
နေပြည်တော် မေ ၁၂
(၃၂) ကြိမ်မြောက် ဆီးဂိမ်း ဝူရှူး ပြိုင်ပွဲ နောက်ဆုံးနေ့ကို မေ ၁၂ ရက်က ဆက်လက်ကျင်းပရာ မြန်မာဝူရှူးအဖွဲ့သည် ပြိုင်ပွဲအပြီး တွင် ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ် သုံးခု၊ ကြေးတံဆိပ်သုံးခု ရရှိခဲ့ သည်။
မေ ၁၂ ရက်က ကျင်းပ သည့် ပြိုင်ပွဲနောက်ဆုံးနေ့၌ ထောက်လုပွဲစဉ်များတွင် မြန်မာ ဝူရှူးအဖွဲ့က ရွှေတစ်ခု၊ ကြေး တစ်ခုရရှိသည်။ မြန်မာဝူရှူးအဖွဲ့ အတွက် ရွှေတံဆိပ်ဆုကို အမျိုး သမီး ချန်းချွမ်ပြိုင်ပွဲတွင် စန္ဒီဦးက ရယူပေးခဲ့ပြီး ၉ ဒသမ ၆၈၀၀ မှတ် ဖြင့် ရရှိခဲ့ခြင်းဖြစ်သည်။ ယင်း ပြိုင်ပွဲတွင် အင်ဒိုနီးရှားကစား သမား ဒီဗာဝီဒိုဒိုက ၉ ဒသမ ၆၅၀၀ မှတ်ဖြင့် ငွေတံဆိပ်၊ မလေးရှားကစားသမား ပိုင်ပုယီ က ၉ ဒသမ ၆၄၃၀ မှတ်ဖြင့် ကြေး တံဆိပ်ရရှိသည်။ စန္ဒီဦးသည် ယခု ပြိုင်ပွဲတွင် နိုင်ငံအတွက် ရွှေတစ်ခု၊ ငွေနှစ်ခု ဆွတ်ခူးရရှိခဲ့ပြီး အမျိုး သမီး ကျန့်စုနှင့် ချန်းစုပြိုင်ပွဲနှစ်ခု ပေါင်းတွင် ငွေတံဆိပ်၊ အမျိုးသမီး နှစ်ယောက်တွဲအတိုက် အပြပြိုင်ပွဲ တွင် အေးသစ္စာမြင့်နှင့် ငွေတံဆိပ် တို့ ရရှိခဲ့သည်။ မြန်မာဝူရှူးအဖွဲ့ အတွက် ကြေးတံဆိပ်ဆုကိုမူ အမျိုးသမီး နန်းတောင်း+နန်းကွန့် ပြိုင်ပွဲနှစ်ခုပေါင်းတွင် အေးသစ္စာ မြင့်က ၁၈ ဒသမ ၃၀၃၀ မှတ်ဖြင့် ရရှိခဲ့ပြီး မလေးရှားကစားသမား တန်ချောင်မင်က ၁၉ ဒသမ ၁၆၀၀ မှတ်ဖြင့် ရွှေတံဆိပ်၊ ဗီယက်နမ် ကစားသမား သီသုဗင်ဗန်က ၁၈ ဒသမ ၄၁၃၀ မှတ်ဖြင့် ငွေတံဆိပ် ရရှိသည်။
မွန်းလွဲပိုင်းတွင် ဆန်းဆို အတိုက်ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပရာ အမျိုးသမီး ၄၈ ကီလိုတန်း ဗိုလ်လုပွဲတွင် မြန်မာကစားသမား ချယ်ရီသန်း က ဗီယက်နမ်ကစားသမားကို အရေးနိမ့်ပြီး ငွေတံဆိပ်ဖြင့် ကျေနပ်ခဲ့ရသည်။ ကြေးတံဆိပ် ဆုကို အမျိုးသား ၇၀ ကီလို တန်းတွင် နေဝင်းထွဋ်က ရရှိခဲ့ သည်။
ညီမြတ်သော်တာ