မန္တလေးမြို့၌ အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှု ဆရာဖြစ်သင်တန်းများ ဖွင့်လှစ်

 

မန္တလေး  မေ  ၁၁


မန္တလေးတိုင်းဒေသကြီး   အထွေ ထွေ    အုပ်ချုပ်ရေးဦးစီးဌာနက ကျင်းပသည့်  အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှု   ဆရာဖြစ်    ဆင့်ပွား သင်တန်း   ဖွင့်ပွဲအခမ်းအနားကို မေ ၈ ရက်က  မဟာအောင်မြေ မြို့နယ်  အမှတ်   (၁၆)   အခြေခံ ပညာအထက်တန်းကျောင်း ပညာ ရတနာခန်းမ၌ ကျင်းပသည်။

 


ရှေးဦးစွာ    မန္တလေးတိုင်း ဒေသကြီး   မိသားစုစည်းရုံးရေး နှင့်    စည်းကမ်းထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်သီတာအောင် က အမှာစကား    ပြောကြားပြီး မဟာအောင်မြေခရိုင်    မိသားစု စည်းရုံးရေးနှင့်      စည်းကမ်း ထိန်းသိမ်းရေးကော်မတီ   ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသန့်က    အခြေခံ  ဗုဒ္ဓ ဘာသာယဉ်ကျေးမှု   ဆရာဖြစ် ဆင့်ပွားသင်တန်း   ဖွင့်လှစ်မှုနှင့် ပတ်သက်၍    ရှင်းလင်းတင်ပြ သည်။ ထို့နောက် တိုင်းဒေသကြီး      မိခင်နှင့်   ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နှင့်   တိုင်းဒေသ ကြီး  အမျိုးသမီးရေးရာအဖွဲ့တို့ ကတစ်မြို့နယ်လျှင် ထောက်ပံ့ ငွေကျပ်   တစ်သိန်းစီ     ထောက်ပံ့ ပေးအပ်သည်။

 


အခမ်းအနားသို့  တိုင်းဒေသ ကြီး/ခရိုင်/မြို့နယ်    မိသားစု  စည်းရုံးရေးနှင့်        စည်းကမ်း ထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊    သင်တန်း နည်းပြများနှင့်   သင်တန်းသူ  ၂၅  ဦး  တက်ရောက်ကြပြီး   သင်တန်း ကာလ     ငါးရက်ဖြစ်ကြောင်း သိရသည်။

 


ဆက်လက်၍ တိုင်းဒေသကြီး ဥက္ကဋ္ဌနှင့် ကော်မတီဝင်များသည် အောင်မြေသာစံခရိုင်    အခြေခံ ဗုဒ္ဓဘာသာ    ဆရာဖြစ်    ဆင့်ပွား သင်တန်းသို့    တက်ရောက်ကြ ကြောင်း  သိရသည်။           

ဇော်ဘီ