
မြေပုံ မေ ၁၃
ရခိုင်ပြည်နယ် မြေပုံမြို့နယ်ရှိ သတ်မှတ်လေဘေးခိုလှုံရာစခန်းများနေ ပြည်သူများ စား၊ ဝတ်၊ နေရေး အဆင်ပြေစေရန် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက အ.ထ.က (မြေပုံ) လေဘေးခိုလှုံရာစခန်းနှင့် အ.လ.က(ခွဲ) ကံသာထွက်ဝ လေဘေးခိုလှုံရာစခန်းများသို့ သွားရောက် ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
နယ်မြေခံတပ်နယ်မှ ဗျူဟာမှူးဗိုလ်မှူးကြီး ထွဋ်ခေါင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ က သွားရောက်၍ အ.ထ.က(မြေပုံ) လေဘေးခိုလှုံရာစခန်းရှိ အိမ်ထောင်စု ၃၃၉ စု၊ လူဦးရေ ၁၅၁၄ ဦး၊ အလက(ခွဲ)ကံသာထွက်ဝ လေဘေးခိုလှုံရာစခန်းရှိ အိမ်ထောင်စု ၄၆ စု၊ လူဦးရေ ၁၀၈ ဦးတို့နှင့် တွေ့ဆုံကာ မိမိတို့ခိုလှုံရာစခန်း၌ လိုအပ်ချက်ရှိသည်များကို ဆွေးနွေး ပြောကြားပြီး သက်ဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြောင်းနှင့် ကျေးရွာအုပ်စုများ၌ လည်း သတ်မှတ်လေဘေးခိုလှုံရာစခန်းနေ ပြည်သူများအတွက် လိုအပ်သည်များကို စခန်းတာဝန်ခံများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ထားရှိကြောင်း သိရသည်။
တင်ဝင်း