တစ်ပတ်အတွင်း ဘုရင့်‌နောင်ကုန်စည်ဈေးကွက်

 

ယခုသီတင်းပတ်အတွင်း          ဘုရင့်နောင်ကုန်စည်ဈေးကွက်တွင် ကြက်သွန်နီနှင့် သကြားဈေးတက်ခဲ့ပြီး စားအုန်းဆီဈေးများ ကျဆင်း လာခဲ့သည်။ သကြားလက်ကား တစ်ပိဿာလျှင် ကျပ် ၃၂၀၀ ဝန်းကျင် သို့ ဈေးမြင့်လာခဲ့သည်။

 


ဆန်


မေ ၂ရက် ရန်ကုန်ဆိပ်ကမ်း ဆန်ကုန်စည်ဒိုင်တွင် ဆန်တစ်အိတ် လျှင် ကျပ် ၃၀၀၀ ဝန်းကျင်   ဈေးတက်လာသော်လည်း အဝယ်နည်း လျက်ရှိသည်။ နှံကားဆန်ကြမ်း  တစ်အိတ်   ကျပ် ၆၀၀၀၀၊   သီးထပ် ဆန်ကြမ်း ကျပ်  ၆၀၀၀၀၊  နွေ  ရက်  ၉၀ ဆန်ကြမ်း   ကျပ်  ၆၇၀၀၀၊ ‌ပေါ်ကျွဲတစ်အိတ်  ကျပ် ၇၅၀၀၀  နှုန်းရှိသည်။    ပေါ်ဆန်းဆန်သစ် ဈေးနှုန်းများမှာ    ဘိုက‌လေး   ကျပ် ၈၅၀၀၀၊ ဖျာပုံ  ကျပ် ၈၈၀၀၀၊ မြောင်းမြ ကျပ် ၉၀၀၀၀၊ ရွှေဘို ကျပ် ၁၀၅၀၀၀ နှုန်း ရှိနေသည်။

 


ဆီ


ယခုအပတ် ရန်ကုန်အထိုင် လက်ကားရည်ညွှန်းဈေး စားအုန်းဆီ တစ်ပိဿာ ကျပ် ၄၅၇၀ ဖြစ်ရာ ယခင် အပတ်ထက် ရည်ညွှန်းဈေး ကျပ် ၁၁၀ ကျလာသည်။ ဧပြီ ၂၇ ရက်တွင် ဆီကန်တင်ဈေး (DOဆီထုတ် စာရွက်ဈေး) တစ်ပိဿာ ကျပ် ၆၁၅၀ နှုန်းရှိပြီး မေ  ၂  ရက်တွင် ကျပ်  ၆၀၅၀ နှုန်းသာရှိနေဆဲဖြစ်သည်။

 


ပဲအမျိုးမျိုး


ရန်ကုန်ပဲဈေးကွက်တွင် မတ်ပဲ (RC) တစ်တန်   ကျပ်  ၂၁၈၀၀၀၀၊ (SQ/RC)   တစ်တန်   ကျပ်     ၂၄၂၅၀၀၀၊  ပဲစင်းငုံနီ တစ်တန်  ကျပ် ၂၄၄၅၀၀၀၊ ပဲတီစိမ်းခရမ်းရွှေဝါ  (ထိပ်စ)   တစ်ပိဿာ  ကျပ်   ၃၇၅၀၊   ကုလားပဲခြမ်း တစ်ပိဿာ ကျပ် ၄၉၀၀/၅၁၅၀ နှုန်း အသီးသီးရှိသည်။

 


ကြက်သွန်နီ


မေ ၂  ရက်တွင် နယ်စုံမှ    ကြက်သွန်နီ  ပိဿာချိန် ၁၅၀၀၀၀ ဝင်ရောက်ပြီး ယင်းနေ့တွင် လက်ကားကြက်သွန်နီ တစ်ပိဿာဈေးနှုန်း ဆိတ်ဖြူနယ် လတ်ချော ကျပ်  ၁၄၀၀၊ လတ်သန့် ကျပ်  ၁၆၅၀၊ မုံရွာ လတ်ချော ကျပ်   ၁၄၀၀၊    လတ်သန့်    ကျပ်    ၁၇၀၀    စသည်ဖြင့် ဈေးအသီးသီးရှိသည်။  ကုန်စည်ဒိုင်ပိတ်ရက် သုံးရက်အတွင်း ဝယ်လို အားနည်းသော်လည်း ကြက်သွန်နီဈေး  အနည်းငယ်တက်လာခဲ့သည်။

 


ကြက်သွန်ဖြူ/ အာလူး/ ငရုတ်


မေ ၂ ရက် ဘုရင့်နောင်ဈေးကွက်၌ ရှမ်းအောင်ပန်း ကြက်သွန်ဖြူ လက်ကား တစ်ပိဿာ ထူး-၂ ကျပ် ၃၆၀၀၊ ထူး-၃  ကျပ်  ၄၂၀၀၊ ထူး-၄ ကျပ် ၄၄၀၀  နှင့်  ထူး-၅ ကျပ် ၆၄၀၀ ဈေးနှုန်းများအသီးသီးရှိသည်။ မေ ၂   ရက်  ဘုရင့်နောင်    အာလူးဈေးကွက်၌   အောင်ပန်းအာလူး လက်ကား  တစ်ပိဿာ A1 ကျပ် ၁၃၀၀၊ အိုကေ ကျပ် ၁၅၀၀၊ အက်စ် ဝမ်း ကျပ် ၁၆၅၀ နှင့်     အက်စ်တူး   ကျပ်   ၁၆၀၀  အသီးသီးရှိသည်။ ငရုတ်ဈေးကွက်တွင်  အိမ်မဲငရုတ်ရှည်အသစ်  လက်ကားတစ်ပိဿာ ကျပ်  ၁၀၅၀၀/၁၁၀၀၀၊ ပန်းရဲ ကျပ် ၁၂၀၀၀/၁၂၃၀၀၊ မြားနီငရုတ်ရှည် ကျပ် ၁၁၀၀၀ နှုန်းရှိသည်။  မိုးထောင်ဒီမွန် ငရုတ်လက်ကားတစ်ပိဿာ ကျပ် ၁၂၅၀၀၊ ဆင်ဖြူကျွန်း ငရုတ်ပွတစ်ပိဿာ ကျပ်  ၁၄၀၀၀/၁၇၀၀၀၊ မြစ်ဝငရုတ်ပွတစ်ပိဿာ ကျပ် ၁၃၅၀၀/၁၅၀၀၀ နှုန်းရှိသည်။ 


အောင်ခင်နိုင်