
အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများအား တပ်မတော်(လေ)မှ လေယာဉ်များဖြင့် ဆက်လက်ပို့ဆောင်
နေပြည်တော် မေ ၁၇
တပ်မတော်အနေဖြင့် ဆိုင်ကလုန်း မုန်တိုင်းမိုခါ(MOCHA) တိုက်ခတ် မှုကြောင့် ပျက်စီဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် ဒေသများသို့ ကူညီ ကယ်ဆယ်ရေးအဖွဲ့များအား စုဖွဲ့ စေလွှတ်၍ လိုအပ်သည့် ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက် ရှိသည့် အပြင် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများ၊ စေတနာရှင် အလှူရှင်များက လှူဒါန်းသည့် စားသောက်ဖွယ်ရာများ၊ ကူညီ ထောက်ပံ့ရေးပစ္စည်းများ၊ အမျိုး သား သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့ပေးအပ်သည့် ပစ္စည်း များကိုလည်း တပ်မတော် လေယာဉ်၊ ရဟတ်ယာဉ်များ၊ ရေယာဉ်များဖြင့် ကူညီပို့ဆောင် ပေးလျက်ရှိသည်။
ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက လှူဒါန်း သည့် ဘီစကစ်အထုပ်ကြီး ၆၉၅ ထုပ်ကို တင်ဆောင်၍ နေပြည် တော်လေဆိပ်မှ စစ်တွေလေဆိပ် သို့ ပထမအကြိမ်အဖြစ် လည်း ကောင်း၊ ရိက္ခာထုပ် ၄၀၀ ကို တင်ဆောင်၍ နေပြည်တော် လေဆိပ်မှ စစ်တွေလေဆိပ်သို့ ဒုတိယအကြိမ်အဖြစ် လည်း ကောင်း၊ ရိက္ခာထုပ် ၂၅၀၊ ကူညီ ကယ်ဆယ်ရေးပစ္စည်းများ တင် ဆောင်၍ နေပြည်တော်လေဆိပ်မှ စစ်တွေလေဆိပ်သို့ တတိယ အကြိမ်အဖြစ် လည်းကောင်း၊ ဆန်အိတ် ၁၅၀၊ ရေသန့်ဆေးပြား ၁၉ ဖာ၊ ဆေးမျိုးစုံ ၁၆၉ ဖာတို့ကို တင်ဆောင်၍ နေပြည်တော် လေဆိပ်မှ စစ်တွေလေဆိပ်သို့ စတုတ္ထအကြိမ်အဖြစ် လည်း ကောင်း သွားရောက်ပို့ဆောင်ပေး သည်။
အလားတူ သဘာဝဘေး ဒဏ်သင့် ဒေသများတွင် ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်၊ ကွပ်ကဲမှု အောက်ရှိ အထူးရှာဖွေကယ်ဆယ် ရေး တပ်ဖွဲ့ဝင်များ၊ ပဲခူးတိုင်းဒေသ ကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး တို့မှ မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သည့် ကူညီကယ်ဆယ်ရေး အင်အား ၄၁၈ ဦးနှင့် စားသုံးဆီများ၊ တာလ ပတ်လိပ်များ၊ မီးစက်အကြီး/အသေးများ၊ ရေသန့်ကတ်များ၊ ဆန်အိတ်များ၊ အိမ်ဆောက်ပစ္စည်း များ၊ Chain Saw များ၊ ရေသန့် ဘူးများ၊ ကော်ဇောလိပ်များ၊ ဆေးပစ္စည်းများနှင့် ကူညီ ကယ်ဆယ်ရေး ပစ္စည်းများကို တင်ဆောင်၍ ရန်ကုန်မြို့ရှိ မင်္ဂလာဒုံလေဆိပ်မှ စစ်တွေ လေဆိပ်သို့ အဖွဲ့လိုက်ခွဲ၍ တပ်မ တော်လေယာဉ်များဖြင့် ကိုးခေါက် ပို့ဆောင်ပေးခဲ့သည်။
ယနေ့တွင် ကူညီကယ်ဆယ် ရေးအဖွဲ့များနှင့် ပစ္စည်းများကို တပ်မတော်မှ လေယာဉ်များဖြင့် ပို့ဆောင်မှုကို နေပြည်တော်မှ စစ်တွေမြို့သို့ လေးကြိမ်၊ ရန်ကုန် မြို့မှ စစ်တွေမြို့သို့ ကိုးကြိမ်ဖြစ် ကြောင်းနှင့် လိုအပ်သည်များ ဆက်လက်ပို့ဆောင်နိုင်ရေး ဆောင် ရွက်လျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ ကူညီကယ်ဆယ်ရေး အဖွဲ့များနှင့် ကယ်ဆယ်ရေးပစ္စည်း များကို ရန်ကုန်မြို့ရှိ မင်္ဂလာဒုံ လေဆိပ်မှ စစ်တွေလေဆိပ်သို့ ပို့ဆောင်နေမှုများကို ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တာဝန်ရှိ သူများက သွားရောက်ကြည့်ရှု အားပေးပြီး ထောက်ပံ့ငွေများနှင့် ကူညီကယ်ဆယ်ရေး ပစ္စည်းများ ပေးအပ်သည်။
အဆိုပါ တပ်မတော်လေယာဉ် များဖြင့် ရောက်ရှိလာသောပစ္စည်း များကို တာဝန်ရှိသူများက လက်ခံ ရယူခဲ့ကြကြောင်းနှင့် သက်ဆိုင် ရာသို့ ဆက်လက်ဖြန့်ဝေသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်