ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ကျိုင်းတုံမြို့ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံ

 

နေပြည်တော်   မေ  ၁၃


ဒုတိယဝန်ကြီးချုပ်နှင့်         စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဦးဝင်းရှိန်သည် မေ ၁၂ ရက်က  ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ  ပြည်နယ်စီမံကိန်းဦးစီးရုံး (ရုံးခွဲ) သို့ ရောက် ရှိပြီး စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊  မြန်မာ့စီးပွား ရေးဘဏ်၊  မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊  မြန်မာ့အာမခံလုပ်ငန်း၊ ပြည်တွင်းအခွန်များဦးစီးဌာန အကောက်ခွန်ဦးစီးဌာနနှင့်ပင်စင်ဦးစီးဌာနတို့မှ  ဝန်ထမ်းများနှင့်   တွေ့ဆုံသည်။

 


တွေ့ဆုံစဉ် ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန  ပြည်ထောင်စုဝန်ကြီးက  ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ စီမံကိန်းနှင့်   ဘဏ္ဍာရေးဝန်ကြီးဌာန   နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နှစ်အလိုက်စီမံကိန်းများကို    လျာထားချက်အလိုက်   အောင်မြင်စွာ အကောင်အထည်ဖော်ရေး၊  စာရင်းကောက်ယူမှုများပြုလုပ်ရာတွင် စာရင်းအင်းအချက်အလက်များ   မှန်ကန်စေရေး၊  အရည်အသွေးပြည့် မီသော ချေးငွေများကို ထုတ်ချေးနိုင်ရေး၊ သတ်မှတ်ဘဏ္ဍာနှစ်အတွင်း အခွန်လျာထားချက်ပြည့်မီအောင် ကောက်ခံနိုင်ရေး၊  MSME လုပ်ငန်း ရှင်များကို ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်ပေးနိုင်ရေး၊  ငွေရေးကြေးရေးဆိုင်ရာ ဆောင်ရွက်သည့်    အဖွဲ့အစည်းများအနေဖြင့်   လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် ဥပဒေ၊ နည်းဥပဒေ၊  လုပ်ထုံးလုပ်နည်းများနှင့် အညီဆောင်ရွက်ရေးနှင့် အခြားသောဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးတို့ကို မှာကြားပြီး တင်ပြချက်များကို ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။                  

သတင်းစဉ်