ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) ကျရောက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများအပေါ် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာအစည်းအဝေးကျင်းပ

 

စစ်တွေ  မေ   ၁၈


အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဇနီးဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများလိုက်ပါ၍ ယနေ့ညနေပိုင်းတွင် စစ်တွေမြို့လေဆိပ်သို့ ရောက်ရှိကြရာ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြိုဆိုကြသည်။    

 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကျရောက်ခဲ့ရသည့် စစ်တွေမြို့တွင်း    ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးဆောင်ရွက်နေမှုအခြေအနေများကို မော်တော်ယာဉ်များဖြင့် လိုက်လံကြည့်ရှု ကြသည်။

 


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ   ဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ်သည်   ပြည်နယ် အစိုးရအဖွဲ့ရုံး၌  ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်း မုန်တိုင်း  (မိုခါ)   ကျရောက်မှုကြောင့် ပျက်စီးဆုံးရှုံးမှု များအပေါ်  ကူညီကယ်ဆယ်ရေးနှင့်   ပြန်လည် ထူထောင်ရေးဆိုင်ရာ အစည်းအဝေးသို့ တက်ရောက် ၍ လိုအပ်သည်များ  လမ်းညွှန်မှာကြားသည်။  

 


အစည်းအဝေးသို့   ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊   ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊  အနောက်ပိုင်းတိုင်းစစ် ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များ တက်ရောက်ကြသည်။ 

 


ရှင်းလင်းတင်ပြ


ဦးစွာ   ပြည်နယ်ဝန်ကြီးချုပ်   ဦးထိန်လင်းက ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့  ဖွဲ့စည်းထားရှိမှု၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး ၌     သဘာဝဘေးအန္တရာယ်ဆိုင်ရာ    အရေးပေါ် အခြေအနေစီမံခန့်ခွဲမှုရုံး ဖွင့်လှစ်ထားရှိမှုနှင့် ခရိုင်နှင့် မြို့နယ်တို့တွင်လည်း ဖွင့်လှစ်ထားရှိမှု၊ သဘာဝဘေး အန္တရာယ်မကျရောက်မီ ကြိုတင်ပြင်ဆင်ခြင်းများ ဆောင်ရွက်ခဲ့မှု၊ ပြည်သူများအတွက် လတ်တလော အုပ်ချုပ်ထောက်ပံ့မှုများ     ဆောင်ရွက်ထားရှိမှု၊ ပြည်နယ်အစိုးရအနေဖြင့် ကယ်ဆယ်ထောက်ပံ့ရေး ပစ္စည်းများ  စုဆောင်းထားရှိမှု၊   မုန်တိုင်းအလွန် ဆက်သွယ်ရေးမပြတ်တောက်စေရေး ဆောင်ရွက်နေ မှု၊ ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင် ရေးကိစ္စရပ်များ    စီမံဆောင်ရွက်မှုကိစ္စရပ်များ ဆောင်ရွက်နိုင်ရန် ဌာနအလိုက် တာဝန်ပေးအပ်ထား မှု၊   ကယ်ဆယ်ရေးပစ္စည်းများနှင့်    ဆေးဝါးများ ရေကြောင်းနှင့်လေကြောင်းများမှ    ရောက်ရှိမှု၊ ကယ်ဆယ်ရေးပစ္စည်းများ စနစ်တကျ ထိန်းသိမ်း၍ ဖြန့်ဝေပေးနေမှု၊      သဘာဝဘေးသင့်ခဲ့ရသည့် နေအိမ်များ  ပြန်လည်ပြုပြင်ဆောင်ရွက်ပေးနေမှု၊ လျှပ်စစ်ဓာတ်အားလိုင်းများ     ပြန်လည်ရရှိရေး ဆောင်ရွက်နေမှု၊ ကျန်းမာရေးအထူးအဖွဲ့များ ဖွဲ့စည်း ၍ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုတို့ကို ရှင်းလင်း တင်ပြသည်။ 

 


ဆက်လက်၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး    ဗိုလ်ချုပ်ကြီး တင်အောင်စန်းက နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန် ချက်များနှင့်အညီ ရခိုင်ပြည်နယ်အတွင်း ကယ်ဆယ်၊ ကူညီထောက်ပံ့ရေး၊ ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ကယ်ဆယ်ကူညီထောက်ပံ့မှုများအား    အချိန်နှင့် တစ်ပြေးညီ  မြန်ဆန်စွာဆောင်ရွက်နေမှု၊  မုန်တိုင်း ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ကျောင်းများ၊ တက္ကသိုလ်များ အမြန်ဆုံး ပြင်ဆင်၍ အချိန်မီဖွင့်လှစ် နိုင်ရန်  ဦးစားပေးအစီအစဉ်အလိုက် ဆောင်ရွက်နေမှု၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ   ဆောင်ရွက်ရာ တွင်   မူလအခြေအနေထက်   ပိုမိုကောင်းမွန်ရန် ဆောင်ရွက်နေမှု၊     မုန်တိုင်းသင့်မြို့နယ်များသို့ သွားရောက်ကြည့်ရှုစစ်ဆေး၍    ပြည်သူများအား လိုအပ်သည်များ   ကူညီထောက်ပံ့ခဲ့မှု၊    ပျက်စီးမှုနှင့် သေဆုံးစာရင်းများအား     အချိန်နှင့်တစ်ပြေးညီ စနစ်တကျ   ကောက်ခံနေမှု၊   မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့်ဆေးရုံများ  အမြန်ဆုံးပြုပြင်နိုင်ရန် ဆောင်ရွက်နေမှု၊ တပ်မတော်ရေယာဉ်၊ လေယာဉ် များဖြင့် ကယ်ဆယ်ရေးပစ္စည်းများ  ရောက်ရှိလာမှုနှင့် လိုအပ်သည့်နေရာများသို့ ဖြန့်ဝေပေးနေမှု၊ ဆန်၊ ဆီ၊ ရိက္ခာ၊ ဆေးဝါးပစ္စည်းများ မုန်တိုင်းဒဏ်သင့်ဒေသ များသို့ ထောက်ပံ့ကူညီဆောင်ရွက်နေမှု၊ လျှပ်စစ်မီး ရရှိစေရန်  စက်ယန္တရားများဖြင့် ဆောင်ရွက်နေမှု၊ မုန်တိုင်းကြောင့်  ပျက်စီးခဲ့သည့်  တာဝါတိုင်များနှင့် ဆက်သွယ်ရေးစခန်းများ       ပြန်လည်ပြုပြင်၍ ဆက်သွယ်ရေးမပြတ်တောက်စေရန် ဆောင်ရွက်နေ မှု၊ သောက်သုံးရေလုံလောက်စွာရရှိစေရေး မိုဘိုင်း ရေသန့်စက်များဖြင့်    ဆောင်ရွက်ပေးနေမှုအခြေ အနေတို့ကို ရှင်းလင်းတင်ပြသည်။ 

 


ယင်းနောက် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့်  ဒုတိယဗိုလ်ချုပ်ကြီး   ထွန်းထွန်းနောင်နှင့် ဦးကိုကိုလှိုင်တို့က  ရခိုင်ပြည်နယ်အတွင်းရှိ   IDP စခန်းများသို့   ကွင်းဆင်းသွားရောက်၍    ကူညီ ထောက်ပံ့မှုများ ဆောင်ရွက်နေမှု၊ မုန်တိုင်းဒဏ်သင့် မြို့များအတွင်း ပူးပေါင်းအဖွဲ့များဖွဲ့စည်း၍ မူလအနေ အထားပြန်လည်ရရှိရန်နှင့်    မြို့သန့်ရှင်းသာယာ ရေးဆောင်ရွက်နေမှု၊ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက်    စားရေရိက္ခာများ၊   ကူညီကယ်ဆယ်ရေး ပစ္စည်းများ၊ ဆေးဝါးများ ထောက်ပံ့ကူညီနေမှု၊ အိမ်နီး ချင်းနိုင်ငံများနှင့်    နိုင်ငံတကာအဖွဲ့အစည်းများမှ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ကူညီကယ်ဆယ် ရေးပစ္စည်းများနှင့်    ဆေးဝါးများ   ထောက်ပံ့ရန် ကမ်းလှမ်းထားမှုနှင့် ပြင်ဆင်ဆောင်ရွက်နေမှု၊ ရခိုင် ပြည်နယ်အတွင်းရှိ နိုင်ငံတကာကုမ္ပဏီများအနေဖြင့် လည်း   နည်းပညာအကူအညီ    ကူညီထောက်ပံ့ရန် ပြင်ဆင်ဆောင်ရွက်နေမှု၊ မုန်တိုင်းအလွန် ပြန်လည် လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ် များ    ပြန်လည်စတင်ဆောင်ရွက်ရန်    စီစဉ်နေမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြကြသည်။

 


အရန်ဆန်တင်ပို့ဆောင်ရွက်


ထို့နောက် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြ သည့် ဦးသောင်းဟန်၊ ဒေါ်သက်သက်ခိုင်၊ ဦးမျိုးသန့် နှင့်  ဒေါက်တာသက်ခိုင်ဝင်းတို့က   ရခိုင်ပြည်နယ် အတွင်း မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့် လျှပ်စစ် ဓာတ်တိုင်များအား   အမြန်ဆုံးပြန်လည်ပြင်ဆင်၍ လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိစေရန် ဆောင်ရွက်နေ မှု၊ မဟာဓာတ်အားလိုင်းများအား စက်ယန္တရားများ အသုံးပြုပြင်ဆင်ဆောင်ရွက်၍ ဓာတ်အားဖြန့်ဖြူးနိင် ရန်   ဆောင်ရွက်နေမှု၊   ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူများ    စားရေရိက္ခာ    လုံလောက်မှုရှိစေရန် အရန်ဆန်တင်ပို့ဆောင်ရွက်၍ လိုအပ်သည့် ဒေသ များအား   ဖြန့်ဝေဆောင်ရွက်နေမှု၊   မုန်တိုင်းဒဏ် ကြောင့် ပျက်စီးခဲ့သည့် အဆောက်အဦများ ပြန်လည် ပြုပြင်နိုင်ရန်    အိမ်ဆောက်ပစ္စည်းများ   ဖြန့်ဝေ ဆောင်ရွက်နေမှု၊     အသင့်စားအစားအစာများ ထောက်ပံ့ကူညီနေမှု၊ မုန်တိုင်းဒဏ်ကြောင့် ထိခိုက် ပျက်စီးခဲ့သည့် ရခိုင်ပြည်နယ်အတွင်းရှိ လမ်းမကြီး များ၊    တံတားများနှင့်    အဆောက်အဦများအား  အချိန်မီပြန်လည်ပြုပြင်တည်ဆောက်နိုင်ရေး စီစဉ် ဆောင်ရွက်နေမှု၊  ဆေးရုံ၊  ကျောင်း၊   ဦးစားပေး အဆောက်အဦများနှင့် သာသနာရေး အဆောက်အဦ များကို ဦးစားပေးအဖြစ် ပြန်လည်ပြုပြင်ဆောင်ရွက် ပေးနေမှု၊ ဆောက်လုပ်ရေးအသင်းအဖွဲ့များ စုပေါင်း ၍ ရခိုင်ပြည်နယ်အတွင်း   ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ပြင်ဆင်နေမှု၊ ရခိုင် ပြည်နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုပေး နိုင်ရန်  ကျန်းမာရေးအသင်းအဖွဲ့များ    ဖွဲ့စည်း၍ ဆောင်ရွက်နေမှု၊   မုန်တိုင်းဒဏ်ကြောင့်   ထိခိုက် ပျက်စီးခဲ့သည့်   ဆေးရုံကြီးများအား  ပြင်ဆင်၍ ကျန်းမာရေးစောင့်ရှောက်မှုများ ပုံမှန်ဆောင်ရွက်ပေး နေမှု၊ ကျန်းမာရေးစောင်ရှောက်မှုပေးရန် အရေးပေါ် လိုအပ်သည့်ဒေသများသို့   အရေးပေါ်ကျန်းမာရေး အထူးအဖွဲ့များ စေလွှတ်ဆောင်ရွက်ပေးနေမှု၊ အိမ်နီး ချင်းနိုင်ငံများနှင့်   နိုင်ငံတကာအဖွဲ့အစည်းများမှ ဆေးဝါးလှူဒါန်းရန် ကမ်းလှမ်းပြင်ဆင်နေမှု အခြေ အနေတို့ကို ရှင်းလင်းတင်ပြကြသည်။ 

 


ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာ ကြသူများက ရခိုင်ပြည်နယ်အတွင်း  သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ခဲ့မှုအပေါ် ကူညီကယ်ဆယ်ရေး၊ ပြန်လည် တည်ဆောက်ရေးနှင့် ပြည်လည်ထူထောင် ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေတို့ကို သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြ ကြသည်။ 

 


ဦးစားပေးပြုပြင်ရမည်


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ရှင်းလင်းတင်ပြ ချက်များအပေါ်  မုန်တိုင်းကြောင့်  ပျက်စီးခဲ့သည့် အဆောက်အဦများ  ပြန်လည်ပြင်ဆင်ရန်  လိုအပ် သည့် ဆောက်လုပ်ရေးသုံးပစ္စည်းများကို ပို့ဆောင် လျက်ရှိရာ ထိခိုက်ပျက်စီးမှုစာရင်းများကို စနစ်တကျ ကောက်ခံရရှိမှသာ အရေအတွက်တိကျစွာ ပို့ဆောင် ပေးနိုင်မည်ဖြစ်ကြောင်း၊      အဆောက်အဦများ ပြန်လည်ပြုပြင်ရာတွင်လည်း ဇွန် ၁ ရက် ကျောင်းဖွင့် အမီ အထက်တန်းနှင့် တက္ကသိုလ်ကျောင်းများကို ဦးစားပေး   ပြုပြင်ရမည်ဖြစ်ကြောင်း၊   တိရစ္ဆာန် သေဆုံးစာရင်းများနှင့်ပတ်သက်၍လည်း    စာရင်း သေချာမှန်ကန်စွာ   ကောက်ယူ၍     မျိုးအလိုက် လိုအပ်သည့်ဒေသများသို့ မည်သို့ပြန်လည်ပံ့ပိုးပေးရမည်ကိုလည်း   စီစစ်ဆောင်ရွက်ရန်လိုကြောင်း၊ ယင်းစာရင်းဇယားအချက်အလက်များကို  ပြည်နယ် အလိုက်  သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့မှတစ်ဆင့် အမျိုးသားအဆင့်ကော်မတီ သို့   ပေးပို့ရန်လိုအပ်ကြောင်း၊   ပြည်နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ     စီမံခန့်ခွဲမှုအဖွဲ့ ကွပ်ကဲမှုအောက်တွင်   သဘာဝဘေးအန္တရာယ်စီမံ ခန့်ခွဲမှုလုပ်ငန်းအဖွဲ့    ဖွဲ့စည်းဆောင်ရွက်ရန်လည်း လိုအပ်ကြောင်း။

 


နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့်   နိုင်ငံတကာ အဖွဲ့အစည်းများမှ အကူအညီများ ကမ်းလှမ်းပါက အဆောက်အဦများအတွက် သွပ်နှင့်သွပ်သံ၊ ဆေးဝါး များနှင့် Cyclone  shelterများလည်း ကူညီပေးနိုင် ကြောင်းကို   လမ်းညွှန်ထားကြောင်း၊   လျှပ်စစ်ပိုင်း နှင့်ပတ်သက်၍    လျှပ်စစ်မီးအမြန်ဆုံးရရှိစေရန် ဆောင်ရွက်စေလိုကြောင်းနှင့် မြို့သန့်ရှင်းသာယာ ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ရန် လိုအပ်ကြောင်း။

 


ပြန်လည်ထူထောင်ရေးနှင့်ပတ်သက်၍ မြန်ဆန် စွာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြန်လည်ထူထောင် ရေးလုပ်ငန်းများ စနစ်တကျ မြန်ဆန်စွာ ဆောင်ရွက် နိုင်ရန် စာရင်းဇယားမြန်ဆန်မှန်ကန်စွာ ကောက်ယူ နိုင်ရန် လိုအပ်ကြောင်း၊ ယင်းအတွက် ဌာနဆိုင်ရာ အဖွဲ့များအနေဖြင့်  မြို့နယ်အလိုက်  မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းနှင့် ညှိနှိုင်းဆောင်ရွက်ပေးသည်။

 


စာရင်းဇယားသည်လည်း အရေးကြီး


ဆက်လက်၍ နိဂုံးချုပ် ပြောကြားရာတွင် နိုင်ငံ တော် ဝန်ကြီးချုပ်၏ သဘာဝဘေးအန္တရာယ်ထိခိုက် ခံစားခဲ့ရသည့် ဒေသများနှင့်  ပတ်သက်၍ ပထမ အချက်အနေဖြင့် ဒေသခံတိုင်းရင်းသားပြည်သူများအားလုံး   ပြန်လည်ထူထောင်ရေးကာလအတွင်း အခြေမကျမီ အိမ်ထောင်စုတိုင်း သတ်မှတ် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိ လက်ဝယ်ရောက်ရှိအောင်   ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊  အမျိုးသားအဆင့်စီမံခန့်ခွဲမှု ကော်မတီအနေဖြင့်   မုန်တိုင်းမစတင်မီ   အရန်ဆန် တစ်သောင်းအပြင် တခြားလိုအပ်သည့် စားရေရိက္ခာ များကိုလည်း    ကြိုတင်ပြင်ဆင်    စုဆောင်းထား ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း  ပြန်လည်ထူထောင် ရေး ကာလတွင်အသုံးပြုနိုင်ရန် အရန်ဆန်အနက်မှ တန် ၃၀၀၀ အား  တပ်မတော်(ရေ)မှ စစ်သင်္ဘောများ၊ အရပ်ဘက် ကုန်တင်သင်္ဘောများဖြင့် ပေးပို့လျက်ရှိ ကြောင်း၊ အရန်ဆန်နှင့် သတ်မှတ်အရေးပေါ် အမယ် များ   ထောက်ပံ့ဖြန့်ဝေရာတွင်   အိမ်ထောင်စုတိုင်း ရရှိစေရန် သက်ဆိုင်ရာ တာဝန်ရှိသူများက စနစ် တကျ ဆောင်ရွက်စေလိုကြောင်း၊ ယင်းသို့ ဖြန့်ဝေရာ တွင် စာရင်းဇယားသည်လည်း အရေးကြီးကြောင်း၊ ဒုတိယအချက်အနေဖြင့် ရေကောင်းရေသန့်ရရှိစေရန် ဖြစ်ကြောင်း၊ ယင်းသို့ ရေကောင်းရေသန့် ရရှိစေရန် တပ်မတော်နှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနတို့မှ ရွေ့လျားရေသန့် စက်ယန္တရားများ ဖြင့်   စီမံဆောင်ရွက်ထားရှိသည့်အပြင်    လက်နှိပ် တုံကင်များလည်း    ထပ်မံဖြည့်တင်းပေးမည်ဖြစ် ကြောင်း၊ တတိယအချက်အနေဖြင့်   ဆက်သွယ်မှု ကောင်းမွန်စေရန်ဖြစ်ကြောင်း၊  ဆက်သွယ်မှုအမြန် ဆုံး ပြန်လည်ကောင်းမွန်စေရန်အတွက် သက်ဆိုင် ရာဌာနများက    ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်စေလို ကြောင်း၊   ရုံးလုပ်ငန်းများ     ဆောင်ရွက်ရာတွင် ဆက်သွယ်မှုစနစ်သည်    အရေးကြီးသည့်အတွက် အမြန်ဆုံးကောင်းမွန်စေရေး    ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊  စတုတ္ထအချက်အနေဖြင့်   မုန်တိုင်း ဒဏ်ခံဆောက်အဦများ လိုအပ်သည့် ဒေသများတွင် ထပ်မံတည်ဆောက်ရန်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ကြီးများ ဝဲယာရှိ မြို့/ရွာများတွင်  အဓိကထားတည်ဆောက်နိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ထူထောင် ရေးကာလအတွင်း လျာထားတင်ပြရန်လိုကြောင်း။

 


အင်တိုက်အားတိုက်ဆောင်ရွက်


ဇွန် ၁ ရက်တွင် တက္ကသိုလ်များနှင့် အခြေခံပညာ ကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သဖြင့် မုန်တိုင်းကြောင့်   ထိခိုက်ပျက်စီးခဲ့သည့်  စာသင် ကျောင်းများအနက် အထက်တန်းကျောင်းများအား ဦးစားပေးအဖြစ် အမြန်ဆုံးပြုပြင်ဆောင်ရွက်ပေးရန် လိုကြောင်း၊ အလားတူ ပြည်နယ်အတွင်း ဆေးရုံကြီး များကိုလည်း      အမြန်ဆုံးပြုပြင်ဆောင်ရွက်ရန် လိုကြောင်း၊ မြို့သန့်ရှင်းသာယာရေးအတွက် အသင့် စုဖွဲ့ထားသည့်   ပူးပေါင်းအဖွဲ့များဖြင့်    အင်တိုက် အားတိုက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

 


နိုင်ငံတော်အစိုးရအနေဖြင့် မုန်တိုင်းမကျရောက် မီကပင်    ကြိုတင်သတိပေး၍    ဘေးကင်းရာသို့ ရွှေ့ဆိုင်းစေခဲ့ကြောင်း၊ ပြည်သူအများစုမှာ လိုက်နာ ကြသော်လည်း   တချို့မလိုက်နာကြသည့်အတွက် မလိုလားသည့် အသက်ဘေးအန္တရာယ် ကြုံတွေ့ရ သည်ကို   ဝမ်းနည်းဖွယ်တွေ့ရှိရကြောင်း၊   မုန်တိုင်း မကျရောက်မီ   ၉  ရက်  ခန့်ကပင်    သေချာစွာ ကြိုတင်ပြင်ဆင်မှုများကြောင့် အနည်းဆုံး ထိခိုက် ပျက်စီးမှုသာဖြစ်ခဲ့ကြောင်း၊   ယခုမုန်တိုင်းလွန် ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အမြန်ဆုံးမူလအခြေအနေထက် သာလွန်ကောင်းမွန် ရေး  အားလုံးဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ် ကြောင်း၊  ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများကို စနစ်တကျဖြင့်    အမှန်တကယ်     လိုအပ်သူများ လက်ဝယ်သို့   ရောက်ရှိစေရန်နှင့်   အလေအလွင့် အနည်းဆုံးဖြစ်အောင် သက်ဆိုင်ရာတာဝန်ရှိသူများ က စနစ်တကျ ကြီးကြပ်ဆောင် ရွက်ကြရန်လိုကြောင်း နှင့်  သဘာဝဘေးအန္တရာယ်  ကျရောက်ခံစားကြရ သည့် ပြည်သူများအနေဖြင့်လည်း မိမိပြည်နယ်၊ မြို့၊ ရွာများကို ပြန်လည်ထူထောင်ရေး တစ်တပ်တစ်အား လာရောက်ကူညီဆောင်ရွက်ပေးနေကြသည့် နိုင်ငံ့ ဝန်ထမ်းများနှင့်အတူ   ပူးပေါင်းလက်တွဲ၍   မိမိမြို့၊ ရွာများ   အမြန်ဆုံး  မူလအခြေအနေထက်   ပိုမို ကောင်းမွန်သော စံပြမြို့၊ ရပ်ကွက်/ ကျေးရွာများ ဖြစ်စေရေး    ဝိုင်းဝန်းကူညီ   ဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း  မှာကြားခဲ့သည်ဟု   သတင်း ရရှိသည်။                                        

သတင်းစဉ်