
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)
ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)ကျရောက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့်
ကျောက်တော်မြို့နှင့် ရသေ့တောင်မြို့များသို့ သွားရောက်၍ ဒေသခံတိုင်းရင်းသားပြည်သူများ၊ ဌာနဆိုင်ရာများ၊
တပ်မတော်သားများနှင့် မိသားစုဝင်များအား သီးခြားစီတွေ့ဆုံအားပေးစကားပြောကြား၊ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်
နေပြည်တော် မေ ၁၉
ရခိုင်ပြည်နယ် စစ်တွေမြို့၌ ရောက်ရှိနေသော အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ဇနီးဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူ များလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) ကျရောက်မှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ကျောက်တော်မြို့ နှင့် ရသေ့တောင်မြို့များသို့ သွားရောက်ကြည့်ရှုပြီး ဒေသခံ တိုင်းရင်းသားပြည်သူများ၊ ဌာနဆိုင်ရာများ၊ တပ်မတော်သားများနှင့် မိသားစုဝင်များအား သီးခြားစီ တွေ့ဆုံအားပေးစကားပြောကြားသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)ကျရောက်ခဲ့ရသည့် ကျောက်တော်မြို့နှင့် ရသေ့ တောင်မြို့များသို့သွားရောက်၍ မုန်တိုင်းတိုက်ခတ်မှု ကြောင့် ပျက်စီးဆုံးရှုံးခဲ့မှုအခြေအနေများ၊ ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင် ရေး ဆောင်ရွက်နေမှုအခြေအနေများကို မော်တော် ယာဉ်များဖြင့် လိုက်လံကြည့်ရှုကြသည်။
ထို့နောက် အဆိုပါမြို့များရှိ မုန်တိုင်းသင့် ဒေသခံ တိုင်းရင်းသားပြည်သူများနှင့် ဌာနဆိုင်ရာများအား သက်ဆိုင်ရာခန်းမများတွင် သီးခြားစီတွေ့ဆုံ၍ အားပေးစကားပြောကြားရာတွင် နိုင်ငံတော်ဝန်ကြီး ချုပ် လမ်းညွှန်မှုအရ သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့သည့် ဒေသများ၌ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကိုယ်တိုင်မျက်မြင် တွေ့ရှိနိုင်ရန် ယခုကဲ့သို့ လာရောက်ခြင်းဖြစ်ကြောင်း၊ ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် မိမိမြို့၊ ရပ်ကွက်၊ ကျေးရွာများအား မိမိအသိစိတ်ဓာတ်ဖြင့် ကိုယ်ထူကိုယ်ထ ပြန်လည်ထူထောင်ရေး လုပ်ငန်း များကို ဆောင်ရွက်နေသည်ကို တွေ့ရှိရသည့်အတွက် ဝမ်းသာမိပါကြောင်း၊ ကူညီကယ်ဆယ်ရေးအဖွဲ့များ လာရောက်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း မြို့နေဒေသခံပြည်သူ များနှင့် ဌာနဆိုင်ရာများအနေဖြင့် မိမိ မြို့/ရွာ သန့်ရှင်းသာယာလှပရေးအတွက် အင်တိုက်အားတိုက် ဝိုင်းဝန်းစုပေါင်း ဆောင်ရွက်ပေးရန်လိုကြောင်း။
စာသင်ကျောင်းများ အမြန်ဆုံးပြုပြင်ရန်လို
မကြာမီ ဇွန်လ ၁ ရက်တွင် တက္ကသိုလ်များနှင့် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်တော့ မည်ဖြစ်သဖြင့် ကျောင်းသား၊ ကျောင်းသူများ အမိုးအကာအောက် လုံလုံခြုံခြုံဖြင့် စိတ်အေးချမ်း သာစွာ ပညာသင်ကြားနိုင်ရန်အတွက် မုန်တိုင်း ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စာသင်ကျောင်းများ အား အမြန်ဆုံးပြန်လည်ပြုပြင်ရန်လိုကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ကျောင်းသား၊ ကျောင်းသူ တက်ရောက်မှုအများဆုံးဖြစ်သည့် အထက်တန်း ကျောင်းများအား ဦးစားပေးအဖြစ် အမြန်ဆုံးပြုပြင် ဆောင်ရွက်ပေးရန်လိုကြောင်း၊ အလားတူ မြို့နယ် ဆေးရုံကြီး (ခုတင်-၅၀)ကိုလည်း အမြန်ဆုံး ပြုပြင် ဆောင်ရွက်ရန်လိုကြောင်း။
ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စနစ်တကျ မြန်ဆန်စွာ ဆောင်ရွက်နိုင်ရန် စာရင်းဇယားမြန်ဆန် မှန်ကန်စွာ ကောက်ယူနိုင်ရန် လိုအပ်ကြောင်း၊ ယင်းအတွက် ဌာနဆိုင်ရာအဖွဲ့များအနေဖြင့် မြို့နယ် အလိုက် စနစ်တကျမှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သို့မှသာ လိုအပ် သည့် ကူညီကယ်ဆယ်ရေးပစ္စည်းများကို သက်ဆိုင် ရာတာဝန်ရှိသူများက စနစ်တကျ စီမံခန့်ခွဲ၍ ပို့ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများကို သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများ အဖြစ် ကြေညာချက်များထုတ်ပြန်၍ ယင်းကြေညာ ချက်များပါ ဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်ကြောင်း၊ ယခုမုန်တိုင်းလွန်ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် အမြန်ဆုံး မူလအခြေအနေထက် သာလွန် ကောင်းမွန်စေရေးအတွက် သက်ဆိုင်ရာ မြို့နယ်များ အလိုက် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း ပြောကြားသည်။
အခြေခံစားသောက်ကုန်ပစ္စည်းများ
ထောက်ပံ့ပေးအပ်
ထို့နောက် တက်ရောက်လာကြသည့် မြို့နယ် အလိုက် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မြို့မိ၊ မြို့ဖ များက ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှု ကြောင့် နေအိမ်အဆောက်အဦများ၊ စာသင်ကျောင်း များ၊ ဆေးရုံများနှင့် ဌာနဆိုင်ရာ အဆောက်အဦများ ပျက်စီးဆုံးရှုံးခဲ့မှုအခြေအနေများနှင့် အခြားလိုအပ် သည်များကို ရှင်းလင်းတင်ပြကြရာ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး မုန်တိုင်းသင့် ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအတွက် ဆန်၊ ဆီ၊ ပဲ၊ ငါးပိ စသည့် အခြေခံစားသောက်ကုန် ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ ပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် ရသေ့တောင်မြို့အတွင်း ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လာရောက်ဆောင်ရွက်ပေးနေသည့် ပဲခူးတိုင်းဒေသကြီးမှ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင် များအား ထောက်ပံ့ငွေများ ပေးအပ်သည်။
ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် ခရီးစဉ်အတွင်း ကျောက်တော်နှင့် ရသေ့တောင်တပ်နယ်များသို့ သွားရောက်၍ သဘာဝ ဘေးအန္တရာယ်သင့်ခဲ့သည့် အရာရှိ၊ စစ်သည်၊ မိသားစု ဝင်များအား သီးခြားစီတွေ့ဆုံ အားပေးစကား ပြောကြားပြီး အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၏ တစ်ဦးချင်းတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ပြီး ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်