
စစ်တွေ မေ ၁၇
ကျန်းမာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် တို့သည် ယနေ့ မွန်းလွဲပိုင်းတွင် စစ်တွေ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိပြီး မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် ပျက်စီးခဲ့သော အဆောက်အဦများ ပြန်လည် ပြုပြင်တည်ဆောက်ပြီးစီးမှု အခြေ အနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
“အများပြည်သူနှင့် သက်ဆိုင် သည့် အဆောက်အဦများကို အမြန်ဆုံးဦးစားပေး ပြန်လည် ပြုပြင်ဆောင်ရွက်ရန်” ဆိုသည့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန် ချက်အရ ဆေးရုံရှိ ပျက်စီးသွား သောအမိုးများအား ဆောက်လုပ် ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ က ပြန်လည်ပြင်ဆင်နေမှုကို ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန် ရှိသူများက လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ ထို့အတူ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ပံ့ပိုးမှုဖြင့် ဆေးရုံကြီး၏ ရေရရှိမှု အခြေ အနေများကိုလည်း လိုက်လံ ကြည့်ရှုစစ်ဆေးသည်။
ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ဆေးရုံ ဝင်းအတွင်းရှိ ဆေးသိုလှောင်ရုံ အတွင်း ဆေးနှင့် ဆေးပစ္စည်းများ ပျက်စီးဆုံးရှုံးမှုမရှိအောင် ပြင်ဆင် ဆောင်ရွက်ထားရှိမှုနှင့် လူနာများ အဆင်ပြေချောမွေ့စွာ ဆေးကုသမှု ခံယူနိုင်အောင် ဆောင်ရွက်ထားရှိ မှုကိုလည်းကောင်း၊ အရန်မီးသတ် တပ်ဖွဲ့များနှင့် ဆေးရုံဝန်ထမ်းများ ပူးပေါင်းကာ သစ်ပင်ချုံနွယ်များ နှင့် အမှိုက်များ ရှင်းလင်းနေမှု ကိုလည်းကောင်း လိုက်လံကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
စစ်တွေ ပြည်သူ့ဆေးရုံကြီး သည် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၏ ဦးဆောင်လမ်းညွှန်မှု နှင့်အညီ မုန်တိုင်းမကျရောက်မီ ကြိုတင်ပြင်ဆင် ဆောင်ရွက် ထားရှိသည့်အတွက် မုန်တိုင်း ကျရောက်စဉ်နှင့် ကျရောက်ပြီး အချိန်များတွင် ဆေးကုသမှု လုပ်ငန်းများ ရပ်ဆိုင်းမသွားဘဲ (၂၄) နာရီပတ်လုံး ခွဲစိတ်ကုသမှု များ အပါအဝင် ဆေးကုသမှု လုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိသည်။
ထို့အတူ ကျန်းမာရေးဝန်ကြီး ဌာနအနေဖြင့် မုန်တိုင်းကျရောက် ခဲ့သည့် ဒေသများဖြစ်သည့် စစ်တွေမြို့ပေါ်၊ မြို့နယ်များနှင့် ရပ်ကွက်ကျေးရွာများရှိ ပြည်သူ လူထု ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုမရှိစေရေး ကြိုတင် ကာကွယ်သည့်အနေဖြင့် သောက် သုံးရေပေးဝေသည့် ရေတွင်း ရေကန်များကို ကလိုရင်းဆေးခတ် ခြင်းလုပ်ငန်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ပြီး ရခိုင်ပြည်နယ်ရှိ အခြားမြို့နယ်များတွင်ပါ ဆက် လက်ဆောင်ရွက်နိုင်ရန် ညွှန်ကြား ဆောင်ရွက်လျက်ရှိသည်။
ဆက်လက်၍ ရသေ့တောင် မြို့နယ်ရှိ ပျက်စီးသွားသည့် ဆေးရုံ အဆောက်အဦများ ပြန်လည် ပြင်ဆင်နိုင်ရေး ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက် လျက်ရှိပြီး ကျန်းမာရေးစောင့် ရှောက်မှု လုပ်ငန်းများ ပိုမို အားဖြည့် ဆောင်ရွက်နိုင်ရန် အတွက် တပ်မတော်ဆေးဝန်ထမ်း တပ်ဖွဲ့မှ ဆေးအဖွဲ့တစ်ဖွဲ့သည် ကျန်းမာရေး ဝန်ကြီးဌာနမှ ထောက်ပံ့သည့် ရေသန့်များ၊ ဆေး နှင့် ဆေးပစ္စည်းများနှင့်အတူ ယနေ့တွင် ရသေ့တောင်မြို့နယ် သို့ ထွက်ခွာသွားကြသည်။ ထို့အတူ မောင်တောမြို့နယ်ရှိ ကျောက်ပန္ဒူ၊ မြိုယု၊ အင်းဒင်ရွာ များသို့ လိုအပ်သည့် ရေသန့်၊ ဆေး နှင့် ဆေးပစ္စည်းများ၊ ကလိုရင်း ဆေးမှုန့်များ ပို့ဆောင်ပေးခဲ့ပြီး စစ်တွေမြို့ရှိ သက္ကယ်ပြင်ကျေးရွာ တွင် ကျန်းမာရေးဝန်ထမ်းများက ဆေးခန်းများဖွင့်လှစ်၍ ကျန်းမာ ရေး စောင့်ရှောက်မှုလုပ်ငန်းများ ကို ဆောင်ရွက်လျက်ရှိပြီး ပျက်စီး သွားသည့် တိုက်နယ်ဆေးရုံ အမြန်ဆုံး ပြန်လည်ပြင်ဆင်နိုင် ရေးအတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်