တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မုန်တိုင်းဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် စေတနာရှင်၊ အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်း

 

နေပြည်တော်   မေ  ၁၉


ဘင်္ဂလားပင်လယ်အော်တွင် ဖြစ် ပေါ်ခဲ့သည့်  ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA)  တိုက်ခတ်မှု ကြောင့် မုန်တိုင်းဒဏ်သင့်ဒေသ များ၌    ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း များ ဆောင်ရွက်နိုင်ရန်အတွက် အလှူငွေများ   ပေးအပ်လှူဒါန်း ခြင်းကို ယနေ့  နံနက်ပိုင်းတွင် မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊    အရှေ့ တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်  စိုးမင်း၊   ပြည်နယ် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန် ရှိသူများ၊  လူမှုရေးအဖွဲ့အစည်း များ၊ ပရဟိတအဖွဲ့များ၊ အလှူရှင် များနှင့်   ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 


ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် က အမှာစကားပြောကြားသည်။ ထို့နောက်     အလှူရှင်များက လှူဒါန်းငွေကျပ်  ၃၄၀၀၇၂၁၅၀ အပါအဝင် ဆန်၊ ဆား၊ ခေါက်ဆွဲ ခြောက်၊  ကြက်ဥ၊  ရေသန့်ဘူးနှင့်  ထောက်ပံ့ပစ္စည်းများအားပေးအပ် လှူဒါန်းရာ   ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက    လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်း လွှာများ    ပြန်လည်ပေးအပ်ခဲ့ ကြောင်း သိရသည်။   


သတင်းစဉ်