အခြေခံလေကြောင်းလူငယ်သင်တန်း(အကြီးတန်းအဆင့်) အမှတ်စဉ်(၁/၂၀၂၃)နှင့် အခြေခံလေကြောင်းလူငယ်သင်တန်း (အငယ်တန်းအဆင့်) အမှတ်စဉ်(၁/၂၀၂၃) မှ သင်တန်းသားများအား မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံ

 

နေပြည်တော်   မေ   ၂၅
ရန်ကုန်တိုင်းဒေသကြီးသို့လေ့လာ ရေးခရီး      ရောက်ရှိနေသော    အခြေခံလေကြောင်း    လူငယ် သင်တန်း  (အကြီးတန်းအဆင့်)  အမှတ်စဉ်  (၁/၂၀၂၃)  နှင့် အခြေခံ လေကြောင်းလူငယ်    သင်တန်း (အငယ်တန်းအဆင့်)  အမှတ်စဉ် (၁/၂၀၂၃)တို့မှ   သင်တန်းသား သင်တန်းသူများအား  သင်တန်း ကာလနှင့်  လေ့လာရေးခရီးစဉ် များ ပြီးမြောက်၍ တပ်မတော် လေယာဉ်/  မော်တော်ယာဉ်များ ဖြင့်       သက်ဆိုင်ရာ        မြို့နယ် အသီးသီးရှိ    သင်တန်းစခန်းများ သို့      ပြန်လည်ရောက်ရှိကြရာ   တိုင်းဒေသကြီးနှင့်    ပြည်နယ်များ မှ   ဝန်ကြီးချုပ်များ၊  တိုင်းစစ်ဌာန ချုပ်များမှ     တိုင်းမှူးများနှင့် တာဝန်ရှိသူများက      ကြိုဆို နှုတ်ဆက်ကြသည်။
ထို့နောက်      သက်ဆိုင်ရာ သင်တန်းစခန်း      အသီးသီးရှိ တာဝန်ရှိသူများက သင်တန်းသား သင်တန်းသူများအား       မိဘ အုပ်ထိန်းသူများထံ    စနစ်တကျ ပြန်လည်   အပ်နှံခဲ့ကြကြောင်း သတင်းရရှိသည်။      သတင်းစဉ်