ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း မိုခါမုန်တိုင်း ကျရောက်ခဲ့သည့် ဒေသများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

 

နေပြည်တော်  မေ  ၁၉


ကျန်းမာရေးဝန်ကြီးဌာန     ပြည်ထောင်စုဝန်ကြီး ဒေါက်တာ  သက်ခိုင်ဝင်းသည်  ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး၊  ရခိုင်ပြည်နယ်   ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊  တာဝန်ရှိသူ များနှင့်အတူ ယနေ့ နံနက်ပိုင်းက စစ်တွေမြို့ အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရုံးဝင်းအတွင်း မိုခါမုန်တိုင်းဒဏ်သင့်  အဆောက်အအုံများ ထိခိုက်ပျက်စီးမှုနှင့်        ပြန်လည်ပြင်ဆင်ရန်နှင့် ပြန်လည်ဖြည့်ဆည်းပေးရန်   လိုအပ်သည်များကို ကြည့်ရှုစစ်ဆေးပြီး  တာဝန်ရှိသူများအား  လိုအပ် သည်များ မှာကြားသည်။ 

 


မွန်းလွဲပိုင်းတွင်    ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ကျင်းပသည့် မိုခါမုန်တိုင်းကျရောက်ခဲ့ သည့် ဒေသများအတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။ 


အစည်းအဝေးတွင် မိုခါမုန်တိုင်းဒဏ်သင့် ဒေသ များဖြစ်သည့်    ရခိုင်ပြည်နယ်   မြို့နယ်တစ်ခုချင်း အလိုက်ကျန်းမာရေးကဏ္ဍဆိုင်ရာမှ ကြိုတင်ပြင်ဆင် ခဲ့မှုများ၊ မုန်တိုင်းကျရောက်ပြီးနောက် လက်ရှိဆောင် ရွက်နေသည့်လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက် ရန် လိုအပ်သည့် လုပ်ငန်းများကို ဆန်းစစ်သုံးသပ်၍ လိုအပ်ချက်များကို အမြန်ဆုံး ဖြည့်ဆည်းရေး၊ ရခိုင် ပြည်နယ်နှင့်        အခြားလေမုန်တိုင်းသင့်ဒေသများ၌ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှု         မရှိစေရေး၊ ရေတွင်းရေကန်များကို   ကလိုရင်းဆေးခတ်ခြင်း၊ ရေသန့်စင်ဆေးပြားများ  ဖြန့်ဝေခြင်း၊  လိုအပ်သည့် ဆေးနှင့်   ဆေးပစ္စည်းများ  ပို့ဆောင်ခြင်းများကို ဆောင်ရွက်ရာတွင် ကျေးလက်ဒေသအထိရောက်ရှိ ရေးနှင့် လိုအပ်ချက်များရှိပါက အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက်ရေး၊          ကူးစက်ရောဂါများ ဖြစ်ပွားမှုရှိပါက အမြန်ဆုံးတုံ့ပြန်နိုင်ရေး၊   RRT (Rapid Response Team)များနှင့်  ဆေးအဖွဲ့များ ကို လိုအပ်သလို ထပ်မံစေလွှတ်နိုင်ရေးနှင့် တာဝန် ပြီးဆုံးသည့်   အဖွဲ့များနေရာတွင်   အခြားအဖွဲ့များ အစားထိုးစေလွှတ်နိုင်ရေးတို့နှင့်        စပ်လျဉ်း၍ ဆွေးနွေးသည်။

 

 
ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန် ရှိသူက ကျေးလက်ကျန်းမာရေးဌာနနှင့် ကျေးလက် ကျန်းမာရေးဌာနခွဲများ၊ ဆေးခန်းများ ပျက်စီးဆုံးရှုံးမှု၊ ကုသရေးဦးစီးဌာန တာဝန်ရှိသူက စစ်တွေပြည်သူ့ ဆေးရုံကြီး၊  ခရိုင်အဆင့်ဆေးရုံ၊  မြို့နယ်ဆေးရုံနှင့် တိုက်နယ်ဆေးရုံများ  ပျက်စီးဆုံးရှုံးမှု၊  ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန  တာဝန်ရှိသူက  သူနာပြု/သားဖွား သင်တန်းကျောင်းများ ပျက်စီးဆုံး ရှုံးမှု၊   တိုင်းရင်းဆေးပညာဦးစီးဌာနနှင့်    အစား အသောက်နှင့်  ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာဦးစီးဌာနအလိုက်အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုများကို ရှင်းလင်း တင်ပြကြရာ  ပြည်ထောင်စုဝန်ကြီးက  ပျက်စီးသွား သည့် ကျန်းမာရေးအဆောက်အအုံများကို ဦးစီးဌာန အလိုက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် သာမန်အသုံး စရိတ် ခေါင်းစဉ်အောက်ရှိ ပြင်ဆင်ထိန်းသိမ်းစရိတ် ရန်ပုံငွေများကို  အသုံးပြု၍  ထိရောက်အကျိုးရှိစွာ ပြင်ဆင်နိုင်ရေးနှင့်  ပြန်လည်ပြင်ဆင်ရေးလုပ်ငန်း များဆောင်ရွက်ရာတွင် ရေတို၊ ရေရှည်ဆောင်ရွက်ရ မည့်လုပ်ငန်းများအလိုက် ဆွေးနွေးဖြည့်ဆည်းပေး သည်။ 

 


အစည်းအဝေးသို့   ဒုတိယဝန်ကြီး  ဒေါက်တာ အေးထွန်း၊   ညွှန်ကြားရေးမှူးချုပ်များ၊    ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့်      တာဝန်ရှိသူများ တက်ရောက်ကြောင်း သိရသည်။          

 

သတင်းစဉ်