သဘာဝဘေးအန္တရာယ်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများပြုလုပ်၊ ကယ်ဆယ်ရေးပစ္စည်းများနှင့် အထောက်အကူပြုပစ္စည်းများ အသင့်ပြင်ဆင်ထားရှိမှုများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော်  မေ   ၁၀


ဘင်္ဂလားပင်လယ်အော်   အရှေ့ တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ် လျက်ရှိသော ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတွင်   ဖြစ်ပေါ်လျက် ရှိသည့် လေဖိအားနည်းရပ်ဝန်း သည် တဖြည်းဖြည်း အားကောင်း လာကာ    ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့    ရောက်ရှိလာနိုင်ပြီး ခန့်မှန်းချက်များအရ မြန်မာနိုင်ငံ ဘက်သို့ ဖြတ်သန်းဝင်ရောက်နိုင် သည့်အခြေအနေ   ရှိနေသဖြင့် သဘာဝဘေးအန္တရာယ်ကျရောက် လာပါက   အရေးပေါ်စီမံခန့်ခွဲ ခြင်း၊ တုံ့ပြန်ခြင်း၊   ကယ်ဆယ်ရေး နှင့်    ပူးပေါင်းဆောင်ရွက်ခြင်း၊ ပြန်လည်ထူထောင်ရေး   ဆိုင်ရာ ကိုယ်စီလုပ်ငန်းတာဝန်များအား ဇာတ်တိုက်လေ့ကျင့်ခြင်းများကို တိုင်းဒေသကြီးနှင့်     ပြည်နယ် အသီးသီး၌   ဆောင်ရွက်လျက်ရှိ သည်။

 


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(တောင် ပိုင်း)၊   နမ့်စန်မြို့၊    မိုင်းပန်မြို့၊ မိုင်းနောင်မြို့နှင့် မိုင်းရှူးမြို့တို့ရှိ မြို့နယ်   အားကစားကွင်းများ၌ လည်းကောင်း၊     ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် ကျေးတောပိုက် ဆိပ်ကျေးရွာ၊    အခြေခံပညာ အလယ်တန်းကျောင်း၌    လည်း ကောင်း အသီးသီးစုဖွဲ့၍ နယ်မြေခံ တပ်မတော်သားများက ပြည်သူ့ စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၊ မြန်မာ နိုင်ငံ   ရဲတပ်ဖွဲ့ဝင်များ၊  မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့ များ၊ ဒေသခံတိုင်းရင်းသားပြည်သူ များနှင့်  ပူးပေါင်း၍ ဇာတ်တိုက် လေ့ကျင့်မှုများကို ဆောင်ရွက်ကြ သည်။   ယင်းသို့    ဇာတ်တိုက် လေ့ကျင့်နေမှုများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များ မှ  ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာန ချုပ်များမှ တိုင်းမှူးများနှင့်တာဝန် ရှိသူများက သွားရောက်ကြည့်ရှု အားပေးကြပြီး   လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

 


ထို့ပြင်       သဘာဝဘေး အန္တရာယ်     ကျရောက်လာပါက ဒေသခံပြည်သူများအား အချိန်နှင့် တစ်ပြေးညီ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ    ဆောင်ရွက်ပေး နိုင်ရေးအတွက်     သဘာဝဘေး အန္တရာယ်ဆိုင်ရာ ကူညီကယ်ဆယ် ရေးအဖွဲ့များ    ကြိုတင်ပြင်ဆင် ထားရှိခြင်း၊ ကယ်ဆယ်ရေးပစ္စည်း များနှင့် အခြားအထောက်အကူပြု ပစ္စည်းများ သိုလှောင်ထားရှိခြင်း၊ မုန်တိုင်းဒဏ်ခံ     ကာကွယ်ရေး အဆောက်အဦ (Cyclone Shel-ter)  များ    ပြင်ဆင်ထားရှိခြင်း၊ ရိက္ခာအမယ်        ငါးမျိုးနှင့် သောက်သုံးရေ  လုံလောက်စွာရရှိ ရန် ဆောင်ရွက်ထားရှိခြင်းတို့ကို သက်ဆိုင်ရာ     နယ်မြေအလိုက် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက် ရှိသည်။

 


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ    ပြည်သူ့ရင်ပြင်၌ သဘာဝဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး ပြင်ဆင်စုဖွဲ့ဆောင် ရွက်ထားရှိမှုများ၊    ယာဉ်/စက် ကိရိယာများ အသင့်စုဖွဲ့ပြင်ဆင် ထားမှုများကို    တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ရန်ကုန် တိုင်းစစ်ဌာနချုပ်       တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက   သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြ သည်။

 


ထို့ပြင် ချင်းပြည်နယ်အတွင်း သဘာဝ  ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်း တွင် ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ  ပြည်နယ်ဝန်ကြီးချုပ်  ဒေါက်တာ ဝုန်ဆွန်းထန် က   အမှာစကား ပြောကြားပြီး    အစည်းအဝေး တက်ရောက်လာ      သူများ၏ ဆွေးနွေးတင်ပြမှုများ     အပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။                  

သတင်းစဉ်