
ပဲခူး မေ ၁၆
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မေ ၁၆ ရက် နံနက်ပိုင်းက ရခိုင်ပြည်နယ်ရှိ သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ သည့် ဒေသများသို့ ကူညီရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်မည့် မီးသတ်တပ်ဖွဲ့ဝင်များအား သွားရောက်တွေ့ဆုံ အားပေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ရခိုင် ပြည်နယ်သို့ သွားရောက်မည့် တိုင်းဒေသကြီးကိုယ်စားပြု မီးသတ် တပ်ဖွဲ့ဝင်များ ကျန်းမာရေးကို အထူးဂရုစိုက်ရန်နှင့် ဒေသခံတိုင်းရင်း သားများ၏ ရိုးရာ၊ ယဉ်ကျေးမှု၊ ဓလေ့စရိုက်များကို အလေးထားရန် လိုအပ်ကြောင်း၊ ကိုယ်ကျိုးစွန့်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်တတ်သည့် မီးသတ်တပ်ဖွဲ့ဝင်များ၏ ဂုဏ်သိက္ခာနှင့် ပြုမူပြောဆိုနေထိုင်ရန်နှင့် သဘာဝဘေးအန္တရာယ် ကျရောက်သည့် ဒေသများသို့ သွားရောက်၍ အမြန်ဆုံး မူလအခြေအနေ အတိုင်း ပြန်လည်ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်ရန် အမှာစကား ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ရခိုင် ပြည်နယ်ရှိ သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့သည့် ဒေသများသို့ ကူညီရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်မည့် မီးသတ်တပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ငွေကျပ် ၁၁၆ သိန်း၊ ခေါက်ဆွဲ ခြောက်၊ ဆန်နှင့် တစ်ကိုယ်ရေသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။
တင်စိုး(ပဲခူး)