
နေပြည်တော် မေ ၁၆
ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်း တိုင်းဒေသကြီးအတွင်းရှိ သဘာဝဘေး အန္တရာယ်ကျရောက်ခဲ့သည့် ပြည်သူများ အတွက် အလှူငွေများ ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် အလှူရှင်များ၊ ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာ စကားပြောကြားသည်။ ထို့နောက် ရခိုင် ပြည်နယ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့သည့် ပြည်သူများအတွက် အလှူရှင်များက အလှူငွေများနှင့် ထောက်ပံ့ ပစ္စည်းများအား ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူး တို့က လက်ခံရယူပြီး တာဝန်ရှိသူတစ်ဦး က ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်