
နေပြည်တော် မေ ၄
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနတွင် တာဝန်ထမ်း ဆောင်မည့် ၂၀၂၂-၂၀၂၃ ပညာ သင်နှစ် ပြည်ထောင်စုတိုင်းရင်း သားလူငယ်များ စွမ်းရည်ဖွံ့ဖြိုး ရေး ဒီဂရီကောလိပ်(ရန်ကုန်နှင့် စစ်ကိုင်း)တို့မှ AGTI ဒီပလိုမာ သင်တန်းဆင်း ကျောင်းသား ကျောင်းသူ ၂၃ ဦအား ယနေ့နံနက် ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန၌ တွေ့ဆုံ သည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး များ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနအကြီးအကဲများနှင့် တာဝန် ရှိသူများ၊ သင်တန်းဆင်း ကျောင်းသား ကျောင်းသူများ တက်ရောက်ကြပြီး ရှေးဦးစွာ သင်တန်းဆင်း ကျောင်းသား ကျောင်းသူများက တစ်ဦးချင်း မိတ်ဆက်သည်။
ထို့နောက် ဒုတိယဝန်ကြီးချုပ် နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ဝန်ကြီးဌာနတွင် တာဝန် ထမ်းဆောင်မည့် ကျောင်းသား ကျောင်းသူများကို လှိုက်လှဲ နွေးထွေးစွာ ကြိုဆိုပါကြောင်း၊ သင်ကြားတတ်မြောက်လာသည့် ပညာရပ်များကို အခြေခံပြီး လက်တွေ့လုပ်ငန်းနယ်ပယ်တွင် ကြိုးစားလေ့လာ ဆောင်ရွက်သွား ကြရန်ဖြစ်ကြောင်း၊ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးကဏ္ဍသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှု အတွက် အရေးပါသည့်အလျောက် “ပို့ဆောင်ဆက်သွယ် ပြည်ကျိုး ရွယ်” ဟူသည့် ဆောင်ပုဒ်ချမှတ် ပြီး သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများ၊ ဆက်သွယ်ရေး ဝန်ဆောင်မှုများကို နိုင်ငံတကာ စံနှုန်းများနှင့်အညီ ဖွံ့ဖြိုးလာစေ ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိ သဖြင့် ဝန်ကြီးဌာန၏ ရည်မှန်း ချက်နှင့် တာဝန်များကို သိရှိထား ရန် လိုအပ်ကြောင်း၊ လက်တွေ့ လုပ်ငန်းနယ်ပယ်တွင် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများ၏ အတွေ့အကြုံများကို လေ့လာ သင်ယူ၍ မိမိတာဝန်ကို အကောင်း ဆုံး ကြိုးပမ်းထမ်းဆောင်ကြရန် ဖြစ်ကြောင်း၊ မောင်တို့မယ်တို့ အနေဖြင့် နိုင်ငံ့ဝန်ထမ်းအဖြစ် စတင်တာဝန် ထမ်းဆောင်ကြမည် ဖြစ်ရာ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်း ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်၊ နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆) ချက်အပါအဝင် ဝန်ထမ်းကျင့်ဝတ် များကို လိုက်နာကျင့်ကြံရမည် ဖြစ်ကြောင်း၊ စိတ်ဓာတ်စည်းကမ်း ကောင်းမွန်ပြီး တတ်မြောက်ထား သည့် နည်းပညာအသုံးချ၍ ဝန်ကြီးဌာန၏ ကောင်းကျိုး အတွက် အားထားရသူများဖြစ်လာ စေရေး ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားပြီး ဝန်ကြီး ဌာန လက်အောက်ရှိ ဌာနအဖွဲ့ အစည်း ၁၉ ခုနှင့် လုပ်ငန်း ဆောင်ရွက်မှု ဆိုင်ရာများအား အကျဉ်းချုပ် ရှင်းလင်းပြောကြား သည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာနသို့ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်နှင့်စစ်ကိုင်း)တို့မှ AGTI ဒီပလိုမာ သင်တန်းဆင်း ကျောင်းသား ကျောင်းသူ ၁၄၆ ဦး အနက် အမျိုးသား ၁၅ ဦး၊ အမျိုး သမီး ရှစ်ဦး စုစုပေါင်း ၂၃ ဦး တာဝန် ထမ်းဆောင်မည်ဖြစ်ပြီး ဝန်ကြီး ဌာနအတွင်းရှိ ဌာန ခြောက်ခုတွင် ခန့်အပ်တာဝန် ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်