
နေပြည်တော် မေ ၅
၂၀၂၃ ခုနှစ် မေ ၅ ရက် ယနေ့တွင်ကျရောက်သော (၇၇)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားများကို ယနေ့တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း အားကစားကွင်း ရှမ်း ပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ လားရှိုးခရိုင်မီးသတ်ဦးစီးမှူးရုံး မွန်ပြည်နယ် မော်လမြိုင်မြို့ ပြည်နယ်မီးသတ်ဦးစီးဌာနမှူးရုံး၊ ရန်ကုန်တိုင်းဒေသ ကြီး မရမ်းကုန်းမြို့နယ်ရှိ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဌာနချုပ် စစ်ရေးပြကွင်းနှင့် ရခိုင်ပြည်နယ် စစ်တွေ မြို့ ခိုင်သဇင်ပန်းခြံရှိ မြို့တော်ခန်းမတို့၌ ပြုလုပ် ကြရာ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက် ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ သန္ဓေ/အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် လူမှုရေးအသင်းအဖွဲ့များ တက် ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက (၇၇) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ အခမ်းအနား မိန့်ခွန်းများ ပြောကြားကြသည်။ ထို့နောက် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက ဆုရရှိကြသည့် မီးသတ်တပ်ဖွဲ့ဝင်များကို ဂုဏ်ပြု ချီးမြှင့်ငွေများ၊ ဂုဏ်ပြုဆုတံဆိပ်များနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက ပြခန်းများတွင် ခင်းကျင်းပြသထားသည့် မီးသတ် ပစ္စည်းကိရိယာများအား လှည့်လည်ကြည့်ရှုကြပြီး မီးသတ်တပ်ဖွဲ့ဝင်များ၏ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေ ကယ်ဆယ်ရေး သရုပ်ပြသမှုများကို ကြည့်ရှုအားပေး ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်