
နေပြည်တော် မေ ၉
ယူရီးယားမြေဩဇာ ဖြန့်ဖြူး ရောင်းချရေး ဦးဆောင်ကော်မတီ အစည်းအဝေးနှင့် ဒေသအခြေပြု ကျေးလက်ဘက်စုံ ဖွံ့ဖြိုးရေးစီမံ ကိန်း အကောင်အထည်ဖော်ရေးအစည်းအဝေးများကို ယနေ့ နံနက်ပိုင်းတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အစည်းအဝေးခန်းမများ၌ ကျင်းပ သည်။
ယူရီးယားမြေဩဇာ ဖြန့်ဖြူး ရောင်းချရေး ဦးဆောင်ကော်မတီ အစည်းအဝေးတွင် ဦးဆောင် ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးလှမိုးက စံချိန်စံညွှန်း ပြည့်ဝသော ဓာတ်မြေဩဇာများ နှင့် ပိုးသတ်ဆေးများ ဈေးနှုန်း သက်သာစွာ အချိန်မီဖြန့်ဖြူး ရောင်းချနိုင်ရေး အလေးထား ဆောင်ရွက်နေကြောင်း၊ ၂၀၂၃ ခုနှစ် ဧပြီလကုန်အထိ ယူရီးယား မြေဩဇာ တန်ချိန် ၁၁ ဒသမ ၂၂ သိန်းနှင့် ကွန်ပေါင်းမြေဩဇာ တန်ချိန် ၁၁ ဒသမ ၁၁ သိန်း တင်သွင်းနိုင်အောင် စိစစ် ထောက်ခံ ဆောင်ရွက်ပေးနိုင်ခဲ့ ကြောင်း၊ ထို့အတူ ပိုးသတ်ဆေး များ တင်သွင်းနိုင်အောင်လည်း ထောက်ခံပေးခဲ့ကြောင်း။
လာမည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာ နှစ် မိုးရာသီတွင် စိုက်ပျိုးမည့် စပါးအပါအဝင် အခြားသီးနှံ ရှစ်မျိုးအတွက် စိုက်ပျိုးရန် လျာထားဧက ၂၂ ဒသမ ၄၈ သန်းရှိရာ ယူရီးယား၊ ကွန်ပေါင်း၊ တီစူပါနှင့်ပိုတက် စုစုပေါင်း ဓာတ်မြေဩဇာတန်ချိန် ၂ ဒသမ ၈၇ သန်းခန့်နှင့် ပိုးသတ်ဆေး မက်ထရစ်တန် ၃၄၄၈၉ တန် လိုအပ်မည်ဟု စိုက်ပျိုးရေးဦးစီး ဌာနမှ တွက်ချက်တင်ပြထားပြီး မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များ အသင်းက ယခုနှစ်မိုးရာသီ အတွက် ဓာတ်မြေဩဇာတန်ချိန် ၁ ဒသမ ၂ သန်းခန့်နှင့် ပိုးသတ် ဆေးတန်ချိန် ၃၈၈၅၀ တန်ကို ကနဦးခွင့်ပြုထောက်ခံပေးနိုင်ရေး ဦးဆောင်ကော်မတီသို့ တင်ပြ ထားကြောင်း၊ တောင်သူများ လိုအပ်သည့် သွင်းအားစုများနှင့် အရင်းအနှီးများ အချိန်မီရရှိရေး ပွင့်လင်းစွာ ဆွေးနွေးကြစေလို ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုး ရေး ဆေးလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် နှင့် တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်နေမှုများနှင့် ဆက် လက်ဆောင်ရွက်မည့် အစီအစဉ် များကို သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေး တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်း ပေါင်းစပ် ဖြေရှင်းဆောင်ရွက် ပေးသည်။
ထို့နောက် ဒေသအခြေပြု ကျေးလက်ဘက်စုံဖွံ့ဖြိုးရေး စီမံ ကိန်း အကောင်အထည်ဖော်ရေး အစည်းအဝေးကို ဆက်လက် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး က မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဘက်စုံကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်နေကြောင်း၊ ဒေသ အခြေပြု ကျေးလက်ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းသည် ကျေးလက် ဒေသ စိုက်ပျိုးထုတ်လုပ်မှု၊ စားနပ် ရိက္ခာဖူလုံမှုတို့ကို မြှင့်တင်ပေးနိုင် ခြင်း၊ အစိုးရ-ပုဂ္ဂလိက-ပြည်သူ ပူးပေါင်းဆောင်ရွက်မှု တိုးမြင့်လာ စေခြင်းအပြင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးရည်မှန်းချက်များ ပြည့်မီ အောင် ဆောင်ရွက်ရာတွင် ပြည့်စုံ ကြွယ်ဝသော၊ အားလုံးပါဝင်နိုင် သော ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် ကျေးလက်ဖွံ့ဖြိုးရေးနှင့် စီးပွား ရေး ဖွံ့ဖြိုးတိုးတက်သော ပတ်ဝန်း ကျင်ကောင်းများ ဖြစ်ပေါ်လာရေး အတွက် အထောက်အပံ့ကောင်း တစ်ခုဖြစ်လာစေမည်ဟု ယုံကြည် ပါကြောင်း ပြောကြားသည်။
ထို့နောက် အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က ဒေသအခြေပြု ကျေးလက်ဘက်စုံဖွံ့ဖြိုးရေး စီမံ ကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းအစီအမံ များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေး ဆေးလုပ်ငန်းရှင်များ အသင်း၊ မြန်မာ့ Awba ကုမ္ပဏီ၊ အောင်နိုင် သစ္စာကုမ္ပဏီ၊ ယွန်းလျှံကုမ္ပဏီ၊ စိုက်ပျိုးရေးကုမ္ပဏီများနှင့် ဦးစီး ဌာနများမှ ကိုယ်စားလှယ်များက လုပ်ငန်းဆောင်ရွက်မည့် အစီ အစဉ်များ ရှင်းလင်းတင်ပြ ဆွေးနွေးကြရာ ပြည်ထောင်စု ဝန်ကြီးက လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
အဆိုပါ အစည်းအဝေးများသို့ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးနှင့် ဦးမြင့်စိုး၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူး ချုပ်များ၊ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်၊ မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေး လုပ်ငန်းရှင်များအသင်း၊ စိုက်ပျိုး ရေး ကုမ္ပဏီများနှင့် တာဝန်ရှိသူ များ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်