ရခိုင်ပြည်နယ်အတွင်းရှိ သဘာဝဘေးဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများ တပ်မတော်(လေ)မှ လေယာဉ်များဖြင့် ဆက်လက်ပို့ဆောင်

 

နေပြည်တော်   မေ    ၃၀
တပ်မတော်အနေဖြင့်    သဘာဝ ဘေးဒဏ်သင့်ဒေသများသို့ ကူညီ ကယ်ဆယ်ရေးအဖွဲ့များအား စုဖွဲ့ စေလွှတ်၍    လိုအပ်သည့်    ကူညီ ကယ်ဆယ်ရေး   လုပ်ငန်းများကို ဆောင်ရွက်      ပေးလျက်ရှိသည့် အပြင် တပ်မတော် (ကြည်း၊ ရေ၊ လေ)  မိသားစုများ၊  စေတနာရှင် အလှူရှင်များက    လှူဒါန်းသည့် စားသောက်ဖွယ်ရာများ၊     ကူညီ ထောက်ပံ့ရေးပစ္စည်းများ၊ အမျိုး သား    သဘာဝဘေးအန္တရာယ် ဆိုင်ရာ   စီမံခန့်ခွဲမှုကော်မတီက  ထောက်ပံ့ပေးအပ်သည့်    ပစ္စည်း များကိုလည်း           တပ်မတော် လေယာဉ်၊        ရဟတ်ယာဉ်များ၊ ရေယာဉ်များဖြင့် ကူညီပို့ဆောင် ပေးလျက်ရှိသည်။
ထိုသို့ ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် တပ်မတော် (ကြည်း၊ ရေ၊  လေ)   မိသားစုများ၊   ဌာန ဆိုင်ရာဝန်ထမ်းများနှင့် စေတနာ ရှင်    အလှူရှင်များက   လှူဒါန်း သည့် လျှပ်စစ်ပစ္စည်းများ၊ ရေသန့် စက်များ၊      အဝတ်အထည်များ နှင့်      လူသုံးကုန်ပစ္စည်းများကို      တင်ဆောင်၍      နေပြည်တော် လေဆိပ်မှ    စစ်တွေလေဆိပ်သို့ တပ်မတော်             လေယာဉ်ဖြင့် တစ်ကြိမ် ပို့ဆောင်ပေးခဲ့သည်။ 
အလားတူ       သဘာဝဘေး ဒဏ်သင့်ဒေသများတွင်        ကူညီ ကယ်ဆယ်ရေး       လုပ်ငန်းများ  ဆောင်ရွက်ပေးနိုင်ရေး   အတွက်  ပြန်လည်  ထူထောင်ရေးလုပ်ငန်း များတွင် ကူညီဆောင်ရွက်ပေး ကြမည့်      တပ်မတော်သားများ၊ မြန်မာနိုင်ငံ         ရဲတပ်ဖွဲ့ဝင်များ၊ သဘာဝ   ဘေးအန္တရာယ်ဆိုင်ရာ ကူညီကယ်ဆယ်ရေး    အဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဆေး ပစ္စည်းများ၊       ဆက်သွယ်ရေး ဆက်စပ်ပစ္စည်းများ၊   ကော်ဇော လိပ်များ၊ မိုးကာလိပ်များ၊ မီးစက် များ၊    ပြန်လည်တည်ဆောက် ရေးဆိုင်ရာ   ပစ္စည်းများ၊  အသုံး အဆောင်ပစ္စည်းများနှင့်      စား သောက်ဖွယ်ရာများကို တင်ဆောင် ၍     ရန်ကုန်မြို့ရှိ      မင်္ဂလာဒုံ လေဆိပ်မှ   စစ်တွေလေဆိပ်သို့ တပ်မတော်          လေယာဉ်ဖြင့် နှစ်ကြိမ် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ 
အဆိုပါ တပ်မတော်လေယာဉ် များဖြင့်     ပို့ဆောင်ပေးလျက်ရှိ သော   ပစ္စည်းများကို   တာဝန်ရှိ သူများက   လက်ခံရယူပေးကြ ကြောင်းနှင့်    မုန်တိုင်းဒဏ်သင့် ပြည်သူများထံသို့       ဆက်လက် ဖြန့်ဝေသွားမည်     ဖြစ်ကြောင်း သတင်းရရှိသည်။  
သတင်းစဉ်