ရခိုင်ပြည်နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များနှင့် ကယ်ဆယ်နေရာချထားရေးလုပ်ငန်းများအတွက် လိုအပ်သော စက်သုံးဆီများအပြင် ကျန်ကဏ္ဍစုံလုပ်ငန်းများအတွက် စဉ်ဆက်မပြတ်ဖြည့်တင်းပေးနိုင်ရေးနှင့် ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေးတို့ကို စနစ်တကျကြီးကြပ်ဆောင်ရွက်လျက်ရှိ

 

နေပြည်တော်  မေ ၁၆ 


အလွန့်အလွန်အားကောင်းသော     ဆိုင်ကလုန်း မုန်တိုင်း  (Severe Cyclonic Storm) "ဖိုခါ" (MOCHA) သည် မေ ၁၄ ရက်တွင်  ရခိုင်ကမ်းရိုး တန်းဒေသများသို့    စစ်တွေမြို့အနီးမှ    ဖြတ်ကျော် ဝင်ရောက်ခဲ့ပြီး ယင်းဒေသအတွင်း ထိခိုက်ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကာ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်ကို  သဘာဝဘေးအန္တရာယ် ကျရောက်သော  ဒေသများအဖြစ်  ကြေညာခဲ့ပါ သည်။

 


သယ်ယူပို့ဆောင်ဖြည့်တင်း


သို့ဖြစ်ပါ၍   အဆိုပါဒေသများ၌  အရေးပေါ် စီမံခန့်ခွဲခြင်း၊   တုံ့ပြန်ခြင်း၊  ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ       လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ရာတွင် လိုအပ်လျက်ရှိသည့် စက်သုံးဆီများအား အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ            စီမံခန့်ခွဲမှု ကော်မတီ၊      သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဗဟိုဌာန၊ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ    မှန်ကန်မြန်ဆန်စေရေး    ဗဟိုကော်မတီ၊ စွမ်းအင်ဝန်ကြီးဌာနတို့၏      လမ်းညွှန်မှုတို့ဖြင့် စက်သုံးဆီ      တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်း     ကြီးကြပ်ရေးကော်မတီသည်      အလျင် အမြန်   သယ်ယူပို့ဆောင်ဖြည့်တင်းဆောင်ရွက်ပေးလျက်ရှိပါသည်။

 


ပြတ်လပ်မှုမရှိ


မေ ၁၆ ရက်တွင် MT ဇမ္ဗူတန်ဆောင်ဆီတင် ရေယာဉ်ဖြင့် ပရီမီယံဒီဇယ်ဆီ ဂါလန် ၂၀၀၀၀၀ ကို သယ်ယူပို့ဆောင်ပေးခဲ့ရာ စစ်တွေမြို့ ရွှေမင်းဂံ ဆိပ်ကမ်းသို့ဆိုက်ရောက်၍ စက်သုံးဆီချယူခြင်း နှင့် ဖြန့်ဖြူးခြင်းလုပ်ငန်းများကို ဆောင်ရွက်နေပြီ ဖြစ်ပြီး    သီလဝါမှပေးပို့သော  ဆီတင်ယာဉ် ဘောက်ဆာတစ်စီးမှာလည်း       စစ်တွေမြို့သို့ ဝင်ရောက်ပြီ    ဖြစ်ပါသည်။  ထို့အပြင်   ထပ်မံ၍ ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းဒေသမှ MT Khine Khine Phyo-33၊ MT Khine Khine Phyo-34 ကမ်းရိုးတန်းသွား စက်သုံးဆီ Tanker များဖြင့် ဒီဇယ်ဆီ ဂါလန် ၂၅၀၀၀၀ ၊  ဓာတ်ဆီ 92 RON ဂါလန်  ၂၀၀၀၀၀  တို့ကိုလည်း  ထပ်မံဖြည့်တင်း သယ်ယူပို့ဆောင်ပေးလျက်ရှိရာ         မကြာမီ ရက်အတွင်း  စစ်တွေမြို့သို့  ရောက်ရှိမည်ဖြစ်သဖြင့်  စက်သုံးဆီများကို  ပြတ်လပ်မှုမရှိစေဘဲ  စဉ်ဆက် မပြတ် ဖြန့်ဖြူးပေးသွားနိုင်မည်ဖြစ်ပါသည်။

 


စက်သုံးဆီ  တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့်    ရခိုင် ပြည်နယ်အတွင်းရှိ  စက်သုံးဆီအရောင်းဆိုင်များနှင့် ကယ်ဆယ်နေရာချထားရေးလုပ်ငန်းများအတွက် လိုအပ်သော စက်သုံးဆီများအပြင်     ကျန်ကဏ္ဍစုံ လုပ်ငန်းများအတွက်ကိုလည်း   စဉ်ဆက်မပြတ် ဖြည့်တင်းပေးနိုင်ရေးနှင့် ဈေးနှုန်းတည်ငြိမ်မှန်ကန် စေရေးတို့ကို        စနစ်တကျကြီးကြပ်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။            

သတင်းစဉ်