
နေပြည်တော် မေ ၅
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဗဟို ကော်မတီ၏ လုပ်ငန်းကော်မတီတစ်ရပ်ဖြစ်သော ကုလသမဂ္ဂအဖွဲ့အစည်း များ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း ကော်မတီ၏ (၁/၂၀၂၃) ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဧရာဝတီခန်းမ၌ ကျင်းပသည်။
ပြန်လည်နေရာချထားရေး လုပ်ငန်းများ အဆင်ပြေချောမွေ့ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိ
အစည်းအဝေးတွင် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကို ရှေ့ပြေးစမ်းသပ်စီမံကိန်း (Pilot Project) ဖြင့် ပြန်လည်လက်ခံရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ နေရပ်စွန့်ခွာသူများ ပြန်လည် ဝင်ရောက်လာပါက ၎င်းတို့၏ လူမှုဘဝတည်ငြိမ်ရေးအတွက် ဆောင်ရွက် ပေးရန် အရေးကြီးကြောင်း၊ နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထား ရေးနှင့် ဘဝရပ်တည်ရေးကိစ္စတို့အတွက် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားသည်။
ဆွေးနွေးပြောကြား
အစည်းအဝေးသို့ တက်ရောက်သည့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီပေး ရေးကိစ္စရပ်များ အဆင်ပြေချောမွေ့မှုရှိစေရေး သက်ဆိုင်သူအားလုံး အကြား ပူးပေါင်းဆောင်ရွက်ရေးနှင့် ယင်းကဲ့သို့ ဆောင်ရွက်ချက်များကို နိုင်ငံတကာအသိုက်အဝန်းမှ သိရှိရေးဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အစည်းအဝေးတက်ရောက်လာသည့် လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာဝါဝါမောင် အပါအဝင် ကော်မတီဝင်များက ရခိုင် ပြည်နယ်တွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများအလိုက် လက်ရှိလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် တိုးတက်မှုအခြေအနေများ၊ ရှေ့ပြေးစမ်းသပ်စီမံ ကိန်း (Pilot Project) ဖြင့် ပြန်လည်လက်ခံရန် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ဝန်ကြီးဌာနများအကြား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရသည့် လုပ်ငန်းများကို ဆွေးနွေးတင်ပြကြသည်။
ရှင်းလင်းတင်ပြ
ဆက်လက်၍ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး ဖြစ်သူ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က လုပ်ငန်း ကော်မတီ၏ ၁/၂၀၂၂ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက် ထားရှိမှု အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်ရန်ရှိသည့် ကိစ္စရပ် များကို ရှင်းလင်းတင်ပြခဲ့ပြီး တွဲဖက်အတွင်းရေးမှူး ပြန်ကြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က သတင်းမှန်ပြန်ကြားရေးကို ထိရောက်စွာ ဆောင်ရွက်သွားမည့်ကိစ္စရပ်များကို ဆွေးနွေးတင်ပြ သည်။
အသိုက်အဝန်းများအကြား မျှတစွာ အကူအညီပေးအပ်ရေး
ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် ပြောကြားရာတွင် ရခိုင်ပြည်နယ် တွင်း အကူအညီများ ပေးအပ်ရာ၌ အသိုက်အဝန်းများအကြား ခွဲခြားမှု မရှိ မျှတစွာ ပေးအပ်ရေးသည် အရေးကြီးကြောင်း ပြောကြားသည်။
သတင်းစဉ်