နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှတ်တမ်း

ယမန်နေ့မှအဆက် Myanmar National Post အယ်ဒီတာ ချုပ် နောင်တော်လေး က မေးမြန်းရာတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို ကြိုဆိုသည့်အနေဖြင့် သတင်းစာရှင်းလင်းပွဲ ကို ပထမဆုံးတက်ရောက်သတင်းရယူရခြင်း ဖြစ်ကြောင်း၊ NLD အစိုးရလက်ထက်မှာ မဲလိမ်၊ မဲခိုးမှုများနှင့်ပတ်သက်၍ ပြည်သူတွေ ဆန္ဒဖော်ထုတ်နေရင်း ရဲကို ဝင်ဆွဲခိုင်းတယ်၊ ချုပ်နှောင်ဖမ်းဆီးတယ်၊ နိုင်ငံတော်အလံကို ရဲတပ်ဖွဲ့ဝင်များက တက်နင်းပြီး ဖမ်းဆီးသည့် အခြေအနေမျိုးတွေထိ မြင်တွေ့ရကြောင်း၊ ယခုအခါ NLD ထောက်ခံသူများအနေဖြင့် ငြိမ်းစုစီနဲ့လည်း ခွင့်ပြုချက်မတင်၊ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ဥပဒေကိုလည်း ချိုးဖောက်ပြီးလုပ်နေကြောင်း၊ ဆန္ဒပြပွဲများ ကို ဘယ်အချိန်မှာ တိတိကျကျအရေးယူ ဆောင်ရွက်မည်ကိုသိလိုပါကြောင်း မေးမြန်း သည်။ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြန်လည် ဖြေကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းကို မယိမ်းမယိုင်သွားမည်ဟုခံယူထားသည့်အတွက် ဒီမိုကရေစီကျင့်စဉ်၊ ၂ဝဝ၈ အခြေခံဥပဒေပါ အရေးပေါ်ကာလ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်နေလျှင် အရေး ယူဆောင်ရွက်ရန် မရှိကြောင်း၊ ချိုးဖောက် လာသည်များကို အရေးယူဆောင်ရွက်ရန် ရှိကြောင်း၊ အရေးယူဆောင်ရွက်နေသည် များကိုလည်း ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်နေသည်များလည်း မြင်နိုင်မည် ဖြစ်ကြောင်း ဖြေကြားသည်။ Myanmar National Post အယ်ဒီတာ ချုပ် နောင်တော်လေး က ဆက်လက် မေးမြန်းရာ CDM လုပ်ရန်အတွက် လှုံ့ဆော် သူများက ဝန်ထမ်းများ၏ အိမ်ရာများထိ လမ်းများပိတ်ဆို့ပြီး ဆန္ဒဖော်ထုတ်နေခြင်းများရှိကြောင်း၊ မိမိတို့ တိုင်းပြည်တွင် ဒီမို ကရေစီစနစ်ကို စပြီးကျင့်သုံးသည်က ပါတီ ပေါင်း ၁ဝဝ ကျော်ရှိကြောင်း၊ ရွေးကောက်ပွဲ ဝင်ပြိုင်သည်က ၈ဝ ကျော်ရှိကြောင်း၊ မတူညီ ကွဲပြားသည်များရှိသည့် ကြားတွင် ငါနှင့်မတူ ငါ့ရန်သူဟု လုပ်နေခြင်း၊ ဝန်ထမ်းများတွင် လည်း NLD ပါတီကို ထောက်ခံသူရှိသကဲ့သို့ မထောက်ခံသူများလည်းရှိကြောင်း၊ အဆိုပါ ကိစ္စများကို ဘယ်လိုတားဆီးမလဲ၊ CDM လုပ်သည့်သူများအစား အစားထိုးရန် ဝန်ထမ်း အဆင်သင့်ဖြစ်ပြီလား သိလိုပါကြောင်း မေးမြန်းသည်။ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ဆက်လက် ဖြေကြားရာ ဝန်ထမ်းအိမ်ရာများကို ခြိမ်းခြောက်နေသည်များ၊ လုပ်ငန်းခွင်အထိ ခြိမ်းခြောက်နေသည်များကို တွေ့ရကြောင်း၊ ဝန်ထမ်းများနှင့်ပတ်သက်ပြီး အပြုံးမပျက် ရုံးတက်နိုင်ရေး လိုအပ်သည့်လုံခြုံရေးဆောင်ရွက်ချက်များကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဝန်ထမ်းများအား နှောင့်ယှက် နေသူများကို တည်ဆဲဥပဒေများအရ ဆက်လက်ပြီး အရေးယူဆောင်ရွက်ဖြစ် အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ CDM ကိစ္စနှင့်ပတ်သက်ပြီး အချိန်အတိုင်း အတာတစ်ခုထိ စိတ်ရှည်လက်ရှည်စောင့်နေ ပါကြောင်း၊ ပြီးသွားလျှင် သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအတိုင်း သွားရမည် ဖြစ်ကြောင်း၊ CDM လုပ်နေသည်ကို ဘယ်သူ များဖြစ်နေလဲဆိုတာ တွေ့ရမှာဖြစ်ကြောင်း၊ ပြည်သူလူထုအနေဖြင့် အထိနာနေသည်ကို တွေ့ရမှာဖြစ်ကြောင်း၊ ပြည်သူလူထုနစ်နာ လာသည်ကို Professional ဆန်ရမည့် ဝန်ထမ်းများအနေဖြင့် အဆိုပါလုပ်ဆောင် ချက်များသည် မကောင်းဘူးဆိုတာမြင်လာ မှာ ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူထားသည်မှာ ဖေဖော် ဝါရီ ၁ ရက်နေ့မှစ၍ ယနေ့ထိဖြစ်ကြောင်း၊ အစိုးရ၏ အုပ်ချုပ်ရေးယန္တရား ကောင်းမွန် စွာလည်ပတ်လျက်ရှိကြောင်း၊ ဆန္ဒပြမှုများ၊ နှောင့်ယှက်ဖျက်ဆီးမှုများ ရှိနေသည့်ကြားထဲမှ အဆိုပါကိစ္စရပ်များ လျော့နည်းသွားအောင် ညအချိန်များတွင် လုံခြုံရေးဆောင်ရွက် လျက်ရှိကြောင်း၊ ဆက်လက်ပြီးလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော် အပေါ် တာဝန်သိသစ္စာရှိသည့် ဝန်ထမ်းများ၊ ပြည်သူလူထုများအနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုကြောင်း ပြန်လည် ဖြေကြားသည်။ Myanmar National Post အယ်ဒီတာချုပ် နောင်တော်လေး က ဆက်လက်မေးမြန်းရာ CDM လှုပ်ရှားမှုတွင် အဓိကပါဝင်သူ ၇ ဦးနှင့် အနုပညာရှင်များပါဝင်ကြောင်း၊ ပါဝင်သူ ၇ ဦးကို ဖမ်းဝရမ်းထုတ်ထားခြင်းကို တွေ့ရ ကြောင်း၊ ဖမ်းမိနိုင်မှုအခြေအနေများနှင့် ပတ်သက်ပြီး သိရှိလိုပါကြောင်း မေးမြန်း သည်။ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ဆက်လက် ဖြေကြားရာ ပုဂ္ဂလိကပိုင်းဆိုင်ရာ မိမိအနေဖြင့် ပြောလိုခြင်းမရှိကြောင်း၊ သူတို့က ဘယ်လို လူတွေလဲ၊ ဘာအသက်မွေးဝမ်းကျောင်းပြုသူ တွေလဲ၊ ဘာတွေရည်မှန်းချက်ရှိလဲ ဝန်ထမ်း လည်း မဟုတ်ကြောင်း၊ ဝန်ထမ်းများအလုပ် ထိခိုက်သွားလည်း သူတို့က ထိခိုက်စရာမရှိ ကြောင်း၊ ဒါကြောင့် လုပ်နေခြင်းဖြစ်ကြောင်း၊ သို့သော် နိုင်ငံရေးခံယူချက်ကြောင့် လုပ်နေခြင်း ကို မပြောလိုကြောင်း၊ နိုင်ငံရေးထိပ်တိုက်တွေ့ မှုလမ်းကြောင်းပေါ်တွင် အစိုးရဝန်ထမ်းများကို တွန်းတင်နေခြင်းသည် မူမမှန်ဟုပြောလို ကြောင်း၊ မိမိနိုင်ငံရေး ခံယူချက်ရှိလျှင် မိမိ ဘာသာလုပ်စေလိုကြောင်း၊ အဆိုပါကိစ္စရပ်များ နှင့်ပတ်သက်ပြီး မိမိတို့အနေဖြင့် အရေးယူ ဆောင်ရွက်ထားခြင်းများရှိကြောင်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြား သည်။ BBC သတင်းဌာနမှ သတင်းထောက် ဦးအောင်သူရ က ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်ကို ဘယ်မှာထိန်းချုပ်ထား သလဲ၊ သူတို့ကို ဘယ်လိုဥပဒေတွေနှင့် တရားစွဲ ဆိုထားလဲဆိုတာ သိလိုကြောင်း မေးမြန်း သည်။ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း မှ ပြန်လည် ဖြေကြားရာတွင် ဒေါ်အောင်ဆန်းစုကြည် နှင့် သမ္မတဦးဝင်းမြင့်ကို လုံခြုံသည့်နေရာတွင် လုံခြုံမှုရှိစေရေးအတွက် ထိန်းချုပ်ထား ကြောင်း၊ ကျန်းမာရေးအခြေအနေကောင်းမွန် ကြောင်း၊ မိမိတို့အနေဖြင့် အချုပ်ချထား သည့် ပုံစံမျိုးလုပ်ဆောင်ခြင်း မရှိကြောင်း၊ သက်ဆိုင်ရာနေအိမ်တွေမှာရှိကြောင်း၊ ဥပဒေ အရ ဆက်လက်ဆောင်ရွက်ရမည့်အပိုင်းများ အား ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ဥပဒေနှင့်ကျော်လွန်ပြီး ဆောင်ရွက် သွားမှာမဟုတ်ကြောင်း ပြန်လည်ဖြေကြား သည်။ ဆက်လက်၍ BBC သတင်းဌာနမှ သတင်းထောက် ဦးအောင်သူရက ၎င်းတို့ နှစ်ဦးကို ဘယ်ဥပဒေတွေနှင့် အရေးယူထားလဲ ဟု မေးမြန်းသည်။ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ပြန်လည်ဖြေကြားရာတွင် အရေးယူခြင်းကိစ္စနှင့် သက်ဆိုင်ရာကို မေးကြည့်စေလိုကြောင်း၊ ဘယ်ဥပဒေတွေနှင့် အရေးယူထားသည်ကို မပြောနိုင်သေးကြောင်း၊ နောက်ရက်တွင်တော့ အမှုတွေနှင့်ပတ်သက်၍ ဆက်လက်ပြီးတော့ ဆောင်ရွက်သွားမည့်လုပ်ငန်းများရှိပြီး ဘယ် ဥပဒေက ဘယ်လိုဆိုတာ ခင်ဗျားတို့လည်း သိနေပြီးဖြစ်ကြောင်း ပြန်လည်ဖြေကြား သည်။ ဆက်လက်၍ BBC သတင်းဌာနမှ သတင်းထောက် ဦးအောင်သူရ က ဝန်ထမ်းတွေ CDM လှုပ်ရှားမှုနှင့် ပတ်သက်ပြီး ဘယ်လိုဖြေရှင်းရန် ဆောင်ရွက်ထားသည် ကို သိလိုကြောင်း မေးမြန်းသည်။ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြန်လည်ဖြေကြားရာတွင် CDM ကိစ္စဆောင်ရွက်နေသည့် အတွက် အစိုးရ၏ဝန်ကြီးဌာနများ၏ အုပ်ချုပ်မှု ယန္တရားရပ်တန့်သွားခြင်းမရှိ လည်ပတ်လျက် ရှိကြောင်း၊ မိမိတို့ ယခုလုပ်ဆောင်နေသည် များမှာ ဝန်ကြီးဌာနများမှာရှိသည့် တာဝန်ရှိသူ များမှ စည်းရုံးရေးနည်းလမ်းနှင့် ဆောင်ရွက် လျက်ရှိကြောင်း၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ အကြီးအကဲများမှ စည်းရုံးရေး နည်းလမ်းဖြင့် ဆောင်ရွက်ခဲ့သည့်အတွက် အောင်မြင်သင့်သလောက် အောင်မြင်ပြီဖြစ် ကြောင်း၊ ဝန်ထမ်းတော်တော်များများ အလုပ်ခွင်ဝင်ရောက်ပြီးဖြစ်ကြောင်း၊ ဆက်လက် ပြီး စည်းရုံးရေးနည်းလမ်းဖြင့် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ သို့သော် စည်းရုံးရေး နည်းလမ်းဆိုသည်မှာ အချိန်အတိုင်းအတာ တစ်ခုအထိရှိကြောင်း၊ အချိန်အတိုင်းအတာ တစ်ခုအထိမှ ဝင်ရောက်လာခြင်းမရှိခဲ့လျှင် တည်ဆဲဝန်ထမ်းစည်းမျဉ်း စည်းကမ်းများနှင့် အညီ လှုံ့ဆော်သူများကို တည်ဆဲစည်းမျဉ်း စည်းကမ်းများအပြင် တည်ဆဲဥပဒေများနှင့် အညီ မလွှဲမရှောင်သာ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ထိုသို့လည်း မဆောင် ရွက်လိုကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူလူထုအပေါ်မှာ သစ္စာရှိရှိနှင့်ဝန်ထမ်းများ ရုံးတက် နိုင်ရန် မျှော်လင့်လျက်ရှိကြောင်း ဖြေကြား သည်။ BBC သတင်းဌာနမှ သတင်းထောက် ဦးအောင်သူရက သတင်းများတွင်ကြည့်ရသည် မှာ မြန်မာ့မီးရထားဆိုလျှင် လုံးဝရပ်သွားသည့် အခြေအနေမျိုးကို တွေ့ရကြောင်း၊ ထို ပြဿနာများကို ဘယ်လိုဖြေရှင်းဖို့ စီစဉ် ထားသလဲသိလိုကြောင်း မေးမြန်း သည်။ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က တပ်မတော်အနေဖြင့် မြန်မာ့မီးရထားလို နေရာမျိုး၊ တချို့ ဆက်သွယ်ရေးနေရာမျိုး များတွင် ဝင်ရောက်ကူညီဆောင်ရွက်ပေး နိုင်သည့် အင်အားရှိကြောင်း၊ တပ်မတော်ပိုင် သည့် ရထားများဖြင့် ပြေးဆွဲပေးနိုင်သည့် အင်အားရှိကြောင်း၊ သို့သော် မလုပ်ဆောင် သေးကြောင်း၊ ဘာကြောင့်ဆိုလျှင် တပ်မတော် အနေဖြင့် အာဏာသိမ်းတာမဟုတ်ဘဲ နိုင်ငံတော်တာဝန်ကို ခေတ္တထမ်းဆောင် ခြင်းဖြစ်သည့်အတွက်ကြောင့် Profession- als လုပ်ငန်းတွေကို မိမိတို့ ဝင်မလုပ် ကြောင်း၊ သို့သော် မိမိတို့အနေဖြင့် စည်းရုံးရေးနည်းလမ်းနှင့်သွားမည်၊ နောက်ပိုင်းတွင် ပြည်သူလူထုက လိုအပ်လာလျှင် ကူညီဆောင်ရွက်မည်ဖြစ်ကြောင်း ဖြေကြား သည်။ ဆက်လက်၍ BBC သတင်းဌာနမှ သတင်းထောက် ဦးအောင်သူရက ယခုဆိုလျှင် ကုလသမဂ္ဂအပါအဝင် အနောက်နိုင်ငံတွေ၏ အရေးယူခြင်းများ၊ ပိတ်ဆို့ခြင်းများရှိကြောင်း၊ ထိုအရာကို မည်သို့ ဖြေရှင်းမည်ကို သိလိုကြောင်း မေးမြန်း သည်။ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ပြန်လည်ဖြေကြားရာတွင် မိမိတို့အနေဖြင့် အရေးယူပိတ်ဆို့မှုတွေကို မျှော်လင့်ပြီးသားဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ကမ္ဘာ့ကုလသမဂ္ဂနှင့် အခြားနိုင်ငံများကိုပါ မိတ်ဝတ်မပျက်ဆက်ဆံရေးကိုပါ ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံတိုင်းနှင့် မိတ်ဝတ်မပျက်ချစ်ကြည်ရင်းနှီးစွာ ပူးတွဲနေထိုင်ရေးကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင်ဖြစ်ပျက်နေသည့် အဖြစ် အပျက်အမှန်တွေကို သံတမန်ရေး နည်းလမ်းတွေနှင့် နိုင်ငံရေးနည်းလမ်းတွေ အရ ဆောင်ရွက်လျက်ရှိကြောင်း၊ ဘာတွေဖြစ်ပျက်နေပြီး ဘယ်လိုသဘောထားတွေ ရှိသည်ကို သတင်းများတွင် တွေ့ပြီးသားဖြစ်ကြောင်း၊ တချို့လည်း အလိုဆန္ဒတွေအရ သတင်းကို ခေါင်းစဉ်အမျိုးမျိုးတပ်ကြပြီး မူရင်းစာကိုကြည့်ရင်သိနိုင်ကြောင်း၊ ကုလသမဂ္ဂအနေဖြင့် မူရင်းပြောလိုက်သည်မှာ ဘာလဲသိနိုင်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်လည်း နိုင်ငံခြားဆက်ဆံရေး၊ အပြည်ပြည်ဆိုင်ရာဆက်ဆံရေးတွေ အနေဖြင့်ပတ်သက်ပြီး ထဲထဲဝင်ဝင်ဆောင်ရွက်လျက်ရှိကြောင်း ပြန်လည်ဖြေကြားသည်။ ဆက်လက်၍ BBC သတင်းဌာနမှ သတင်းထောက် ဦးအောင်သူရ က ယခု ဖမ်းဆီးထားသည့်ထဲတွင် ဝန်ကြီးချုပ်များ ပါဝင်ကြောင်း၊ တချို့ပြည်ထောင်စုဝန်ကြီး များ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ ကြားသိရကြောင်း၊ ထိုပုဂ္ဂိုလ်များကိုဘယ်လိုဥပဒေများနှင့် ဖမ်းဆီးထိန်းချုပ် ထားသည်ကို သိလိုကြောင်းနှင့် ဘယ်နေရာ တွင် ထိန်းချုပ်ထားသည်ကို သိလိုကြောင်း မေးမြန်းသည်။ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ပြန်လည် ဖြေကြားရာတွင် မိမိတို့အနေဖြင့် ဥပဒေနှင့် မညီသည်ကို လုပ်ဆောင်မည်မဟုတ် ကြောင်း၊ ဥပဒေအတိုင်း ဆောင်ရွက်သွား မည်၊ ဘာတွေ ဆောင်ရွက်ထားသည်ကို ဆောင်ရွက်ပြီးသည်နှင့် သိလို့ရမည်ဖြစ် ကြောင်း ပြန်လည်ဖြေကြားသည်။ Union Daily သတင်းဌာနမှ သတင်း ထောက် ပြည့်ဖြိုးနိုင် က မေးမြန်းရာတွင် ပထမဆုံးအနေဖြင့် COVID-19 နှင့်ပတ်သက် သည့် ကိစ္စမေးချင်ကြောင်း၊ COVID-19 ကာကွယ်ဆေးထိုးသည့် အစီအစဉ်များကို ဆက်လုပ်မည်ဆိုလျှင် ပြည်သူတွေ ထိုးနိုင် သည့် အခြေအနေအထိ ကျယ်ကျယ်ပြန့်ပြန့် ထိုးနိုင်အောင် မည်သို့လုပ်ဆောင်မည်၊ နောက်တစ်ချက်က COVID-19 နှင့်ပတ်သက် သည့်စည်းမျဉ်းများ ဥပမာယခုဆိုလျှင် နေပြည်တော်ကိုဝင်လျှင် Quarantine ဝင်ရ တာကို ဖြုတ်ပေးတော့မည်ဆိုပြီး သတင်း များ ထွက်နေကြောင်း၊ ထိုသတင်းများသည် တကယ်ဟုတ်ပါသလား၊ ဖြုတ်ပေးမည်လား၊ ဘယ်လိုအစီအစဉ်များရှိပါလဲ မေးမြန်း သည်။ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြန်လည် ဖြေကြားရာတွင် COVID-19 နှင့်ပတ်သက်ပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနှင့် လည်း COVID-19 နှင့်ပတ်သက်ပြီး မည်သို့ ဆောင်ရွက်မည်ဆိုသည်ကို ၎င်း၏ မိန့်ခွန်း များထဲတွင် အသေးစိတ်ပြောကြားပြီး ဖြစ် ကြောင်း၊ ဆေးအမျိုးအစားအသစ်တွေ ထပ်မံ ကူညီမယ်၊ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင်လုပ်မယ်၊ ထို့အပြင် ပုဂ္ဂလိကများအနေဖြင့် လှူဒါန်းနိုင်ရေး၊ ပုဂ္ဂလိကဆေးထိုးနိုင်ရေး၊ ဝယ်ယူပြီး ဆောလျင်စွာဆေးထိုးနိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ COVID- 19 နှင့်ပတ်သက်ပြီး ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးလုပ်ငန်းများကိုလည်း အရှိန် အဟုန်နှင့် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်သည့်အပြင် COVID-19 ရောဂါဖြစ်ပွားမှု အရှိန်လျော့ကျ နေသည့်ကာလအတွင်းမှာ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေး စည်းမျဉ်း စည်းကမ်းများနှင့်အညီ ကျောင်းများကို ပြန်ဖွင့်မှာဖြစ်ကြောင်း၊ ပညာရေးက နောက်ကျ၍မရကြောင်း၊ ကျောင်းများကို မကြာမီအချိန်အတွင်းမှာ ပြန်ဖွင့်မည် ဖြစ်ကြောင်း၊ ဆွေးနွေးညှိနှိုင်းမှုများကို စတင်လုပ်ဆောင်နေပြီ ဖြစ်ပါကြောင်း၊ နောက်ကျနေသည်မှာ နှစ်ကျော်သွားပြီ ဖြစ်သည့်အတွက် ကျန်သည့်နိုင်ငံများမှာ လည်း COVID-19 စည်းမျဉ်းစည်းကမ်းနှင့်အညီ ကျောင်းများဖွင့်နေတာရှိကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌအနေနှင့် ပညာရေးနှင့် ပတ်သက်ပြီး အထူးအလေးပေးဆောင်ရွက် လျက်ရှိပါကြောင်း၊ မိမိတို့ ခဏခဏပြောခဲ့ သလိုပဲ ကျန်းမာရေး၊ ပညာရေးသည် ဦးစားပေး တစ်ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့် ပတ်သက် လျှင် ကျန်းမာမှ အလုပ်လုပ်နိုင်မည်၊ ပညာသင် ကြားနိုင်မည်၊ ပညာသင်ကြားနိုင်မှ မိမိတို့ တိုင်းပြည်သည် လူရာဝင်မည်ဖြစ်ကြောင်း၊ ၎င်းခံယူချက်များအတိုင်း မိမိတို့ ဆောင်ရွက် လျက်ရှိကြောင်း ပြန်လည်ဖြေကြား သည်။ ဆက်လက်၍ Union Daily သတင်းဌာနမှ သတင်းထောက်ပြည့်ဖြိုးနိုင်က မေးမြန်းရာ တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြောကြားထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များကို အရင်အတိုင်းဆက်လက်လုပ်ဆောင် မည်ဆိုလျှင် နိုင်ငံခြားရင်းနှီးမြှုပ်နှံလိုသူများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေ ဖြင့် မည်သို့ဆက်လက်လုပ်ဆောင်မည်နည်း၊ ဘယ်လိုကတိတွေပေးနိုင်မည်လဲဆိုတာ သိချင် ပါကြောင်း မေးမြန်းသည်။ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြန်လည် ဖြေကြားရာတွင် စီးပွားရေးနှင့်ပတ်သက်ရင် စီးပွားရေးလုပ်ငန်းရှင်တွေပြီးရင် ဗဟိုဘဏ်၊ ဘဏ်များနှင့်တွေ့ဆုံစဉ်မှာ မိမိတို့ပြောကြား ပြီးဖြစ်ကြောင်း၊ နံပါတ်တစ် မိမိတို့အာမခံချက် ပေးနိုင်တာသည် ယခင်သဘောတူညီပြီးသား သဘောတူညီချက်များရှိကြောင်း၊ ၎င်းသဘော တူညီချက်များကို မိမိတို့ ဖျက်ပစ်မှာမဟုတ် ကြောင်း၊ ဥပဒေနှင့်အညီ ဆက်လက်ဆောင် ရွက်သွားမှာဖြစ်ကြောင်း၊ နံပါတ်နှစ်အနေနှင့် အရင်ကမူဝါဒအရ သဘောတူညီပြီးပြီ သို့သော် လက်တွေ့လုပ်ငန်းမှာတော့ မလုပ်ရသေး ကြောင်း၊ အခက်အခဲအမျိုးမျိုးကြောင့် မလုပ် နိုင်တာရှိကြောင်း၊ ဝန်ကြီးဌာနအလိုက် ထိုသို့သော လုပ်ငန်းများရှိကြောင်း၊ ဒါတွေကို ဆောလျင်စွာပြီးပြတ်အောင် မိမိတို့လုပ်ဆောင် မည်ဖြစ်ကြောင်း၊ အဲဒီလိုလုပ်ပြီး စီးပွားရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် လည်ပတ် အောင် ဆောင်ရွက်မှာဖြစ်ကြောင်း၊ နောက် တစ်ခုက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂ဝဝ၈ ခုနှစ်)အရ ဘဏ်လုပ်ငန်းများနှင့်ပတ်သက်ပြီး အာမခံ ချက်ပေးထားပါကြောင်း၊ ငွေရေးကြေးရေးနှင့် ပတ်သက်ပြီး အာမခံချက်ပေးထားကြောင်း၊ အဓိကပြောလိုတာက ဘဏ်လုပ်ငန်းများ၊ ငွေရေးကြေးရေးလုပ်ငန်းများ၊ စီးပွားရေး လုပ်ငန်းများနှင့်ပတ်သက်ပြီး ပြည်သူလူထု အနေနှင့် ကောလာဟလများကို မယုံကြဖို့ ပြောလိုကြောင်း၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မိမိတို့ နိုင်ငံ့တာဝန်များကိုစတင်ပြီး တာဝန်ယူသည့် အချိန်မှာ ဘာနှင့်စပြီး တိုက်ခိုက်သလဲဆိုလျှင် အရင်ပုံသေနည်း အဟောင်းအတိုင်းပဲ၊ တစ်သောင်းတန်များ၊ ငါးထောင်တန်များကို ဖျက်သိမ်းတော့မည်ဆိုပြီး တိုက်ခိုက်ပါကြောင်း၊ မိမိတို့သည် ဒီအခြေခံဥပဒေကို သွားနေတာ ဖြစ်ကြောင်း၊ အခြေခံဥပဒေမှာ တိတိကျကျ ရေးထားပြီးသားဖြစ်ကြောင်း၊ နိုင်ငံတော်က တရားဝင်ထုတ်ထားသည့်ငွေကြေးကို ဘယ်တော့ မှ မဖျက်သိမ်းဘူးဆိုတာ အခြေခံဥပဒေမှာ ပါပြီးသားဖြစ်ကြောင်း၊ ဒီဥပဒေအတိုင်း မိမိတို့ လိုက်နာသွားမှာဖြစ်ကြောင်း၊ အာမခံချက်များ ပါပြီးသားဖြစ်သလို ခုနကပြောသည့် ထပ်ဆင့် အာမခံချက်များကို ပြောပြီးသားဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။ ဆက်လက်၍ Union Daily သတင်းဌာနမှ သတင်းထောက်ပြည့်ဖြိုးနိုင်က မေးမြန်းရာ တွင် အခုလက်ရှိ ဘဏ်လုပ်ငန်းတွေအပါအဝင် ပုဂ္ဂလိကလုပ်ငန်းတွေမှာ လည်း CDM လုပ် သည့်သူရှိသလို မလုပ်သည့်သူများလည်းရှိ ကြောင်း၊ မလုပ်သည့်သူများကို အကြောင်း အမျိုးမျိုးနှင့် ဖိအားပေးခြင်းများ၊ ခြိမ်းခြောက် ခြင်းများရှိကြောင်း၊ အဆိုပါလုပ်ရပ်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် မည်သို့အကူအညီပေးမည်၊ မည်ကဲ့သို့ အကာ အကွယ်ပေးမည်ကို သိလိုကြောင်း မေးမြန်း သည်။ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြန်လည် ဖြေကြားရာ ဝန်ထမ်းများကိစ္စနှင့်ပတ်သက်ပြီး သက်ဆိုင်ရာဌာနအကြီးအကဲအချို့အနေဖြင့် ဆွဲဆောင်စည်းရုံးရေး နည်းလမ်းများဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ ယခုလက်ရှိလည်း ဆောင်ရွက်နေကြောင်း၊ အချို့နေရာများတွင် မည်သို့မျှထိန်းချုပ်၍ မရတော့ကြောင်း၊ ဦးဆောင်ပြီး လှုံ့ဆော်နေသူများရှိကြောင်း၊ ထိုသူများကို ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်း များအရ၊ တည်ဆဲဥပဒေအရ အရေးယူထားခြင်း များရှိကြောင်း၊ ဝန်ထမ်းများ၏ လုပ်ငန်းနှင့် ပတ်သက်ပြီး နှောင့်ယှက်နေသူများကို တည်ဆဲ ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်မှသာဖြစ်မည့် အနေအထားဖြစ် ကြောင်း ရှင်းလင်းဖြေကြားသည်။ ဆင်ဟွာသတင်းဌာနမှ သတင်းထောက် ဦးရဲမင်းဖြိုး က ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဥက္ကဋ္ဌ၏ပြောကြားချက်မှာ ထိန်းသိမ်းခံ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့် အပါအဝင် အခြားထိန်းသိမ်းထားသူ အားလုံး ကို ချက်ချင်းပြန်လွှတ်ပေးရန် တိုက်တွန်းထားမှု ရှိကြောင်း၊ ထိုအပေါ်တွင် မည်သို့လုပ်ဆောင် ပေးသွားမည်ကိုလည်း သိချင်ပါကြောင်း မေးမြန်းသည်။ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ရှင်းလင်း ပြောကြားရာတွင် အဓိက ကတော့ ဥပဒေနှင့် အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဥပဒေကိုကျော်လွန်ပြီး ဆောင်ရွက်စရာ အကြောင်းမရှိကြောင်း၊ ထိုသို့ဆောင်ရွက်သည့် အချိန်တွင်လည်း ဆောင်ရွက်သမျှကို မိမိတို့ ပြောနိုင်သည့်အချိန်တွင် ပွင့်လင်းမြင်သာစွာ ပြောသွားမည်ဖြစ်ကြောင်း၊ ပြည်သူလူထုကို လည်း ပွင့်လင်းမြင်သာအောင် အသိပေးသွား မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ Voice of Myanmar(VOM) သတင်းဌာနမှ သတင်းထောက် ဦးမောင်မောင်ထွန်း က ယခု လူထုကလမ်းပေါ်ထွက်ပြီး ဆန္ဒပြနေသည်မှာ ရက်တွေကြာနေပြီဖြစ်ပြီး သူတို့လိုချင်သည့် အချက်အလက်တွေကို သိလောက်ပြီထင် ကြောင်း၊ လူထုကြောင့်ဆိုရင် မဖြစ်နိုင်ဘူးဆိုသည်မှာမရှိလောက်ဘူးလို့ အကုန်လုံးလည်း တွေးနေကြကြောင်း၊ ထိုအရာကို ဘယ်လောက် လုပ်ပေးနိုင်မလဲဆိုတာ သိချင်ကြောင်း၊ လူထု တွေလမ်းပေါ်ထွက်ပြီး တောင်းဆိုကြတယ်၊ ဆန္ဒတွေပြတယ်၊ သမ္မတကြီးလွှတ်ပေးဖို့၊ အတိုင်ပင်ခံလွှတ်ပေးဖို့ အဲဒါတွေနှင့်ပတ်သက် ပြီး ဘာများလုပ်ဆောင်ပေးနိုင်မလဲ ဆိုတာကို သိလိုကြောင်း မေးမြန်းသည်။ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက မိမိတို့ပြောနိုင်သည်မှာ ဥပဒေနှင့်အညီ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဖြေကြား သည်။ ဆက်လက်၍ Voice of Myanmar(VOM) သတင်းဌာနမှ သတင်းထောက် ဦးမောင်မောင် ထွန်းက နိုင်ငံတကာမှ အသိအမှတ်မပြုဘူး ဖြစ်နေကြောင်း၊ ထိုအပေါ်မှာ လုပ်ရကိုင်ရသည် မှာ အဟန့်အတားဖြစ်နေသည့်အပေါ်မှာ ဘယ်လိုသဘောထားကြောင်း မေးမြန်း သည်။ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြန်လည်ဖြေကြားရာတွင် ထိုအရာမှာ မေးခွန်းကိုပင် မှားနေခြင်းလို့ ထင်ကြောင်း၊ နိုင်ငံတကာမှ အသိအမှတ်ပြု၊ မပြုဆိုသည်မှာ လက်ရှိပြောလျက်ရှိသည့် နိုင်ငံတကာမှာ ဘယ်လိုရေးနေလဲဆိုသည်ကို ကြည့်စေလိုကြောင်း၊ အိမ်နီးချင်းနိုင်ငံများမှာလည်း ဘယ်လိုပြော နေသည်ကိုကြည့်လိုက်လျှင် သိနိုင်ကြောင်း၊ မြန်မာနိုင်ငံမှာ နိုင်ငံတကာသံရုံးအစုံရှိကြောင်း၊ မြန်မာနိုင်ငံ၏ သံအမတ်ကြီးများသည် နိုင်ငံ တကာမှာ သံအမတ်ကြီးအဆင့်ဖြင့် အစုံအလင် ရှိကြောင်း၊ နိုင်ငံတကာအစိုးရများ၏ပြောကြား ချက်များ၊ ရေးသားချက်များ အသိအမှတ်ပြု ခြင်း၊ မပြုခြင်းဆိုသည်ကို ထင်ရှားစွာတွေ့နိုင်ကြောင်း၊ လိုရာဆွဲပြောနေတာကို မကြည့် စေလိုကြောင်း၊ အပြစ်မဆိုချင်ကြောင်း၊ ၎င်းတို့ လိုချင်သဖြင့် ရေးနေခြင်း၊ လုပ်နေခြင်းသာ ဖြစ်ကြောင်း၊ ပြည်သူလူထုအနေဖြင့် အခြေအနေအမှန်တိုင်း သိဖို့လိုကြောင်း ဖြေကြားသည်။ ဆက်လက်၍ Voice of Myanmar(VOM) သတင်းဌာနမှ သတင်းထောက် ဦမောင်မောင် ထွန်းက ဆက်သွယ်မှုအနေဖြင့် သတင်းအမှား တွေဆိုတော့ အင်တာနက်တွေ ပိတ်ခြင်း၊ Facebook တွေပိတ်ခြင်းကြောင့် တော်တော် ခက်ခဲကြောင်း၊ ဥပဒေနှင့် အညီ မှန်မှန်ကန်ကန် လုပ်နေသည်ဆိုလျှင် ဖမ်းချင်ပါက ဖမ်းလို့ရပြီး ဘာကြောင့် အင်တာနက်တွေပိတ်ပြီး ဖမ်းသည့် သတင်းတွေရှိကြောင်း၊ အင်တာနက်ဖွင့် ပေးရန်နှင့် Facebook ကို လွယ်လွယ် ကူကူသုံးလို့ရရန် ဘယ်လို ဆောင်ရွက်ပေး နိုင်မလဲကိုသိလိုကြောင်း မေးမြန်းသည်။ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြန်လည်ဖြေကြားရာတွင် အဓိကအနေဖြင့် တချို့လိုအပ်သည့်ကန့်သတ်မှုတွေ လုပ်ရမည်ဖြစ်ပြီး ဘာကြောင့်ဆိုလျှင် တချို့၏ လှုံ့ဆော်မှုများ၊ အခြေအနေကိုပိုပြီးတော့ ဆိုးအောင်လုပ်သည့် ဖန်တီးမှုတွေသည် အများအားဖြင့် Online ပေါ်က လာခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် မလုပ်ချင်ကြောင်း၊ နံပါတ်တစ်အနေဖြင့် သတင်းမီဒီယာတွေ အများကြီးရေးနေခြင်း များ၊ လွှင့်နေခြင်းများ အများကြီးရှိကြောင်း၊ မိမိတို့အနေဖြင့် မည်သည့်အရေးယူမှုရှိ သလဲ၊ တချို့လှုံ့ဆော်မှုတွေက မလွှဲသာ မရှောင်သာဘဲ အရေးယူဆောင်ရွက်မှုတွေ လုပ်ရကြောင်း၊ ဘာကြောင့်ဆိုလျှင် ထိုအရာများသည် ပြည်သူလူထုကို အထိတ် တလန့်ဖြစ်စေသည့်အရာများ၊ ယခုလက်ရှိ အခြေအနေထက် ပိုမိုဆိုးရွားသွားနိုင်သည့် အခြေအနေများ၊ မဟုတ်မမှန်သည့်အရာ များကို မိမိတို့အနေဖြင့် မလွှဲမရှောင်သာ လုပ်ဆောင်ရခြင်းဖြစ်ပြီး မလွှဲမရှောင်သာ သည့် ကန့်သတ်မှုများ၊ ပိတ်ပင်မှုများ၊ လိုအပ် သည့် ကန့်သတ်မှုများကို ဆောင်ရွက်ရမည် ဖြစ်ကြောင်း ဖြေကြားသည်။ RFA သတင်းဌာနမှ ဒေါ်အေးအေးမွန်က အစိုးရဆန့်ကျင်ရေးဝေဖန်မှုတွေကို ထောက်လှမ်းရန်အတွက် ဆိုက်ဘာလုံခြုံရေး အရ တရုတ်အကူအညီဖြင့် Firewall များ တည်ဆောက်နေသည်ကို ကြားသိရကြောင်း၊ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဘာများရှင်းပြ လိုပါသလဲ သိလိုပါကြောင်း မေးမြန်း သည်။ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြန်လည်ဖြေကြားရာ Cyberlaw နှင့် ပတ်သက်ပြီး အဆိုပါ Law သည် မိမိတို့ရေးဆွဲထားခြင်း မဟုတ်ကြောင်း၊ ယခင်အစိုးရလက်ထက်က ရေးဆွဲထားခြင်းဖြစ်ကြောင်း၊ အဆိုပါကိစ္စ နှင့်ပတ်သက်ပြီး ကောလာဟလများ ထွက်နေ သည်ကို သိရှိကြောင်း၊ မိမိအနေဖြင့် ပြဋ္ဌာန်း မည်၊ မပြဋ္ဌာန်းမည်ကို မပြောနိုင်ကြောင်း၊ အဆိုပါ Law သည် မိမိတို့ ထွင်ထားခြင်း မဟုတ်ကြောင်း၊ တရုတ်အကူအညီဖြင့် Firewall များ လုပ်စရာအကြောင်းမရှိ ကြောင်း၊ လုပ်ချင်လျှင် မိမိတို့တွင် အဆိုပါ နည်းပညာနှင့်ပတ်သက်ပြီး လုံလောက်သည့် သူများရှိကြောင်း ဖြေကြားသည်။ ဆက်လက်၍ RFA သတင်းဌာနမှ ဒေါ်အေးအေးမွန် က မေးမြန်းရာ သတင်း လွတ်လပ်ခွင့်နှင့် ပတ်သက်ကြောင်း၊ ကာကွယ်ရေးဦးစီးချုပ်က သတင်းမီဒီယာ ကို စတုတ္ထမဏ္ဍိုင်အဖြစ် လက်ခံသည်ကို မနေ့ကပြောခဲ့ကြောင်း၊ ဒီမိုကရေစီလမ်း ကြောင်းမှ သွေဖည်သွားမည်မဟုတ်ကြောင်း လည်း မကြာခဏ ပြောထားကြောင်း၊ လောလောဆယ် ဖေဖော်ဝါရီ ၁ ရက် တပ်မတော်မှ တာဝန်ယူချိန်မှစ၍ ယခင်က ရှိခဲ့သည့် Democratic Debate လို့ခေါ်သည့် သတင်းမီဒီယာ အားလုံးမှာရှိသည့် မိမိသည် လည်း ယနေ့နိုင်ငံရေး Program ၏ Pro-ducer ဖြစ်ကြောင်း၊ မိမိတို့သည် တစ်ဖက် တည်းကို ဖိတ်ပြီး ဆွေးနွေးခြင်းမဟုတ် ကြောင်း၊ နှစ်ဖက်စလုံးမှ ပညာရှင်များကို ဖိတ်ပြီး ဆွေးနွေးခြင်း ဖြစ်ကြောင်း၊ ဖေဖော် ဝါရီ ၁ ရက်ကစပြီး လွတ်လပ်သည့် Debate များ တိတ်ဆိတ်ငြိမ်သက်သွားကြောင်း၊ တစ်ဖက်မှာ သတင်းလွတ်လပ်ခွင့်အပါအဝင် နိုင်ငံသားများ၏ အခြေခံလွတ်လပ်ခွင့်ကို ထိန်းချုပ်ရန်အတွက် နိုင်လွတ်လုံဥပဒေ ကို ရပ်တန့်လိုက်သည်ကို တွေ့ရကြောင်း၊ နိုင်ငံတော်အကြည်အညို ပျက်စေမှုဆိုင်ရာ ရာဇသတ်ကြီးပုဒ်မများကို ဖြည့်စွက်ထား သည်ကို တွေ့ရပါကြောင်း၊ တပ်မတော်အနေ ဖြင့် တာဝန်ယူစဉ် တစ်နှစ်အတွင်းမှာ သတင်းလွတ်လပ်ခွင့်ကို ဘယ်လောက်ထိ တာဝန်ယူနိုင်မလဲ၊ သတင်းထောက်များကို ဖမ်းဆီးတာမျိုး မလုပ်ဘဲ သတင်းထောက်များ၏ သတင်း ရေးသားခွင့်ကို ဘယ်လောက်ထိအာမခံပေး နိုင်မလဲ သိလိုပါကြောင်း မေးမြန်းသည်။ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ဆက်လက် ဖြေကြားရာ ဖေဖော်ဝါရီလ ၁ ရက်ကနေ ယနေ့ထိ သတင်းမီဒီယာများ လွတ်လပ်စွာ ရေးနေပါကြောင်း၊ သတင်းမီဒီယာများ ရေးသားမှုနှင့် ပတ်သက်ပြီး အရေးယူထား ခြင်းများရှိလျှင် ထောက်ပြစေလိုကြောင်း၊ သို့သော် စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဖြစ်ရန်လိုကြောင်း၊ ဥပဒေနှင့် ငြိစွန်းလျှင် ကန့်သတ်မှုများ လုပ်ကောင်းလုပ်နိုင်ရမည် ဖြစ်ကြောင်း၊ သတင်းမီဒီယာနှင့် ပတ်သက် ပြီး အာမ မခံခြင်း၊ ခံခြင်းသည် လုပ်ပါမည်၊ မလုပ်ပါမည်ဟုလည်း မပြောလိုကြောင်း၊ ဥပဒေနှင့်အညီသာ ဆောင်ရွက်မည်ဖြစ် ကြောင်း၊ သတင်းမီဒီယာများသည် သတ်မှတ် ထားသည့် ကျင့်ဝတ် စည်းမျဉ်းစည်းကမ်း များနှင့်အညီလုပ်ဆောင်ပါက သတင်းမီဒီယာ သမားများအတွက် ကောင်းသည်ဟု ပြောလို ပါကြောင်း၊ သတင်းမီဒီယာများကို ယခုလို ပြောနေခြင်းသည် ခြိမ်းခြောက်နေခြင်းမျိုး မဟုတ်ကြောင်း၊ ဥပဒေကျင့်ဝတ်စည်းမျဉ်း စည်းကမ်းများနှင့်အညီ လုပ်ဆောင်နိုင်ရေး ပြောခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။ RFA သတင်းဌာနမှ ဒေါ်အေးအေးမွန်က ဆက်လက်မေးမြန်းရာ နိုင်ငံရေးငြင်းခုံစကားဝိုင်းများပြန်လုပ်လျှင် ဖမ်းမည်လားသိလိုပါ ကြောင်း မေးမြန်းသည်။ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆက်လက် ဖြေကြားရာ နိုင်ငံရေးငြင်းခုံစကားဝိုင်းများကို ဥပဒေနှင့်မလွတ်ကင်းသည့်သူများကို တွေ့ဆုံ ဆွေးနွေးပွဲလုပ်လျှင် သတ်မှတ်သည့်အတိုင်း ဆောင်ရွက်ခံရမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားသည်။ ဆင်ဟွာသတင်းဌာနမှ သတင်းထောက် ဦးရဲမင်းဖြိုး က ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဥက္ကဋ္ဌမှ တိုက်တွန်းထားမှုရှိကြောင်း၊ မြန်မာ ပြည်သူများ၏ ဆန္ဒသဘောထားနှင့်အညီ မြန်မာပြည်သူများ၏အကျိုးအတွက် အပြန် အလှန်ဆွေးနွေးညှိနှိုင်းမှုများနှင့်အညီ ပြန်လည် သင့်မြတ်ရေးအတွက် ဆောင်ရွက်ကြရန် တိုက်တွန်းထားမှုရှိကြောင်း၊ ထို့အပေါ်တွင် မည်သို့လုပ်ဆောင်သွားမည်ကိုလည်း သိချင် ကြောင်း မေးမြန်းသည်။ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြန်လည် ဖြေကြားရာတွင် မိမိတို့အနေဖြင့် ယခုသတင်းစာ ရှင်းလင်းပွဲစစချင်း၌ ပြောခဲ့သလို နိုင်ငံတော် တာဝန်ကို ဘာ့ကြောင့်ရယူခဲ့ရသည်ကို ရှင်းပြ ပြီးဖြစ်ကြောင်း၊ နိုင်ငံရေး ယဉ်ကျေးမှုများ၊ ဒီမို ကရေစီစံချိန်စံညွန်းများနှင့်အညီ ဆွေးနွေး ညှိနှိုင်းရေးလမ်းစဉ်ဖြင့် သွားခဲ့ကြောင်း၊ ဆွေးနွေးညှိနှိုင်းရေးလမ်းစဉ်၌ ဘယ်လိုမှ အလုပ်မဖြစ်သောအချိန်မှ မိမိတို့ နိုင်ငံတော် တာဝန်ကို ရယူဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်ပြီး ယခုအချိန်တွင် ဥပဒေကြောင်းအရ လုပ်ဆောင်သင့်သည်များ ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ဥပဒေ ကြောင်းအရ လုပ်ဆောင်သင့်သည်ကို လုပ်ဆောင်ပြီးသည့်အချိန်တွင် အခြေအနေ အကြောင်းအရာများသည် အမျိုးမျိုးဖြစ်လာနိုင် ကြောင်း ရှင်းလင်းပြောကြားသည်။ SKY NET Up to Date သတင်းဌာနမှ သတင်းထောက် ဦးအောင်ဇော်ဇော်က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကလည်း CDM လုပ်ဆောင်သည့် နိုင်ငံ့ဝန်ထမ်းများကို လုပ်ငန်းခွင်ပြန်ဝင်ရန်အတွက် စိတ်ရှည်ရှည် ဖြင့် စောင့်ပေးသည်ဆိုသည့်အချက်လည်း ကြားသိရကြောင်း၊ ဌာနဆိုင်ရာအကြီးအကဲ များက ဝန်ထမ်းများကို စည်းရုံးရေးဆင်းပြီး အချိန်တစ်ခုပေးထားသည်ကိုလည်း ကြားသိ ရကြောင်း၊ ထို့အတွက် မိမိသိချင်သည်မှာ ဝန်ထမ်းများအတွက် အချိန်မည်သို့ သတ်မှတ် ထားသည်ကို သိချင်ပါကြောင်း မေးမြန်း သည်။ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ရှင်းလင်း ပြောကြားရာတွင် မိမိတို့အနေဖြင့် အချိန်ကို သတ်မှတ်ထားခြင်း မရှိသေးကြောင်း၊ သို့သော်အချိန်က သိပ်ရှည်မည်မဟုတ် ကြောင်းကိုပြောလိုကြောင်း၊ ဝန်ကြီးဌာန အလိုက်လည်း ဖြစ်ပေါ်တိုးတက်မှုများရှိနေကြောင်း၊ ဖြစ်ပေါ်တိုးတက်မှုများ ရှိနေ၍ လည်း ထပ်မံစောင့်ဆိုင်းနေကြောင်း၊ နိုင်ငံ့ ဝန်ထမ်းများအနေဖြင့်လည်း တာဝန်သိသိ သစ္စာရှိရှိဖြင့် Professional ကျကျ လုပ်ဆောင်သည်က အန္တရာယ်ကင်းမည်ဖြစ် ကြောင်း ရှင်းလင်းပြောကြားသည်။ ။ မြဝတီ