နေပြည်တော် ဖေဖော်ဝါရီ ၂၆
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနသည် ဝန်ထမ်းများ အချင်းချင်း၊   ချစ်ခင်စည်းလုံးမှု၊ တစ်ဦးအပေါ်တစ်ဦး နားလည်မှု နှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုဖြစ်ပေါ်စေရေးအတွက် မြန်မာ့ ရိုးရာ ထမနဲထိုးပွဲများကို  နှစ်စဉ် ကျင်းပခဲ့ရာ   ဖေဖော်ဝါရီ ၂၆ ရက်  (တပို့တွဲလပြည့်နေ့) တွင် ရိုးရာ မပျက်      ထမနဲထိုးပွဲကျင်းပ၍ ပျော်ရွှင်ကြည်နူးလျက်ရှိသည်။ 
အဆိုပါ ထမနဲများအား ဘုရား ပုထိုးစေတီများတွင်  ဆွမ်းကပ် လှူဒါန်းခြင်း၊   ဘုန်းတော်ကြီး ကျောင်းများသို့  လှူဒါန်းဆက်ကပ် ခြင်း၊   ဝန်ထမ်းမိသားစုများသို့  ဝေငှပေးခြင်းတို့ကို    စုပေါင်း ဆောင်ရွက်၍   အလှူဒါနပြုလုပ် ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
      


