နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းသင့်မြို့နယ်များတွင် ပြန်လည်ထူထောင်ရေးဆောင်ရွက်ကြမည့် တပ်မတော်အရာရှိကြီးများအား တွေ့ဆုံမှာကြား

 

စစ်တွေ     မေ     ၁၉


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်    ဒုတိယဝန်ကြီးချုပ်နှင့်            ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည်  ရခိုင်ပြည်နယ်အတွင်း    မုန်တိုင်း ဒဏ်ကြောင့်  ပျက်စီးမှုများကို   မြို့နယ်အလိုက်  ပြန်လည်ထူထောင်ရေး လုပ်ငန်းများ၌  ဝိုင်းဝန်းကြီးကြပ် ကူညီဆောင်ရွက်ကြမည့် တပ်မတော် အရာရှိကြီးများအား  ယနေ့မွန်းလွဲပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဧည့်ရိပ်သာ၌ တွေ့ဆုံ၍ လိုအပ်သည်များ  မှာကြားသည်။

 


တွေ့ဆုံပွဲသို့       နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး         ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်း နောင်၊      ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်     တပ်မတော် အရာရှိကြီးများ     တက်ရောက်ကြ သည်။

 


တွေ့ဆုံပွဲတွင်  ဗိုလ်ချုပ်ကြီး  တင်အောင်စန်းက  တပ်မတော် အရာရှိကြီးများအနေဖြင့်  တာဝန် ကျရာ   မြို့နယ်များသို့ရောက်ရှိ ပါက       မုန်တိုင်းဒဏ်ကြောင့် ပျက်စီးမှုများအား   ဦးစားပေး ရှင်းလင်းပြီး  လျှပ်စစ်မီးရရှိရေး၊ ဆက်သွယ်မှု    ကောင်းမွန်ရေး၊ သောက်ရေသန့်ရရှိရေး၊ အခြေခံ ပညာကျောင်းများကို ကျောင်းဖွင့် ချိန်အမီ ပြုပြင်ပေးနိုင်ရေး၊ ဆေးရုံ များ၊ ဘုန်းတော်ကြီးကျောင်းများ ကို    ဦးစားပေးပြုပြင်နိုင်ရေး၊ နိုင်ငံတော်မှ ပေးပို့နေသည့် ရိက္ခာ၊ ဆေးဝါးနှင့်     ဆေးပစ္စည်းများ၊ ဆောက်လုပ်ရေး  ပစ္စည်းများကို   မုန်တိုင်းဒဏ်ခံခဲ့ရသော   ပြည်သူ များထံသို့  စနစ်တကျနှင့်   မြန်မြန် ဆန်ဆန်  ဖြန့်ဝေထောက်ပံ့ရေး၊  စာရင်းဇယားများ မှန်ကန်မှုရှိစေ ရေး  ကြီးကြပ်ဆောင်ရွက်ပေးရန် နှင့်   အခြားအရေးတကြီးဆောင် ရွက်ပေးရန်များ    ရှိပါကလည်း အချိန်နှင့်တစ်ပြေးညီ တင်ပြကြ ရန် မှာကြားသည်။

 


ထို့နောက်    ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး ထွန်းထွန်း နောင်နှင့်  ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့က   မြို့နယ်အလိုက်  ကြီးကြပ်     ဆောင်ရွက်ကြမည့်   တပ်မတော်အရာရှိကြီးများအနေ ဖြင့် သက်ဆိုင်ရာ ခရိုင်၊  မြို့နယ် စီမံအုပ်ချုပ်ရေး         အဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းကာ   ပြန်လည် ထူထောင်ရေး၊        စားရေရိက္ခာ ထောက်ပံ့ရေးများကို    ဝိုင်းဝန်း ပူးပေါင်း  ဆောင်ရွက်ပေးကြရန် ဖြည့်စွက်မှာကြားသည်။

 


အဆိုပါ     မြို့နယ်အလိုက် ပြန်လည်ထူထောင်ရေး    လုပ်ငန်း များ၌   ဝိုင်းဝန်းကြီးကြပ်    ကူညီ ဆောင်ရွက်ကြမည့်  တပ်မတော် အရာရှိကြီးများအား မွန်းလွဲပိုင်းက  ရဟတ်ယာဉ်များဖြင့် တာဝန်ကျရာ      မြို့နယ်များသို့ စတင်ပို့ဆောင်ပေး    လျက်ရှိကြောင်း     သတင်းရရှိ သည်။      

တင်ထွန်း(ပြန်/ဆက်)