
သဘာဝဘေးဒဏ် အန်တုကျော်လွှား ပြည်တွင်းအား
b အလွန်အမင်း၊ အင်အားပြင်းသည့်
လေပြင်းဆိုင်ကလုန်း မုန်တိုင်း မိုခါ
သဘာဝဘေးရန်၊ ကျရောက်ဒဏ်ကြောင့်
ဘေးခံသင့်ဒေသ
ပျက်စီးကြ၊ ဆုံးရှုံးကြ
အနေအစားပျက်ကြ၊ ဘေးဒုက္ခတို့
ကျရောက်ခဲ့ရသည်တကား။
b တစ်ခါသေဖူး၊ ပျဉ်ဖိုးနားလည်
အသိကြွယ်လျက်၊ ဘယ်ခါထပ်မံ
နာဂစ်ဒဏ်လို
လူ့ခန္ဓာလူ့အသက်၊ မကျေပျက်ရန်
အပျက်အစီး၊ လွန်မကြီးရန်
ကြိုပြီးပြင်ဆင်၊ ကြိုတင်မြော်တွေး
အရေးရေးကို
မနှေးလုပ်ဆောင်ခဲ့သည်တကား။
b လေပြင်းမုန်တိုင်း၊ ကဆုန်စိုင်းစဉ်
တံတိုင်းပီပီ၊ ကာကွယ်ညီကြ
သွေးချင်းပီပီ၊ စောင့်ရှောက်ညီကြ
မိသားစုပီပီ၊ ဖေးကူညီကြ
ညီသည့်အင်အား၊ စွမ်းပကားဖြင့်
ကျော်လွှားရင်ဆိုင်ခဲ့သည်တကား။
b မုန်တိုင်းအပြီး၊ ရှေ့ခရီးဝယ်
အကျည်းတန်နေ၊ ဘေးဒဏ်တွေနှင့်
လေဒဏ် မိုးဒဏ်၊ ဒုက္ခခံပြည်သူ
ဖေးကူညီမှု၊ အစုစုတွက်
လူထုအလွှာ၊ စုံလင်စွာလျှင်
ကျရာ ဝန်တာ၊ ပေးလာ တာဝန်
စေတနာမွန်ဖြင့်
အားသွန်ဆောင်ကြိုး၊ ထမ်းသယ်ပိုးသည်
ဆွေမျိုးသားချင်း ပီတကား။
b ပြည့်အင်အားသည် ပြည်တွင်းမှာတည့်
ပြည်၏အင်အား ပြည်သူများတည့်
အားများပေါင်းစု၊ ညီညွတ်မှုဖြင့်
ယခုရင်ဆိုင်၊ မုန်တိုင်းဒဏ်အပြင်
ရှေ့လျှင် တွေ့ကြုံ၊ ခက်ခဲတုံလည်း
တူစုံရင်ဆိုင်၊ အန်တုပြိုင်မည်
နိုင်ငံ မြန်မာ တည်မှုအတွက်။
ပြည်သူ မြန်မာ လူထုအတွက်။ ။
မျိုးမြတ်မြတ်မြင့်မောင်