ငပုတောမြို့၊ ငရုတ်ကောင်းမြို့၊ ဟိုင်းကြီးကျွန်းမြို့နှင့် လပွတ္တာမြို့တို့ရှိ မုန်တိုင်းသင့်ပြည်သူများကို ထောက်ပံ့ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်

 

နေပြည်တော်   မေ    ၁၆


ဧရာဝတီတိုင်းဒေသကြီးအတွင်း လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ်များ ပြိုကျ ပျက်စီးခဲ့သည့်    ငပုတောမြို့၊    ငရုတ် ကောင်းမြို့နှင့်     ဟိုင်းကြီးကျွန်းမြို့ များအတွင်းရှိ      မုန်တိုင်းသင့်ပြည်သူ များကို  အိမ်မိုးသွပ်များ၊   သွပ်သံများ၊ ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေ များ ပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်း တွင်   ငပုတောမြို့နယ်   အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌    ပြုလုပ်ရာ အနောက်တောင်တိုင်း    စစ်ဌာနချုပ် တိုင်းမှူး   ဗိုလ်မှူးချုပ်    ကြည်ခိုင်နှင့် တာဝန်ရှိသူများ၊  ခရိုင်/မြို့နယ်   စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှု   ကော်မတီ အတွင်းရေးမှူး၊ မြို့နယ်ဆင့် ဌာနဆိုင်ရာ များ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်း အဖွဲ့များနှင့် မုန်တိုင်းသင့်ပြည်သူများ တက်ရောက်ကြသည်။

 


ဦးစွာ တိုင်းမှူးက အားပေးစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက  မုန်တိုင်းသင့်ပြည်သူ များကို    အိမ်မိုးသွပ်များ၊   သွပ်သံများ၊ ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေ များ   ပေးအပ်ကြပြီး     မုန်တိုင်းသင့် ပြည်သူများအား လိုက်လံနှုတ်ဆက်ကာ လိုအပ်သည်များ    ညှိနှိုင်းဆောင်ရွက် ပေးသည်။

 


အလားတူ     တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက       ဖျာပုံမြို့နယ်၊ မြောင်းမြမြို့နယ်နှင့်  မော်လမြိုင်ကျွန်း မြို့နယ်များသို့ သွားရောက်၍ မုန်တိုင်း တိုက်ခတ်မှုကြောင့် အမိုးပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် စာသင်ကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများအား အမိုး သွပ်များ၊  ခေါင်အုပ်သွပ်ပြားများ၊ သစ် များနှင့်   သွပ်သံများ   လှူဒါန်းခဲ့သည်။ ထို့နောက်  နယ်မြေခံတပ်မတော်သား များက  ဌာနဆိုင်ရာ  ဝန်ထမ်းများနှင့်  ပူးပေါင်း၍ သွပ်အမိုးများလဲပေးခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများ    ဆောင်ရွက် ပေးခဲ့ပြီး      ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ကာ    လိုအပ် သည်များ ဆောင်ရွက်ပေးခဲ့သည်။ ထို့ပြင် လပွတ္တာမြို့ပေါ်ရှိ ရပ်ကွက် ၁၀ ရပ်ကွက် နှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ  မုန်တိုင်းသင့်ပြည်သူများအား ၎င်းတို့၏  နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးရာတွင် နယ်မြေခံတပ်မတော်သားများက လိုအပ် သော ကူညီစောင့်ရှောက်မှုများ ဆောင် ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။  


သတင်းစဉ်