ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် စစ်တွေမြို့ ဘိုးဘွားရိပ်သာ၊ ကလေးပြုစုရေးဌာနနှင့် ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံ သွားရောက်ကြည့်ရှုစစ်ဆေး

 

စစ်တွေ   မေ  ၁၈


ရခိုင်ပြည်နယ်     စစ်တွေမြို့၌ ရောက်ရှိနေသည့်   လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန    ပြည် ထောင်စုဝန်ကြီး      ဒေါက်တာ သက်သက်ခိုင်သည်     ယမန်နေ့ ညနေပိုင်းက စစ်တွေမြို့ ဘိုးဘွား ရိပ်သာသို့    သွားရောက်ပြီး မုန်တိုင်းကြောင့်   ထိခိုက်ပျက်စီး မှု အခြေအနေများကို လှည့်လည် ကြည့်ရှုကာ   ရိပ်သာတွင်နေထိုင် လျက်ရှိသော   ဘိုးဘွားများအား ဂါရဝပြုနှုတ်ဆက်သည်။

 


ထို့နောက်    ဘိုးဘွားများ၏ စားသောက်နေထိုင်မှုအခြေအနေများကို      ကြည့်ရှုစစ်ဆေးပြီး ဘိုးဘွားများနှင့်      တွေ့ဆုံ၍ အားပေးစကား     ပြောကြားကာ ဘိုးဘွားရိပ်သာမွမ်းမံပြင်ဆင်ရေး လုပ်ငန်းများ     ဆောင်ရွက်ရန် ဝန်ကြီးဌာနမှ   ထောက်ပံ့သည့် လှူဒါန်းငွေကျပ်   ၁၀   သိန်းကို ရိပ်သာကြီးကြပ်ရေးမှူးထံ ပေးအပ် သည်။

 


ယင်းနောက်   ပြည်ထောင်စု ဝန်ကြီးသည် စစ်တွေမြို့ ကလေး ပြုစုရေးဌာန၌ ကလေးငယ်များကို တွေ့ဆုံနှုတ်ဆက်    အားပေးကာ မုန့်များဝေငှ၍   ကလေးငယ်များ လတ်တလော စားသောက်နေထိုင် မှု အဆင်ပြေစေရေး ဖြည့်ဆည်း ဆောင်ရွက်ပေးရမည့်အချက်များ ကို တာဝန်ရှိသူများအား မှာကြား သည်။

 


ဆက်လက်၍  ပြည်ထောင်စု ဝန်ကြီးသည်      ပြည်နယ်လူမှု ဝန်ထမ်းရုံးနှင့်      အိမ်တွင်းမှု သက်မွေးလုပ်ငန်း     ပညာသင် ကျောင်း အမိုးလန်ပျက်စီးမှုအခြေ အနေကို    သွားရောက်ကြည့်ရှု စစ်ဆေးပြီး      ဝန်ထမ်းများနှင့် တွေ့ဆုံ နှုတ်ဆက်အားပေးစကား ပြောကြားကာ   လတ်တလော ကာလအတွင်း ဝန်ထမ်းမိသားစု များ      စားသောက်နေထိုင်မှု အဆင်ပြေစေရေး     ဖြည့်ဆည်း ဆောင်ရွက်ပေးမည့် အခြေအနေ များ၊ လုပ်ငန်းများ ပုံမှန်ပြန်လည် လည်ပတ်နိုင်ရေး     အားထုတ် ကြိုးပမ်းရမည့်    အချက်များကို မှာကြားသည်။

 


ထို့နောက်    ပြည်ထောင်စု ဝန်ကြီးသည် မုန်တိုင်းဒဏ်ကြောင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနနှင့် စစ်တွေမြို့ ပြည်နယ် သိုလှောင်ရုံ   ထိခိုက်ပျက်စီးမှု အခြေအနေများကို   သွားရောက် ကြည့်ရှုစစ်ဆေးကာ    ထောက်ပံ့ ရေးပစ္စည်းများ အလေအလွင့်မရှိ စေရေး၊ ပြည်နယ် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ အစီအစဉ်ဖြင့် သတ်မှတ်နေရာများ သို့ အမြန်ဆုံး ဖြန့်ခွဲပို့ဆောင်နိုင် ရေး၊ စာရင်းဇယားများ စနစ်တကျ မှတ်တမ်းတင်ထားရှိရေး  ဆောင် ရွက်ရန် မှာကြားခဲ့ကြောင်း သိရ သည်။                   

သတင်းစဉ်