နေပြည်တော် ဖေဖော်ဝါရီ  ၁၉
မန္တလေးတိုင်းဒေသကြီး    သာစည် မြို့နယ်       ဟံဇားတိုက်နယ်ဆေးရုံ၌ ဆရာဝန်များနှင့်     သူနာပြုများက ၎င်းတို့၏  လုပ်ငန်းများ   ပျက်ကွက် လျက်ရှိပြီး ဒေသခံပြည်သူများအနေ ဖြင့် ဆေးကုသမှုခံယူရန် အခက်အခဲ များ  ဖြစ်ပေါ်လျက်ရှိသဖြင့်   ဆေးရုံမှ တာဝန်ရှိသူများနှင့်   လူနာရှင်များက နယ်မြေခံတပ်ရှိ တပ်မတော်ဆေးရုံမှ ဆရာဝန်များနှင့်        သူနာပြုများ   လာရောက်ကုသပေးနိုင်ပါရန်    အကူ အညီ တောင်းခံလာခဲ့သဖြင့်  မိတ္ထီလာ မြို့  တပ်မတော်ဆေးရုံမှ တပ်မတော် သား   ပါရဂူများ၊   ဆရာဝန်များနှင့် သူနာပြုများ ပါဝင်သော ဆေးကုသရေး အဖွဲ့အား ဖေဖော်ဝါရီ ၁၇ ရက်မှစ၍   စေလွှတ်ပေးခဲ့ပြီး     ရောဂါဝေဒနာ ခံစားနေရသည့် ဒေသခံပြည်သူများကို လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများကို    ဆောင်ရွက်ပေး လျက်ရှိသည်။
ထိုသို့     ဆောင်ရွက်ပေးရာ   ဖေဖော်ဝါရီ  ၁၈  ရက်နှင့် ယနေ့တို့တွင် တပ်မတော်   ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူ ၁၄၈ ဦးတို့ကို အရိုး အကြောရောဂါ၊    သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အဆုတ်ရောဂါ၊ မျက်စိ ရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါ၊    အထွေထွေရောဂါများနှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများကို  အရှိန် အဟုန်မြှင့် ဆောင်ရွက်ပေးနိုင်ခဲ့သည်။
သတင်းစဉ်
      
  
      


