သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများတွင် တပ်မတော်မှ ကူညီကယ်ဆယ်ရေးအဖွဲ့များက ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော်   မေ   ၁၉


သဘာဝဘေးအန္တရာယ် ကျရောက် ခဲ့ရသည့်   ဒေသများတွင် လိုအပ် သည့်   ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး   လုပ်ငန်း များ  ကူညီဆောင်ရွက်ပေးနိုင်ရေး အတွက် တပ်မတော်မှ   ကြိုတင် စုဖွဲ့စေလွှတ်ထားသည့်     ကူညီ ကယ်ဆယ်ရေး    အဖွဲ့များသည် နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ဝင်များ၊  လူမှုကယ်ဆယ်ရေး   အဖွဲ့များနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီ     ဆောင်ရွက်ပေးလျက်ရှိ သည်။

 


ထိုသို့   ဆောင်ရွက်ပေးလျက် ရှိရာ ယနေ့တွင်လည်း ကျောက်ဖြူ မြို့တွင်    အခြေပြုလျက်ရှိသည့် ကူညီကယ်ဆယ်ရေး    အဖွဲ့များ သည် ကျောက်ဖြူမြို့ ပြင်ဖြူမော် ရပ်ကွက်ရှိ အခြေခံပညာမူလတန်း လွန်ကျောင်း၌    သဘာဝဘေး အန္တရာယ်ကြောင့်  ထိခိုက်ပျက်စီး ခဲ့ရသည်များကို      လိုအပ်သည့် ရှင်းလင်းရေးလုပ်ငန်းများ  ကူညီ ဆောင်ရွက်ပေးခြင်း၊  စားသောက် ဖွယ်ရာများ     လှူဒါန်းပေးခြင်း များကို ဆောင်ရွက်ပေးလျက်ရှိပြီး ယာဉ်အုပ်စုတွင်       ပါဝင်သည့် ဆေးဝန်ထမ်း  တပ်ဖွဲ့ဝင်များက လည်း လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများကို ဆောင်ရွက် ပေးသည်။ 

 


ပုဏ္ဏားကျွန်းမြို့တွင် ရောက်ရှိ  အခြေပြုလျက်ရှိသည့်    ကူညီ ကယ်ဆယ်ရေး    အဖွဲ့များသည် ပုဏ္ဏားကျွန်းမြို့   ပြည်သူ့ဆေးရုံ ရှေ့၌     သဘာဝဘေးအန္တရာယ် ကြောင့်         ပျက်စီးခဲ့မှုများအား   ဝိုင်းဝန်းရှင်းလင်း     ဆောင်ရွက် ပေးခြင်း၊    ကူညီကယ်ဆယ်ရေး ထောက်ပံ့ပစ္စည်းများ    ပေးအပ် ခြင်းနှင့်    လိုအပ်သည့်    ကူညီ ကယ်ဆယ်ရေးနှင့်      ပြန်လည် ထူထောင်ရေး    လုပ်ငန်းများတွင်  ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခြင်း တို့ကို    ဆောင်ရွက်ပေးလျက်ရှိ သည်။    

 


ထို့ပြင်     ကျောက်တော်နှင့် မြောက်ဦးမြို့သို့ ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေး    အဖွဲ့များ သည်လည်း ယနေ့တွင်   လိုအပ် သည့်      ကူညီကယ်ဆယ်ရေး လုပ်ငန်းများ၊  ရေသန့်ယာဉ်၊ ရေ သယ်ယာဉ်များဖြင့်  သောက်သုံး ရေ   အခက်အခဲဖြစ်ပေါ်နေသော နေရာများသို့      ရေပေးဝေခြင်း၊ ကူညီကယ်ဆယ်ရေး ထောက်ပံ့ ပစ္စည်းများ   ပေးအပ်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

 


အလားတူ      ပခုက္ကူမြို့သို့ ရောက်ရှိနေသည့် ကူညီကယ်ဆယ်  ရေးအဖွဲ့များသည်   ယနေ့တွင် ပုဂံ-   ညောင်ဦး  - ပခုက္ကူသွား ကားလမ်းမဘေး   တစ်လျှောက် တွင် မုန်တိုင်းဒဏ်ကြောင့် လဲကျ နေသည့်     သစ်ပင်ကြီးများအား  ရှင်းလင်းပေးပြီး  လမ်းပန်းဆက် သွယ်မှု  လွယ်ကူချောမွေ့အောင် ဆောင်ရွက်ပေးလျက်ရှိသည်။ 

 


ကျန်ရှိသည့်    သဘာဝဘေး အန္တရာယ်    ကူညီကယ်ဆယ်ရေး ယာဉ်အုပ်စုများအနေဖြင့်   ရခိုင် ပြည်နယ် မောင်တော၊   ဘူးသီး တောင်နှင့်   ရသေ့တောင်မြို့တို့၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်  ထူထောင်ရေး      လုပ်ငန်းများ  ဆောင်ရွက်      ပေးနိုင်ရေးအတွက် လမ်းကြောင်းတစ်လျှောက် သစ်ပင် သစ်ကိုင်း  ပိတ်ဆို့လဲကျနေမှုများ အား       ဖယ်ရှားရှင်းလင်းခြင်း၊ မြေပြိုပိတ်ဆို့မှုများအား ရှင်းလင်း ခြင်း၊ ရေလမ်းခရီးဖြင့် သွားလာရ မည့်ဒေသများသို့   သွားလာနိုင်ရေး ရေယာဉ်များပေါ်သို့   ရွှေ့ပြောင်း ခြင်းတို့ကို   ပြုလုပ်၍   အမြန်ဆုံး ရောက်ရှိနိုင်ရေး      ဆက်လက် ချီတက်လျက်ရှိကြောင်း   သိရှိရ သည်။ 

 


ထို့ပြင်   တပ်မတော်အကြီး အကဲ၏     လမ်းညွှန်မှုများအရ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ဆေးဝန်ထမ်းတပ်ဖွဲ့   ညွှန်ကြား ရေးမှူးရုံး      ကွပ်ကဲမှုအောက်မှ ဆေးတပ်ဖွဲ့ဝင်များဖြင့်   ဖွဲ့စည်း ထားသည့်   အထူးဆေးကုသရေး အဖွဲ့သည်    မေ ၁၆ ရက်တွင် စစ်တွေမြို့သို့     ရောက်ရှိခဲ့ပြီး စစ်တွေမြို့  ဆတ်ရိုးကျရပ်ကွက်၌ ယာယီဆေးရုံ ဖွင့်လှစ်၍ နယ်မြေခံ  ကျန်းမာရေး   ဝန်ထမ်းများနှင့်  ပူးပေါင်း၍  ဆေးကုသမှုပေးရန် လိုအပ်သော   သဘာဝဘေးဒဏ် သင့်ပြည်သူများအား  ဆက်လက် ဆောင်ရွက်   ပေးလျက်ရှိကြောင်း  သတင်းရရှိသည်။      

သတင်းစဉ်