
နေပြည်တော် မေ ၁၉
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင် ရန် ရည်ရွယ်သည့် အသိပညာ မျှဝေရေးအစီအစဉ် (Knowledge Sharing Programme - KSP) သောကြာနေ့ စကားဝိုင်း၏ အမှတ်စဉ် (၁၃) ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာနရုံး အမှတ်(၁) ၌ ကျင်းပသည်။
မြန်ဆန်စွာမျှဝေစေရေး
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ဤအစီ အစဉ်၏ ဆွေးနွေးချက်များဖြစ် သော ဝန်ထမ်းများအကြား ထိတွေ့ ဆက်နွှယ်ပေးနိုင်ရေး၊ လုပ်ငန်းတွင် ကြုံတွေ့နေရသည့် အခက်အခဲများကို ဖြေရှင်းရေး၊ အသိပညာဖြန့်ဝေမှု တိုးတက် မြင့်မားလာစေရေး၊ တစ်ဦး၏ အသိပညာ ဗဟုသုတများကို တစ်ဦးမှတစ်ဦး မြန်ဆန်စွာ မျှဝေရရှိစေရေး၊ ဝန်ထမ်းများ၏ ဖန်တီးနိုင်စွမ်းနှင့် အသိပညာ တိုးတက်မှုကို လှုံ့ဆော်အားပေး နိုင်ရေး၊ လုပ်ငန်းဆောင်ရွက်ရာ တွင် ပိုမိုကောင်းမွန်သည့် ဆောင်ရွက်မှု နည်းလမ်းများ ကို သိမြင်ရရှိစေရေးတို့ အပြင် အွန်လိုင်းစနစ်ဖြင့်ပါ ကျင်းပပေးနိုင်မှုကြောင့် ဝေးလံ ဒေသမှ ဝန်ထမ်းများပါ ပါဝင် နိုင်သော အခွင့်အရေးရရှိစေ သည့် အသိပညာမျှဝေခြင်း အစီအစဉ်များ ပြုလုပ်ပေးနေခြင်း ဖြစ်ပါကြောင်း။
ပူပေါင်းဆောင်ရွက်
အစီအစဉ်၏ အကျိုးရလဒ် အဖြစ် ယခုလို ထိတွေ့မှုများမှ လိုအပ်ချက်များကို ဖော်ထုတ်လာ နိုင်၍ ထိရောက်ကောင်းမွန်သောနည်းလမ်းများ ရရှိခြင်းဖြင့် မိမိတို့ ဝန်ကြီးဌာနအတွင်း အစဉ်လေ့လာ သင်ယူနေသည့် အသိုင်းအဝိုင်း တစ်ရပ် (Learning Environment Community) ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ပေါင်းကူးတံတား သဖွယ် ရည်ရွယ်ကျင်းပပေးခြင်း ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန အောက်တွင် တာဝန်ယူလုပ်ကိုင် ဆောင်ရွက်နေကြသော ဝန်ထမ်း များအနေဖြင့် ဦးစီးဌာနအချင်းချင်း လုပ်ငန်း တာဝန်များတွင် ဆက်နွှယ်မှုရှိသော လုပ်ငန်းများ ကို ပိုမိုထိရောက်စွာ ပူပေါင်း ဆောင်ရွက် စေလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှု နှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီး ဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာ အောင်က “အသေးစား၊ အငယ်စား နှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSME)များနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများဆက်စပ်မှု” ခေါင်းစဉ် ဖြင့် အသေးစိတ်ဆွေးနွေး ပြောကြားသည်။
ထို့နောက် တက်ရောက်လာ ကြသူများက ပြန်လည်မေးမြန်းဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြ သည်။ အခမ်းအနားသို့ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ အဆင့် မြင့်အရာရှိများနှင့် အရာထမ်း၊ အမှုထမ်းများ Online အပါအဝင် စုစုပေါင်း ဝန်ထမ်းအင်အား ၁၀၀ ကျော် တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်