အကြိမ် (၃၀) မြောက် မုတ်သုံဖိုရမ် ဆွေးနွေးပွဲကျင်းပ

 

နေပြည်တော်     ဧပြီ    ၂၉


ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ အကြိမ်(၃၀)မြောက် မုတ်သုံ ဖိုရမ်ဆွေးနွေးပွဲကို ယမန်နေ့က ပို့ဆောင် ရေးနှင့်        ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

 


မုတ်သုံဖိုရမ်ဆွေးနွေးပွဲတွင် ၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းရာသီကာလအတွက် ထုတ်ပြန်ပေးခဲ့သည့်    မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာ ယေဘုယျခန့်မှန်းချက် များ၊  အဆိုပါကာလအတွက် စိုက်ပျိုးရေး မိုးလေဝသအခြေအနေများ၊ ၂၀၂၃ ခုနှစ် မိုးရာသီကာလ (အနောက်တောင်မုတ်သုံ ရာသီကာလ) အတွက်     မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာ ယေဘုယျခန့်မှန်းချက် များနှင့်    အယ်လ်နီညိုရာသီဥတုအခြေ အနေများအား            တာဝန်ရှိသူများက သုံးသပ်ဆွေးနွေးတင်ပြကြရာ တက်ရောက် လာကြသော ဌာနများမှ တာဝန်ရှိသူများ က ဆောင်းရာသီကာလအတွင်း တွေ့ကြုံ ခဲ့သော   အခြေအနေများ၊   ၂၀၂၃   ခုနှစ် မိုးရာသီကာလအတွက်    ကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်မှု           အခြေအနေများ၊ လိုအပ်ချက်များနှင့် အကြံပြုချက်များကို ပြန်လည်ဆွေးနွေးကြသည်။

 


အဆိုပါ အခမ်းအနားသို့ ပို့ဆောင်ရေး နှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ကိုယ်စား လှယ်များ    မိုးလေဝသနှင့်   ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ကိုယ်စားလှယ်များ နှင့် ဌာနဆိုင်ရာအသီးသီးမှ ကိုယ်စားလှယ် များ စုစုပေါင်း ၁၃၁ ဦးခန့် တက်ရောက် ခဲ့ကြသည်။                                

ဇေယျာ