ယူနန်ပြည်နယ်အပြည်ပြည်ဆိုင်ရာချစ်ကြည်ရေးအသင်းက မြန်မာနိုင်ငံမုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် လှူဒါန်းသည့် ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ကုန်များလက်ခံရရှိ

 

နေပြည်တော်    မေ   ၁၈
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန် ပြည်နယ်   အပြည်ပြည်ဆိုင်ရာ ချစ်ကြည်ရေးအသင်းက မြန်မာ နိုင်ငံ  မုန်တိုင်းဒဏ်သင့်   ပြည်သူ များ အတွက်   ကူညီကယ်ဆယ်ရေး ပစ္စည်းများနှင့်    စားသောက်ကုန် များကို မေ ၁၂ ရက်တွင် ကူမင်း မြို့ရှိ   မြန်မာကောင်စစ်ဝန်ချုပ် ရုံးသို့   လာရောက်လှူဒါန်းခဲ့ရာ ယနေ့  နံနက်ပိုင်းတွင်  အဆိုပါ ပစ္စည်းများကို       ရွှေလီမြို့မှ တစ်ဆင့်  မူဆယ်မြို့  မန့်ဝိန်းဂိတ် ၌ တာဝန်ရှိသူများက လက်ခံရရှိ သည်။ 
အဆိုပါ      လှူဒါန်းသည့် ကူညီကယ်ဆယ်ရေး ပစ္စည်းများ နှင့်    စားသောက်ကုန်ပစ္စည်း များတွင်  ယားနာပျောက်ဆေး  ဘူး  ၄၀၀၊  တရုတ်အားဆေးဘူး ၄၀၀၊     လိမ်းဆေးဘူး     ၂၅၀၊  အကိုက်အခဲ    ပျောက်ဆေးဘူး  ၂၀၀၊   အဖျား ပျောက်ဆေးဘူး ၂၄၀၊  ကယ်ဆယ်ရေးအရေးပေါ် အိတ်  ၅၀၊  Nongfu  Mineral Water  ကတ်   ၆၀၀၊  ကြက်မှို ခေါက်ဆွဲအထုပ် ၄၀၀ နှင့်   အရေး ပေါ်ကယ်ဆယ်ရေး   ရွက်ဖျင်တဲ  ၂၀ ပါဝင်ပြီး  စုစုပေါင်းတန်ဖိုး တရုတ်ယွမ်ငွေ  တစ်သိန်းခန့်ရှိ ကြောင်း သိရသည်။
သတင်းစဉ်