
နေပြည်တော် မေ ၁၁
ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှု အောက်ရှိ မီးသတ်ဦးစီးဌာန မှ မုန်တိုင်းဘေးအန္တရာယ် ကျရောက်လာပါက ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ၊ အရေးပေါ်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများနှင့် အရေးပေါ်ပြုစု ခြင်း၊ အရေးပေါ်ရွှေ့ပြောင်းပေး ခြင်းလုပ်ငန်းများကို လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီး / ပြည်နယ် အသီးသီး၌ ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများ၊ ရှာဖွေကယ်ဆယ် ရေးလုပ်ငန်းသုံး ပစ္စည်းကိရိယာ များ၊ ရိက္ခာများ အသင့်စုဖွဲ့ထားရှိ ခြင်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ မိုးညှင်းမြို့ နယ်၊ ပူတာအိုမြို့နယ်၊ တနင်္သာရီ တိုင်းဒေသကြီး ကော့သောင်းမြို့ နယ်၊ ပုလောမြို့နယ်၊ ပဲခူးတိုင်း ဒေသကြီး ကဝမြို့နယ်၊ သနပ်ပင် မြို့နယ်၊ မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၊ မန္တလေးတိုင်း ဒေသကြီး အောင်မြေသာစံမြို့ နယ်၊ မွန်ပြည်နယ် မုဒုံမြို့နယ်၊ ရခိုင်ပြည်နယ် ပေါက်တောမြို့ နယ်၊ ရသေ့တောင်မြို့နယ်၊ ပုဏ္ဏား ကျွန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသ ကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်နှင့် ဧရာဝတီတိုင်းဒေသ ကြီး ပုသိမ်မြို့နယ်နှင့် လပွတ္တာမြို့ နယ်တို့တွင် ပြည်သူများအနေ ဖြင့် မုန်တိုင်းဘေးအန္တရာယ် ကျရောက်လာပါက ကြိုတင် ကာကွယ်နိုင်ရေး မီးသတ်တပ်ဖွဲ့ ဝင်များက အသိပေးနှိုးဆော်ခြင်း များ၊ အသိပညာပေးခြင်းများ ကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များ၊ ခရိုင်များ၊ မြို့နယ် များရှိ မီးသတ်စခန်းအသီးသီးတွင် လည်း ကူညီကယ်ဆယ်ရေး လုပ်ငန်းများ၊ အရေးပေါ်ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ၊ အရေးပေါ်ပြုစုခြင်း၊ အရေးပေါ် ရွှေ့ပြောင်းပေးခြင်း လုပ်ငန်းများ ကို လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက် နိုင်ရေးအတွက် အသင့်ကြိုတင် ပြင်ဆင် သရုပ်လေ့ကျင့်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
သတင်းစဉ်