ရခိုင်ပြည်နယ်သို့ လေကြောင်း ခရီးစဉ်များပုံမှန်ပျံသန်းပြေးဆွဲလျက်ရှိ

 

နေပြည်တော် မေ ၁၈
မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် ရခိုင်ပြည်နယ် သို့ ကူညီကယ်ဆယ်ရေးပစ္စည်းများ ပေးပို့ နိုင်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်း များ ဆောင်ရွက်ရာတွင် အထောက်အပံ့ ဖြစ်စေရေးနှင့် ပြည်သူများ ခရီးသွားလာမှု လွယ်ကူချောမွေ့စေရေးအတွက်  ပျက်စီး ဆုံးရှုံးမှုများစွာရှိခဲ့သည့် စစ်တွေလေဆိပ် ကို မေ ၁၅ ရက်တွင် ဌာနအကြီးအကဲနှင့် အတူ တာဝန်ရှိသူများ စေလွှတ်၍ လိုအပ် သည်များ  အမြန်ဆုံး   ပြန်လည်ပြင်ဆင် စေခဲ့သည်။
ထိုသို့ အမြန်ဆုံး ပြန်လည်ပြင်ဆင်ခဲ့ သည့်အတွက်   ယနေ့မှစ၍   ရန်ကုန် - စစ်တွေ - ရန်ကုန် ပုံမှန်လေကြောင်းခရီး စဉ်ကို မြန်မာအမျိုးသားလေကြောင်းနှင့် အပြည်ပြည်ဆိုင်ရာ  မြန်မာလေကြောင်း တို့မှ ပြေးဆွဲပေးလျက်ရှိကြောင်းနှင့် ရခိုင် ပြည်နယ်အတွင်းရှိ သံတွဲ၊ ကျောက်ဖြူ၊ အမ်း လေဆိပ်များသို့လည်း လေကြောင်း လိုင်းများက ပုံမှန်ခရီးစဉ်များ ပြေးဆွဲပေး လျက်ရှိကြောင်း သိရသည်။ သတင်းစဉ်