“၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးမည့်အစီအစဉ်”

 

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူလယ်သမားဦးကြီးများသို့ 
အသိပေးကြေညာချက်

 

၁။    နိုင်ငံပိုင်  မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည်  မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ တောင်သူလယ်သမားဦးကြီးများသို့ စိုက်ပျိုးစရိတ် အရင်းအနှီးများရရှိစေရေးအတွက်   စိုက်ပျိုးစရိတ်ချေးငွေများကို နှစ်စဉ်ထုတ်ချေးပေးလျက်ရှိပါသည်။ တောင်သူလယ်သမားကြီးများ ကလည်း သီးနှံပေါ်ချိန်တွင် ချေးငွေများ  အချိန်မီ  ပြန်လည်ပေးဆပ်ခြင်း ဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ်နှင့် တောင်သူ ဦးကြီးများအကြား နှစ်ဦးနှစ်ဖက် တာဝန်ကျေပွန်စွာ ပူးပေါင်းဆောင် ရွက်ခဲ့ကြပါသည်။
၂။    စိုက်ပျိုးစရိတ်ချေးငွေများကို စိုက်ပျိုးရာသီအလိုက် ထုတ်ချေး ပေးလျက်ရှိရာ   တောင်သူဦးကြီးများအနေဖြင့်   အချိန်စေ့ချေးငွေ ပြေကျေမှသာ (ယခင်ကြွေးကျန်ကင်းရှင်းမှသာ)  ချေးငွေအသစ် ထုတ်ချေးခွင့်ရရှိမည်ဖြစ်ပြီး   မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ထုတ်ချေးသော  အခြား နှစ်တို၊  နှစ်လတ်  ချေးငွေများကိုလည်း သတ်မှတ်စည်းကမ်းချက်များနှင့်အညီ      ထုတ်ချေးခွင့်ရရှိမည် ဖြစ်ပါသည်။ 
၃။    ၂၀၂၃ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများအား  ယခင်ချေးငွေ အရင်း၊ အတိုးများပါ  ပြေကျေစွာ ပေးဆပ်ပြီးသည့်  တောင်သူများသို့  မိုးရာသီစိုက်ပျိုးချိန်အမီ ၁၈-၅-၂၀၂၃ ရက်နေ့မှစတင်၍  ယခင်နှစ် နည်းတူ   တစ်နှစ်လျှင်  အတိုးနှုန်း  ၅ ရာခိုင်နှုန်းဖြင့်  သက်ဆိုင်ရာ ခရိုင်နှင့်   မြို့နယ်ဘဏ်ခွဲများမှတစ်ဆင့်   ထုတ်ချေးပေးမည်ဖြစ်ပါ သည်။
၄။    သို့ဖြစ်ပါ၍   ယခင်ချေးငွေများ  ပြေကျေစွာ ပေးဆပ်ပြီးသည့်  တောင်သူလယ်သမားဦးကြီးများအနေဖြင့်  ၂၀၂၃  မိုးရာသီ စိုက်ပျိုး စရိတ်ချေးငွေများ အချိန်မီရရှိနိုင်ရေးအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုး ရေးဘဏ်၊  သက်ဆိုင်ရာ ခရိုင်/ မြို့နယ်ဘဏ်ခွဲများနှင့် အမြန်ဆုံး ဆက်သွယ်ကြရန်ဖြစ်ကြောင်း       အသိပေးအကြောင်းကြားအပ်ပါ သည်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်