ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျနိုင်ငံ သံအမတ်ကြီးကို လက်ခံတွေ့ဆုံ

 

နေပြည်တော်  မေ  ၁၀

 


နိုင်ငံခြားရေးဝန်ကြီးဌာန   ပြည် ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ပြည်ထောင်စုသမ္မတ  မြန်မာနိုင်ငံ တော်ဆိုင်ရာ ဆော်ဒီအာရေဗျနိုင်ငံ သံအမတ်ကြီး မစ္စတာ ဆာအု(ဒ်) ဘင် အဗ္ဗဒူ (လ်)လာ  အယ်လ်စုဘိုင် ကို  ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီး ဌာန    ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌  လက်ခံတွေ့ဆုံသည်။ 

 


တွေ့ဆုံစဉ်   မြန်မာ-ဆော်ဒီ အာရေဗျ နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသော  ဆက်ဆံ ရေး တိုးတက်ခိုင်မာရေး၊ ရင်းနှီး မြှုပ်နှံမှုနှင့် ကုန်သွယ်ရေးကဏ္ဍ များ အပါအဝင်   နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် သွားရေး၊  ဒေသတွင်းနှင့်    နိုင်ငံ တကာမျက်နှာစာတို့တွင်     ပိုမို နီးကပ်စွာ   ပူးပေါင်းဆောင်ရွက် သွားရေး စသည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍      ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြ သည်။

 

သတင်းစဉ်