခုန်ပစ်၊ ရေကူး၊ ဘောလုံး၊ ဘော်လီဘော၊ မျက်မမြင်ဂိုးလ်ဘော၊ အလေးမ၊ စားပွဲတင်တင်းနစ်နှင့် မျက်မမြင် စစ်တုရင်ကစားနည်းတို့ကို ပါဝင်ယှဉ်ပြိုင်ကြမည့် ကစားနည်းအလိုက်မှ မသန်စွမ်း အားကစားသမား များကို မြန်မာနိုင်ငံ မသန်စွမ်းသူများအားကစား အဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုး က တွေ့ဆုံအမှာစကား ပြောကြားသည်။
ထိုသို့ တွေ့ဆုံအမှာစကား ပြောကြားရာတွင် အားကစားနည်းအလိုက်မှ မသန်စွမ်း အားကစား သမားများကို ကျန်းမာရေးဂရုစိုက်ရန်နှင့် ပါဝင် ယှဉ်ပြိုင်သွားမည့်အခြေအနေများ၊ ကစားသမားများ ၏ လေ့ကျင့်ထားသည့် ကောင်းမွန်သော လက်ရှိ သတ်မှတ်စံချိန်များကို ထိန်းသိမ်းကာ အောင်မြင်စွာ ပါဝင်ယှဉ်ပြိုင်သွားစေလိုကြောင်း၊ နိုင်ငံတော်အကြီး အကဲကလည်း အားကစားကို အထူးအားပေး ချီးမြှောက်ပေးနေသောကြောင့် ကစားသမားများ အနေဖြင့် မိမိနိုင်ငံ့ဂုဏ်ကို မြှင့်တင်နိုင်အောင် အစွမ်းကုန် အားသွန်ခွန်စိုက် ကြိုးစားလုပ်ဆောင်စေ လိုကြောင်း ပြောကြား၍ အားကစားသမား တစ်ဦး ချင်းစီအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်