သတိပေးချက်

 

ဘင်္ဂလားပင်လယ်အော်တွင် အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”  (MOCHA) သည် မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်တိုက်ခတ်နေပါသဖြင့် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ  မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး/ ကမ်းဝေး  ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်အသိပေးပြီးဖြစ်ပါသဖြင့် အဆိုပါ မုန်တိုင်းသည် ယနေ့   မှစ၍ နောက် (၄၈)နာရီအတွင်း စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်မည်ဟုလည်း   ခန့်မှန်းချက်ထုတ်ပြန်ထားပြီးဖြစ်ရာ လက်ရှိအခြေအနေတွင် မုန်တိုင်းသည် လေတိုက် နှုန်းအမြင့်ဆုံး တစ်နာရီမိုင် (၁၁၀) အထိရောက်ရှိနိုင်ပြီး လှိုင်းအမြင့်မှာလည်း ၁၃ ပေ  မှ  ၁၆ ပေအထိ ရောက်ရှိနိုင်မည်ဖြစ်ပါသဖြင့် ငါးဖမ်းရေယာဉ်/ လှေ/ သင်္ဘောများ အထူးအန္တရာယ်ရှိသည့်အတွက်  ယနေ့မွန်းတည့် (၁၂:၀၀) နာရီ အချိန်မှစ၍ မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့်  ကမ်းလွန်ပင်လယ်ပြင်သို့ မည်သည့် ငါးဖမ်းရေယာဉ်/ လှေ/ သင်္ဘောများ  လုံးဝ (လုံးဝ)  မထွက်ရန်  ညွှန်ကြားပါသည်။ ညွှန်ကြားချက်ကို   လိုက်နာဆောင်ရွက်ခြင်းမရှိပါက   သက်ဆိုင်ရာမှ   လိုအပ်သလို  အရေးယူဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန