“မိုခါ”(MOCHA) ဆိုင်ကလုန်းမုန်တိုင်း ဦးတည်ဝင်ရောက်နိုင်ကြောင်း ခန့်မှန်းထားသော ဒေသများသို့ တပ်မတော်ကူညီကယ်ဆယ်ရေးယာဉ်စုများ ထွက်ခွာ

 

နေပြည်တော်   မေ   ၁၂


ဘင်္ဂလား    ပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း စတင် ဖြစ်ပေါ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ တိုင်းထွာချက်အရ   သိရှိရချိန် တွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏   လမ်းညွှန်ချက်နှင့် အညီ   အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ    စီမံခန့်ခွဲမှု ကော်မတီ   အရေးပေါ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ကျင်းပ၍ သဘာဝ   ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန    (Disaster  Management Centre- DMC) ကို မေ ၈ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များ တွင်ရှိသည့် သဘာဝဘေးအန္တရာယ် ဆိုင်ရာ      စီမံခန့်ခွဲမှုအဖွဲ့များ ဖွဲ့စည်း၍ မုန်တိုင်းအန္တရာယ်နှင့် ပတ်သက်သည့်   ရှေ့ပြေးကူညီ ကယ်ဆယ်ရေးလုပ်ငန်းများအား သက်ဆိုင်ရာ     ကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက် ခဲ့ရာ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ နှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက် တို့တွင် ကယ်ဆယ်ရေးပစ္စည်းများ၊ ပြန်လည်ထူထောင်ရေး   ပစ္စည်း များ၊ ဆေးဝါးနှင့်စားရေရိက္ခာများ ပို့ဆောင်ပြင်ဆင်   စုဖွဲ့ထားခဲ့ပြီး ဖြစ်သည်။ အလားတူ မေ ၉  ရက်မှ စတင်၍  တပ်မတော်လေယာဉ် ဖြင့် စစ်တွေ၊ ကျောက်ဖြူ၊ အမ်းမြို့ များသို့ စားသောက်ဖွယ်ရာများ၊ ဆေးပစ္စည်းများနှင့်    ကူညီ ကယ်ဆယ်ရေးဆိုင်ရာပစ္စည်းများ ပို့ဆောင်ပေးခဲ့သည်။

 


ယခုအခါ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု   ဦးစီးဌာနနှင့် နိုင်ငံတကာမိုးလေဝသတိုင်းထွာ ရေး ပညာရှင်များနှင့် အဖွဲ့အစည်း များ၏ ခန့်မှန်းချက်များအရ  မေ ၁၁ ရက်မှစ၍ ဘင်္ဂလားပင်လယ် အော်တွင် ဖြစ်ပေါ်နေသော ဆိုင် ကလုန်းမုန်တိုင်း “မိုခါ” (MOCHA)သည် အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း    အဖြစ် ရောက်ရှိကာ မြန်မာ့ကမ်းရိုးတန်း သို့ ဦးတည်တိုက်ခတ်လာနေပြီး မေ  ၁၄  ရက်တွင်     စစ်တွေမြို့ အနီးမှ ဖြတ်ကျော်ဝင်ရောက်လာ မည်ဟု  ခန့်မှန်းထုတ်ပြန်လာခဲ့ သဖြင့် လေယာဉ်၊  ရဟတ်ယာဉ် များဖြင့်    မပို့ဆောင်နိုင်သည့်  ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေး ပစ္စည်းများ၊ ပြန်လည်ထူထောင် ရေးဆိုင်ရာပစ္စည်းများ၊ ဆက်သွယ် ရေးဆိုင်ရာပစ္စည်းများ၊ အရေးပေါ် စားရေရိက္ခာများနှင့် သောက်ရေ သန့်၊ စက်ယန္တရားများ ပါဝင်သည့် ယာဉ် အစီး ၁၁၂ စီးပါ တပ်မတော် ယာဉ်တန်းအား အုပ်စု ၁၀ စုဖွဲ့၍ ယနေ့တွင် ရန်ကုန်မြို့မှ  ဂွ၊ အမ်း နှင့်   ကျောက်တော်မြို့များသို့ လည်းကောင်း။

 


မမျှော်မှန်းနိုင်သည့်   အခြေ အနေတွင်  ကူညီကယ်ဆယ်ရေး ဆောင်ရွက်နိုင်ရန် အရန်စုဖွဲ့မှု အဖြစ် ပုသိမ်၊ ပြည်၊ မကွေးမြို့ များသို့ လည်းကောင်း စေလွှတ် ခဲ့ကြောင်းနှင့်   အဆိုပါယာဉ်စုများ တွင် ပဲ့ချိတ်စက်များ၊ ဖိုက်ဘာလှေ များ၊ ချိန်းဆောနှင့်   လက်သုံး ကိရိယာများ၊    အသက်ကယ် အင်္ကျီများ၊ အသက်ကယ်ဗောကွင်း များ၊   မိုးကာတဲနှင့် တာပေါ်လင် များ၊  အရေးပေါ်ဆေးသေတ္တာ များ၊ ထိခိုက်ဒဏ်ရာများအတွက် အရေးပေါ်ကုသဆေးများ၊   မြွေ အဆိပ်ဖြေဆေးများ၊    မေးခိုင် ကာကွယ်ဆေးများ၊  ရေသန့်စင် ဆေးပြားများ၊ ဝမ်းပျက်ဝမ်းလျှော ရောဂါ ကာကွယ်ကုသဆေးများ၊ အရေးပေါ်   ဆက်သွယ်ရေးစက် များ၊ ဆက်စပ်ပစ္စည်းများနှင့် ယာဉ် ချွတ်ယွင်းပါက ပြင်ဆင်ရန် ယာဉ် အပိုပစ္စည်းများနှင့်   ရေသန့်စင် ယာဉ်များ စသည်ဖြင့် အပြည့်အစုံ ပါရှိကြောင်း   အမျိုးသားအဆင့် သဘာဝ  ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီထံမှ သတင်း ရရှိသည်။

သတင်းစဉ်