
နေပြည်တော် မေ ၅
မိုးကြိုကာလနှင့် မိုးရာသီကာလတွင် ဖြစ်ပွားနိုင်သည့် သဘာဝဘေးအန္တရာယ်များအတွက် ကျန်းမာရေး ကဏ္ဍကြိုတင်ပြင်ဆင်မှု အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း တက်ရောက် သည်။
ထိခိုက်ဆုံးရှုံးမှုများကြုံတွေ့
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ် ဖြစ်ပွားနိုင် ခြေများသည့် နိုင်ငံများတွင်ပါဝင်ပြီး လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း ကြီးမားစွာဖြစ်ပွားခဲ့သည့် ဘေးအန္တရာယ်ဖြစ်စဉ်များတွင်လည်း ထိခိုက်ဆုံးရှုံးမှု များ ကြုံတွေ့ခဲ့ရပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ယခင်နှစ်များတွင်လည်း ဘေးအန္တရာယ် ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အတွက် စွမ်းရည်မြှင့်တင်မှု သင်တန်းအမျိုးမျိုးကို ဆောင်ရွက်ခဲ့ပြီး ယခု ၂၀၂၃ ခုနှစ် ဧပြီလအတွင်း ၌လည်း စောစီးစွာသတင်းရယူခြင်းနှင့် တုံ့ပြန် ဆောင်ရွက်ခြင်းစနစ် (Early Warning, Alert and Response System-EWARS) သင်တန်းကို ပြုလုပ်ခဲ့ ပါကြောင်း။
ကြိုတင်ပြင်ဆင်မှုများအလေးထားဆောင်ရွက်
မိုးကြိုကာလနှင့် မိုးရာသီကာလတွင် ဘင်္ဂလား ပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းများ ဖြစ်ပေါ်ခြင်း၊ ထိုသို့ လေဖိအားနည်းရပ်ဝန်းများမှ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်နှင့် မုန်တိုင်း တို့ ဖြစ်ပေါ်လာနိုင်သဖြင့် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ကြေညာချက်များ ကိုလည်း မျက်ခြည်မပြတ် စောင့်ကြပ်ကြည့်ရှုစေ လိုပါကြောင်း၊ ထိုသို့သော ဘေးအန္တရာယ်များအတွက် မိမိတို့ ကျန်းမာရေးကဏ္ဍမှ ကြိုတင်ပြင်ဆင်မှုများ ကို ပြည့်စုံသေချာစေရေးအတွက် ဆန်းစစ်မှုပုံစံ (Checklist) များဖြင့် စနစ်တကျကြိုတင်ပြင်ဆင် လုပ်ဆောင်ထားစေလိုပါကြောင်း၊ အထူးသဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့အနေဖြင့် ကြိုတင် ပြင်ဆင်မှုများကို အလေးထားဆောင်ရွက်စေလိုပါ ကြောင်း။
အရေးပေါ်တုံ့ပြန်ရေးအသင့်ပြုလုပ်ထား
ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနများ၏ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ ကွပ်ကဲမှုစင်တာ (Public Health Emergency Operations Center) များကို လည်း အသင့်အနေထားတွင် ထားရှိရမည်ဖြစ်ပါ ကြောင်း၊ ကြိုတင်ဖွဲ့စည်းထားသည့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး အဖွဲ့ (Rapid Response Team) များ၊ ခရိုင်နှင့် မြို့နယ်အဆင့် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး အဖွဲ့များကိုလည်း အသင့်အနေအထား ပြုလုပ်ထား စေလိုပါကြောင်း။
မုန်တိုင်းဘေးအန္တရာယ်ကဲ့သို့ ကြိုတင်သိရှိ နိုင်သော ဘေးအန္တရာယ်အတွက်သာမက ကြိုတင် ခန့်မှန်းရခက်ခဲသော ဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်မှုများ အမြဲမပြတ်လုပ်ဆောင်ထား ရှိစေရေး တိုက်တွန်းလိုပါကြောင်း၊ ထိုသို့ဆောင်ရွက် ရာတွင် လူ့စွမ်းအားအရင်းအမြစ်များအား စနစ် တကျစီမံခန့်ခွဲမှု၊ အရေးပေါ်ဆေးနှင့် ဆေးပစ္စည်းများ စီမံခန့်ခွဲမှုတို့သည် အရေးကြီးပါကြောင်း။
အတွေ့အကြုံများပါဝင်ဆွေးနွေး
တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် အဆင့်များတွင်လည်း သက်ဆိုင်ရာ အစိုးရအဖွဲ့များ ၏ လမ်းညွှန်ချက်များရယူကာ နှီးနွှယ်ဌာနဆိုင်ရာ များနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်သည့်အခါ ယခင်က ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံကောင်း များကို အခြေခံကာ ဆောင်ရွက်စေလိုပါကြောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် “မိုးကြိုကာလနှင့် မိုးရာသီကာလတွင် ဖြစ်ပွားနိုင်သည့် ဘေးအန္တရာယ် များအတွက် ကျန်းမာရေးကဏ္ဍ ကြိုတင်ပြင်ဆင်မှု အလုပ်ရုံဆွေးနွေးပွဲ”ကိုလည်း ယနေ့မှ နှစ်ရက် ဆက်လက်ပြုလုပ်သွားမည်ဖြစ်သဖြင့် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနများမှ တက်ရောက်လာသူများအနေဖြင့် မိမိတို့၏ အတွေ့အကြုံများကို အခြေခံကာ ပါဝင် ဆွေးနွေးဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြား သည်။
ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းက အမှာ စကားပြောကြားသည်။
ယင်းနောက် သဘာဝဘေးနှင့် ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေ တုံ့ပြန်ဆောင်ရွက်ရေး ဌာနခွဲက ဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှုနှင့် စီမံခန့်ခွဲမှုလုပ်ငန်းများနှင့် ပတ်သက်၍ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို တင်ပြကြသည်။
ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများတင်ပြ
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက် လာကြသော ပြည်ထောင်စုနယ်မြေ နေပြည်တော် နှင့် တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနများမှ တာဝန်ရှိသူများက ယခင် နှစ်များတွင်ဖြစ်ပွားခဲ့သော ဘေးအန္တရာယ်ဖြစ်စဉ် များတွင် တုံ့ပြန်ဆောင်ရွက်ခဲ့မှုများ၊ ဆေးရုံများနှင့် ကျန်းမာရေးဌာနများ၊ အရေးပေါ်တုံ့ပြန်ဆောင်ရွက် ရေးအဖွဲ့များ၊ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေ အနေကွပ်ကဲမှုစင်တာများ၊ ဆေးနှင့်ဆေးပစ္စည်း ကိရိယာများ ပြင်ဆင်ထားရှိမှု အခြေအနေများ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုကိုခံယူပြီး နှီးနွှယ်ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ ပူးပေါင်းဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်နေသည့် ကြိုတင် ပြင်ဆင်မှုလုပ်ငန်းများကို ရှင်းလင်းတင်ပြကြ သည်။
ဆွေးနွေးချက်များအပေါ် ကျန်းမာရေးဝန်ကြီး ဌာန ညွှန်ကြားရေးမှူးချုပ်၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူး များနှင့် တာဝန်ရှိသူများက ဝိုင်းဝန်းဆွေးနွေးမှုများနှင့် အကြံပြုမှုများကို ဆောင်ရွက်ကြသည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနများမှ တာဝန်ရှိသူများနှင့်အတူ မိုးကြိုကာလနှင့် မိုးရာသီကာလတွင် ဖြစ်ပွားနိုင်သည့် သဘာဝ ဘေးအန္တရာယ်များအတွက် ကျန်းမာရေးကဏ္ဍ ကြိုတင်ပြင်ဆင်မှု အလုပ်ရုံဆွေးနွေးပွဲကို ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတွင် မေ ၆ ရက်တွင် ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်