
နေပြည်တော် မေ ၃၀
ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ဖြတ်သန်းတိုက်ခတ်မှု ကြောင့် ထိခိုက် ပျက်စီးဆုံးရှုံးမှု များဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ် အတွင်းရှိ မုန်တိုင်းဒဏ်သင့် ပြည်သူများအား လိုအပ်သော ပစ္စည်းများ ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးနိုင်ရန် ယနေ့တွင် တပ်မတော် (ရေ) မှ ၂၉ မီတာ ကမ်းထိုး ရေယာဉ်တစ်စီးသည် ဆန်အိတ် ၁၀၀၀ စုစုပေါင်း ကုန်တန်ချိန် တန် ၅၀ တို့ကို မင်းဂံကမ်းထိုးရပ်၌ တင်ဆောင်၍ ဘူးသီးတောင်သို့လည်းကောင်း၊ ၅၆ မီတာ ကမ်းထိုးရေယာဉ်တစ်စီး သည် သစ်ချောင်း ၁,၀၀၃ ချောင်း စုစုပေါင်းကုန်တန်ချိန် ၁၀ ဒသမ ၀၇ တန်တို့အား တောင်ကုတ် ကမ်းထိုးရပ်၌ တင်ဆောင်၍ စစ်တွေမြို့သို့ လည်းကောင်း ပို့ဆောင်ရန် ထွက်ခွာခဲ့ကြသည်။
ထို့အတူ ရန်ကုန်တိုင်းဒေသ ကြီး ဗိုလ်တထောင်ခရိုင် ဗိုလ် တထောင်မြို့နယ် ဗိုလ်အောင် ကျော်ဆိပ်ကမ်းတွင် ဆိုက်ကပ် ထားသော သူရိယစန္ဒာဝင်းကုမ္ပဏီ ပိုင် အလျား ၂၄၅ ပေ၊ အနံ ၆၄ ပေ၊ ရေစူး ၁၂ ပေ စုစုပေါင်း မတ် ထရစ်တန် ၃၅၀၀ တင်ဆောင်နိုင် သည့် MV-Charities ရေယာဉ် သည် ရခိုင်ပြည်နယ်လေဘေးသင့် ပြည်သူများအတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုဝင် များ၊ ဝန်ကြီးဌာနများ၊ ဌာနဆိုင်ရာ များနှင့် စေတနာရှင် အလှူရှင် များမှ လှူဒါန်းပေးပို့သည့် ပြန်လည် ထူထောင်ရေးပစ္စည်း များ၊ စားသောက်ဖွယ်ရာများ၊ အဝတ်အထည်များ၊ လူသုံးကုန် ပစ္စည်းများနှင့် လုပ်ငန်းသုံးပစ္စည်း များ စုစုပေါင်းကုန်တန်ချိန် ၂၅၁၁ တန်အား ရန်ကုန်မြို့ ဗိုလ်အောင် ကျော်တံတား၌ တင်ဆောင်၍ စစ်တွေမြို့သို့ ပို့ဆောင်ရန် ထွက်ခွာသွားခဲ့သည်။
အဆိုပါ စစ်ရေယာဉ်များနှင့် သူရိယစန္ဒာဝင်းကုမ္ပဏီပိုင် MV-Charities ရေယာဉ်တို့ဖြင့် သယ်ဆောင်လာသည့် ထောက်ပံ့ ရေးနှင့် ကယ်ဆယ်ရေးပစ္စည်း များအား တာဝန်ရှိသူများထံသို့ စနစ်တကျ လွှဲပြောင်းပေးအပ်၍ မုန်တိုင်းဒဏ်သင့် ပြည်သူများ ထံသို့ အမြန်ဆုံးဖြန့်ဝေပေးသွား မည်ဖြစ်ကြောင်း သတင်းရရှိ သည်။ သတင်းစဉ်