မုန်တိုင်းဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အလှူငွေများ လှူဒါန်း

 

နေပြည်တော်    မေ   ၁၈


ဘင်္ဂလားပင်လယ်အော်တွင်  ဖြစ်ပေါ်ခဲ့သည့်  ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA)တိုက်ခတ်မှုကြောင့် မုန်တိုင်းဒဏ်သင့် မြို့နယ်များရှိ ပြည်သူများအား  ကူညီကယ်ဆယ်ရေးနှင့်   ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့ မွန်းလွဲပိုင်းတွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၊ ရွှေလီဧည့်ခန်းမဆောင်၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့်   တာဝန်ရှိသူများ၊   သဘာဝဘေးအန္တရာယ်ကြီးကြပ်မှု ကော်မတီ  အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် စေတနာရှင်အလှူရှင်များ တက်ရောက် ကြသည်။ 


ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် အလှူရှင် များက အလှူငွေကျပ်သိန်းပေါင်း ၁၂၇၅ သိန်းနှင့် သွပ်အချပ်ရေ ၁၀၀၀ တို့အား ပေးအပ်လှူဒါန်းရာ တိုင်းမှူးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်း လွှာများ  ပြန်လည်ပေးအပ်ကာ  တိုင်းမှူးက   ကျေးဇူးတင်စကား ပြောကြား၍ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သိရသည်။
အလားတူ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး တို့ အတွင်းရှိ မုန်တိုင်းဒဏ်သင့်ဒေသများအား ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အလှူ ငွေများ ပေးအပ်လှူဒါန်း ခြင်းကို ယနေ့ နေ့လယ်ပိုင်းတွင် အရှေ့အလယ် ပိုင်းတိုင်းစစ်ဌာနချုပ် ခရေရိပ်သာ၌  ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၊ အလှူရှင်များ တက်ရောက်ကြသည်။ 

 


ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် အလှူရှင် များက မုန်တိုင်းဒဏ်သင့်ဒေသများရှိ ပြည်သူများအတွက် အလှူငွေများ ပေးအပ်ရာ တိုင်းမှူးနှင့် တာဝန်ရှိသူများက  လက်ခံရယူပြီး   ဂုဏ်ပြု မှတ်တမ်းလွှာများပြန်လည်ပေးအပ်ကာ တိုင်းမှူးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

 


အလားတူ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ  မုန်တိုင်းဒဏ်သင့်ဒေသများ ၌   ကူညီကယ်ဆယ်ရေးနှင့်   ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက်   အလှူငွေများ   ပေးအပ်လှူဒါန်းခြင်းကို ယနေ့ မွန်းလွဲပိုင်းတွင် တြိဂံဒေသတိုင်း စစ်ဌာနချုပ်၊ ဧကရီခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင် နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ 

 


ဦးစွာ အလှူရှင်တစ်ဦးက လှူဒါန်းရခြင်းအကြောင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် အလှူရှင်များက အလှူငွေကျပ်သိန်း ပေါင်း ၂၆၀၀ ကို ပေးအပ်လှူဒါန်းရာ  တိုင်းမှူးက  လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ  ပြန်လည်ပေးအပ်ကာ တိုင်းမှူးက ကျေးဇူး တင်စကားပြောကြားခဲ့ကြောင်း သိရသည်။        

သတင်းစဉ်