အလှူငွေနှင့်ပစ္စည်းများ လှူဒါန်းနိုင်ကြောင်း အသိပေးကြေညာခြင်း

 

မြန်မာနိုင်ငံအတွင်း  (၁၄ - ၅ - ၂၀၂၃) ရက်နေ့က ဖြစ်ပွားခဲ့သော အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ဘေးသင့်သူများအတွက် ပြည်တွင်း ပြည်ပ စေတနာရှင်များအနေဖြင့် အလှူငွေနှင့်ပစ္စည်းများ လှူဒါန်းနိုင်ပါသည်။
မြန်မာကျပ်ငွေများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေ၊ OA-011834 သို့ လည်းကောင်း၊ နိုင်ငံခြားငွေ(အမေရိကန်ဒေါ်လာ)ကို Natural Disaster Management Fund ၊ 1DA-0300086 သို့ လည်းကောင်း ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်းနှင့် အလှူပစ္စည်းများကို တိုင်းဒေသ ကြီး/ ပြည်နယ်အစိုးရအဖွဲ့များတွင် လှူဒါန်းနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ