ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအား ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO)၏ ဆွေးနွေးဖက်နိုင်ငံအဖြစ် ခွင့်ပြုကြောင်း စာချွန်လွှာလက်မှတ်ရေးထိုး

 

နေပြည်တော်  မေ   ၅


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအား ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (Shanghai Cooperation Organisation- SCO) ၏ ဆွေးနွေးဖက်နိုင်ငံအဖြစ် ခွင့်ပြုကြောင်း စာချွန်လွှာကို အိန္ဒိယနိုင်ငံ၊ ဂိုအာမြို့၌ ၂၀၂၃ ခုနှစ်၊ မေလ ၄ ရက်မှ ၅ ရက်အထိ ကျင်းပလျက်ရှိသည့်  ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၏ ဆက်စပ်အစည်းအဝေးကာလအတွင်း အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်နှင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ၏ အထွေထွေအတွင်းရေးမှူးချုပ် Mr. Zhang Ming တို့က ၅-၅-၂၀၂၃ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။

 


အဆိုပါ လက်မှတ်ရေးထိုးပွဲ   အခမ်း အနားသို့   ၂၀၂၃   ခုနှစ်တွင်   မြန်မာနိုင်ငံ နှင့်အတူ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှု အဖွဲ့ (SCO) ၏    ဆွေးနွေးဖက်နိုင်ငံများ ဖြစ်လာသည့်       အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ကူဝိတ်နှင့် မော်လ်ဒိုက်ဗ် နိုင်ငံတို့မှ    ကိုယ်စားလှယ်များလည်း တက်ရောက်     လက်မှတ်ရေးထိုးခဲ့ကြ သည်။

 


ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) သည် အစိုးရအချင်းချင်းအကြား ပူးပေါင်းဆောင်ရွက်သော    အဖွဲ့အစည်း တစ်ခုဖြစ်ပြီး၊ ၂၀၀၁ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့က တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့တွင် စတင်ဖွဲ့စည်းခဲ့သည်။  ယခုအခါ  SCO  ၏    တင်းပြည့်အဖွဲ့ဝင်များမှာ    တရုတ်၊ အိန္ဒိယ၊   ကာဇက်စတန်၊   ကာဂျစ်စတန်၊ ပါကစ္စတန်၊    ရုရှား၊  တာဂျစ်ကစ္စတန်နှင့် ဥဇဘတ်ကစ္စတန်နိုင်ငံတို့ဖြစ်ကြသည်။ SCO   သည်       အဖွဲ့ဝင်နိုင်ငံများအကြား နိုင်ငံရေး၊   ကုန်သွယ်ရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ ယဉ်ကျေးမှု၊ ပညာရေး၊ စွမ်းအင်၊ ပို့ဆောင်ဆက်သွယ် ရေး   စသည့်နယ်ပယ်များတွင်     အဓိက ပူးပေါင်း     ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သတင်းစဉ်