နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့တွင် ကျင်းပသော အပြည်ပြည်ဆိုင်ရာညီလာခံနှင့် အပြည်ပြည်ဆိုင်ရာဥပဒေရေးရာဖိုရမ်သို့ တက်ရောက်

 

နေပြည်တော်   မေ   ၁၆ 


ရုရှားဖက်ဒရေးရှင်းနိုင်ငံ  ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ      တရားရုံး ဥက္ကဋ္ဌ H.E.Mr. Valery D.Zorkin ၏ ဖိတ်ကြားချက်အရ နိုင်ငံတော် ဖွဲ့စည်းပုံ  အခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌ ဦးသာဌေး ဦးဆောင် သော   ကိုယ်စားလှယ်အဖွဲ့သည်  ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ   တရားရုံး တည်ထောင်ခြင်း  နှစ်  ၃၀  ပြည့် အထိမ်းအမှတ်အဖြစ် “Consti-tution    and    Constitutional Supervision: Developing the Doctrine and Advancing the case – law” ခေါင်းစဉ်ဖြင့် ကျင်းပ သည့် အပြည်ပြည်ဆိုင်ရာညီလာခံ ( International Conference ) နှင့်  (၁၁)  ကြိမ်မြောက်  စိန့်ပီတာ စဘတ်      အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာဖိုရမ် (11th St. Pete- rsburg    International   Legal Forum)  တို့သို့   မေ ၁၁  ရက်မှ ၁၃ ရက်အထိ ရုရှားဖက်ဒရေးရှင်း နိုင်ငံ စိန့်ပီတာစဘတ်မြို့၌ တက် ရောက်ခဲ့သည်။

 


တင်ပြဆွေးနွေး


အပြည်ပြည်ဆိုင်ရာ ညီလာခံ တွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး           ဥက္ကဋ္ဌက “မြန်မာနိုင်ငံတွင်   ၁၉၄၇    ခုနှစ်၊  ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၊ ၁၉၇၄  ခုနှစ်၊  ဖွဲ့စည်းပုံ  အခြေခံ ဥပဒေနှင့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေဟူ၍       ဖွဲ့စည်းပုံ အခြေခံဥပဒေ ၃ ရပ် ရှိခဲ့ကြောင်း၊ ၂၀၀၈  ခုနှစ်၊   ဖွဲ့စည်းပုံအခြေခံ ဥပဒေကို    လူထုလူတန်းစားအစု အဖွဲ့ ၈ ဖွဲ့မှ ကိုယ်စားလှယ် ၇၀၀  ကျော် တက်ရောက်ဆွေးနွေးသည့် အမျိုးသား       ညီလာခံကျင်းပ၍ ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း၊ အမျိုး သားညီလာခံမှ  အခြေခံမူ  ၁၀၄ ချက် ချမှတ်ခဲ့ပြီး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ      (Referendum) ကျင်းပအတည်ပြုခဲ့သော အခြေခံ ဥပဒေဖြစ်ကြောင်း၊ ဤအခြေခံ  ဥပဒေသည် ပါတီစုံဒီမိုကရေစီစနစ် နှင့် ပြည်ထောင်စုစနစ်ကို ကျင့်သုံး ပြီး နိုင်ငံသားတို့၏ အခွင့်အရေးကို  အာမခံချက်   ပေးထားကြောင်း၊  မဏ္ဍိုင်ကြီး  ၃  ရပ်  အပြန်အလှန် ထိန်းကျောင်းမှု ရှိကြောင်း၊ ၂၀၀၈  ခုနှစ်၊      ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ   ၄၆    အရ  မြန်မာနိုင်ငံ၌ ယခင်က  မရှိခဲ့သော   ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ       ခုံရုံးကို  တည်ထောင်ခဲ့ကြောင်း၊ ခုံရုံးသည်  ဖွဲ့စည်းပုံ     အခြေခံဥပဒေဆိုင်ရာ  ကိစ္စရပ်များနှင့်     စပ်လျဉ်းသည့်  အမြင့်ဆုံးတရားစီရင်ရေးဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ခုံရုံး၏ ဆုံးဖြတ်ချက်သည် နောက်ဆုံးနှင့်  အပြီးအပြတ်အတည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ  အခြေခံဥပဒေဆိုင်ရာ ခုံရုံးက စီရင်ဆုံးဖြတ်ခဲ့သော အမှု များမှ ထူးခြားသော အမှု ၃ မှုကို  ရွေးချယ်၍       မြန်မာနိုင်ငံတွင်  ဖွဲ့စည်းပုံအခြေခံဥပဒေ၏ လွှမ်းမိုး သက်ရောက်မှု (Supremacy of  Constitution) ရှိသည်ကို တင်ပြ ပါကြောင်း ပြောကြားပြီး“Current Myanmar       Constitutional Supervision and its Develo-pment”    စာတမ်းကို  ဆွေးနွေး ပြောကြားသည်။ 

 


အတွေ့အကြုံများ
အမြင်ချင်းဖလှယ်ဆွေးနွေး


အပြည်ပြည်ဆိုင်ရာ ညီလာခံ သို့ နိုင်ငံပေါင်း ၁၆ နိုင်ငံမှ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ      တရားရုံး ဥက္ကဋ္ဌနှင့် တရားသူကြီးချုပ်များ၊ ဥပဒေပညာရှင်များနှင့်   အပြည် ပြည်ဆိုင်ရာ    အဖွဲ့အစည်းများမှ  အကြီးအကဲများ တက်ရောက်ခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေစနစ် ဖွံ့ဖြိုး တိုးတက်လာမှုများ၊     ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားစီရင် မှုနှင့် စပ်လျဉ်းသည့် အတွေ့အကြုံ တို့ကို အမြင်ချင်းဖလှယ်ဆွေးနွေး ခဲ့ကြသည်။

 


တက်ရောက်


(၁၁) ကြိမ်မြောက် စိန့်ပီတာ စဘတ် အပြည်ပြည်ဆိုင်ရာဥပဒေ ရေးရာဖိုရမ်သို့   နိုင်ငံပေါင်း   ၅၄ နိုင်ငံမှ     တရားသူကြီးချုပ်များ၊ ဥပဒေရေးရာဝန်ကြီးများ၊ တရား သူကြီးများနှင့် ဥပဒေပညာရှင်များ  တက်ရောက်ခဲ့ကြပြီး        ရုရှား ဖက်ဒရေးရှင်းနိုင်ငံ သမ္မတ H.E. Mr. Vladimir-Putin က “ယနေ့ အချိန်တွင်    တရားမဝင်ပိတ်ဆို့ ဒဏ်ခတ်ခြင်းများ၊     နိုင်ငံများ၏ သာတူညီမျှရှိမှုနှင့်   ပြည်တွင်း ရေး   ကိစ္စရပ်များတွင်  ဝင်ရောက် စွက်ဖက်ခြင်းများသည်   အပြည် ပြည်ဆိုင်ရာဥပဒေများ၏ အခြေခံ အုတ်မြစ်ကို အလွန်ထိခိုက်စေပါ ကြောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သည်       မိတ်ဖက်နိုင်ငံများနှင့်  အပြန်အလှန် အကျိုးဖြစ်ထွန်းစေ ရေးကို အစဉ်တိုးမြှင့်ဆောင်ရွက် လျက်ရှိပါကြောင်း၊    အမျိုးသား အချုပ်အခြာအာဏာကို လေးစား မှုရှိခြင်းသည်               ဒီမိုကရေစီ နည်းလမ်းပိုမိုကျ၍ တရားမျှတမှု ရှိသည့် multipolar world order  ပေါ်ထွက်         လာစေရေးအတွက် အဓိက အခြေခံအုတ်မြစ်ဖြစ်သည် ကို အခိုင်အမာယုံကြည်ပါကြောင်း”     အချက်များပါသည့် သဝဏ်လွှာကို အပြည်ပြည်ဆိုင်ရာ   ဥပဒေရေးရာ ဖိုရမ်သို့ ပေးပို့ခဲ့သည်။ 

 


ယင်းဖိုရမ်တွင် ရုရှားဖက်ဒရေး ရှင်းနိုင်ငံ            လုံခြုံရေးကောင်စီ ဒုတိယဥက္ကဋ္ဌ Mr. Dmitry Med-vedev ဦးဆောင်၍ အီဂျစ်နိုင်ငံ၊  အီရန်နိုင်ငံ၊   အင်ဒိုနီးရှား  သမ္မတ နိုင်ငံတို့မှ တရားရေးဝန်ကြီးများ၊ အိန္ဒိယနိုင်ငံ တရားလွှတ်တော်ချုပ် မှ ကိုယ်စားလှယ်များ၊ ဥစဇဘတ် ကစ္စတန်နိုင်ငံ  ဥပဒေပြုအဖွဲ့နှင့် ဆားဘီးယားနိုင်ငံ   အပြည်ပြည် ဆိုင်ရာ ဥပဒေထိန်းသိမ်းရေးဌာန ဥက္ကဋ္ဌတို့က   “Sovereignty  in law”   ခေါင်းစဉ်ဖြင့်   ဆွေးနွေးခဲ့ ကြသည်။

 


အဆိုပါ အပြည်ပြည်ဆိုင်ရာ ညီလာခံနှင့် အပြည်ပြည်ဆိုင်ရာ  ဥပဒေရေးရာဖိုရမ်တို့သို့     နိုင်ငံ တော်   ဖွဲ့စည်းပုံ    အခြေခံဥပဒေ ဆိုင်ရာ       ခုံရုံးဥက္ကဋ္ဌနှင့်    အတူ ညွှန်ကြားရေးမှူး ဦးအောင်ကျော် စိုးနှင့်    လက်ထောက်ညွှန်ကြား ရေးမှူး     ဦးအောင်ကျော်ဇင်တို့ တက်ရောက်ခဲ့သည်။  


သတင်းစဉ်