မိုခါမုန်တိုင်းကြောင့် ဂွမြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဗိုလ်ချုပ်စိုးနိုင်ဦး၊ ဗိုလ်မှူးချုပ် ကျော်ကျော်သန်း ဦးစီးသောအဖွဲ့က ဆန်၊ ဆီနှင့်သွပ်များထောက်ပံ့

 

ဂွ   မေ   ၂၀
ရခိုင်ပြည်နယ်၌          အလွန် အားကောင်းသော    မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့်      ဂွမြို့နယ် အတွင်း     ပြန်လည်ထူထောင်ရေး လုပ်ငန်းများ    ဆောင်ရွက်နိုင်ရန်   ဗိုလ်ချုပ်စိုးနိုင်ဦး၊     ဗိုလ်မှူးချုပ် ကျော်ကျော်သန်း  ဦးစီးသောအဖွဲ့ က       ယနေ့     နံနက် ၉ နာရီက ကျိန္တလီမြို့   ကျောက်ခေါင်းကွင်း ကျေးရွာရှိ အ.မ.က ကျောင်းအား သွပ်များ   ထောက်ပံ့ခဲ့ပြီး နံနက် ၁၀နာရီ မိနစ် ၅၀ တွင် ဂွမြို့ ရွှေဦး ကွင်းကျေးရွာရှိ   ဘုန်းတော်ကြီး ကျောင်းသုံးကျောင်းအတွက်  ဆန် နှင့် ဆီများ ထောက်ပံ့ပေးအပ်မှုများ ပြုလုပ်ခဲ့ကြသည်။
ထိုသို့  ထောက်ပံ့ပေးအပ်ရာ တွင် ဗိုလ်ချုပ်စိုးနိုင်ဦး၊ အနောက် ပိုင်းတိုင်း  စစ်ဌာနချုပ်မှ  ဗိုလ်မှူး ချုပ်  ကျော်ကျော်သန်း၊  ခရိုင်စီမံ  အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးမျိုးချစ် နှင့်   အဖွဲ့ဝင်များ၊   မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးဇာနည် ကျော်နှင့်   အဖွဲ့ဝင်များက စေတီ ကွင်းကျေးရွာအုပ်စု   ကျောက် ခေါင်းကွင်းကျေးရွာ   အ.မ.က ကျောင်း၌        မိုခါမုန်တိုင်း တိုက်ခတ်စဉ်က   ပျက်စီးသွားခဲ့ သည့်     အမိုးများအတွက်   သွပ်  (၇’ x ၃’) (၁၈၅) ချပ်ကို  လည်း ကောင်း၊   ရွှေဦးကွင်းကျေးရွာသို့  ရောက်ရှိပြီး  ကျေးရွာရှိ သရက် တောကျောင်းတိုက်မှ ဆရာတော် ဉူးအာရစ္စအား ဖူးမြော်ကြည်ညို ခဲ့ကြပြီး  ဘုန်းတော်ကြီးကျောင်း သုံးကျောင်းအတွက် ဆန်သုံးအိတ် နှင့် ဆီ   ၁၀ ပိဿာ ကိုလည်း ကောင်း  သက်ဆိုင်ရာတာဝန်ရှိသူ များထံ    ထောက်ပံ့ပေးအပ်ကြ   ကြောင်းနှင့် ရွှေဦးကွင်းကျေးရွာ အတွင်း    ပြန်လည်ပြင်ဆင်ရေး  လုပ်ငန်းများဆောင်ရွက်နေမှုများ ကို   ကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။      ရွှေရည်ဝင်းကျော်