မြန်မာနိုင်ငံသည် လွတ်လပ်သော ကုန်သွယ်မှုနယ်မြေ၏ အကျိုးကျေးဇူးများကို ခံစားရရှိနေပြီးဖြစ်
နေပြည်တော်   ဖေဖော်ဝါရီ  ၁၉
ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု(RCEP)  သဘောတူ စာချုပ် အကောင်အထည်ဖော်ရေးအတွက် အစိုးရဌာနများနှင့် ညှိနှိုင်းဆွေးနွေးပွဲ ကို ယနေ့နံနက် ၁၀ နာရီက ရင်းနှီးမြှုပ်နှံမှုနှင့်  နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။ (အပေါ်ပုံ)
အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး    ဦးအောင်နိုင်ဦး၊   ဒုတိယဝန်ကြီး   ဦးသန်းအောင်ကျော်နှင့် ဘာသာရပ်ဆိုင်ရာ အရာထမ်းများ၊ သက်ဆိုင်ရာ      ဝန်ကြီးဌာနများနှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ် နှင့်   အရာထမ်းများ   တက်ရောက် ကြသည်။
အကျိုးခံစားခွင့်များ
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက RCEP   သဘောတူစာချုပ်ကို  ၂၀၂၀ ပြည့်နှစ်၊   နိုဝင်ဘာ  ၁၅  ရက်တွင် အဖွဲ့ဝင်နိုင်ငံ  ၁၅ နိုင်ငံ၏ စီးပွားရေး ဝန်ကြီးများက    နိုင်ငံခေါင်းဆောင် များ၏ ရှေ့မှောက်တွင် Virtual ပုံစံဖြင့် လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ RCEP သဘောတူစာချုပ်သည်       ကမ္ဘာ့ အကြီးဆုံး လွတ်လပ်သည့် ကုန်သွယ်မှု သဘောတူစာချုပ်များတွင်    တစ်ခု အပါအဝင် ဖြစ်ပါကြောင်း၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံအနေဖြင့်   မြန်မာနိုင်ငံ သည် ယခင်ကတည်းက   လွတ်လပ် သော ကုန်သွယ်မှုသဘောတူစာချုပ် ၆ ခုတွင် ပါဝင်ခဲ့ပြီးဖြစ်၍ လွတ်လပ် သော ကုန်သွယ်မှုနယ်မြေ၏ အကျိုး ကျေးဇူးများကို ခံစားရရှိနေပြီး ဖြစ်ပါ ကြောင်း၊ RCEP စာချုပ်တွင် မြန်မာ နိုင်ငံအနေဖြင့် ပါဝင်လက်မှတ်ရေးထိုး နိုင်ခဲ့သဖြင့်   မိမိနိုင်ငံ၏   ပို့ကုန်များ မြှင့်တင်နိုင်ခြင်း၊ သွင်းကုန်အစားထိုး လုပ်ငန်းများကို ဖိတ်ခေါ်ရင်းနှီးမြှုပ်နှံ ၍ ကုန်သွယ်မှုလိုငွေလျှော့ချနိုင်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်နိုင်ခြင်းဖြင့် နှစ်စဉ်   အလုပ်အကိုင်အခွင့်အလမ်း များစွာ   ဖန်တီးပေးနိုင်ခြင်း၊  ရင်းနှီး မြှုပ်နှံမှုမှတစ်ဆင့်      အဆင့်မြင့် နည်းပညာများရရှိခြင်း      စသည့် အကျိုးခံစားခွင့်များကို    ပိုမိုရရှိမည် ဖြစ်ကြောင်း။
အထောက်အပံ့ဖြစ်စေရေး
RCEP      သဘောတူစာချုပ် အကောင်အထည်ဖော်ရေးနှင့် စပ်လျဉ်း ၍    အဓိကကျသည့်   အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများသို့ အသိပေးညှိနှိုင်း ဆွေးနွေးမှုများကို  ဆောင်ရွက်လျက် ရှိကြောင်း၊ မြန်မာနိုင်ငံ ကုန်သည်များ နှင့်  စက်မှုလက်မှု  လုပ်ငန်းရှင်များ အသင်းချုပ်က      ဦးဆောင်သည့် ပုဂ္ဂလိကကဏ္ဍ    အသင်းအဖွဲ့များသို့ လည်း      စာချုပ်ပါအခန်းအလိုက် ပြဋ္ဌာန်းချက်များအား        ရှင်းလင်း ပြောကြားသည့်    ဆွေးနွေးပွဲများကို ကျင်းပပြီးဖြစ်၍    ပုဂ္ဂလိကကဏ္ဍ၏ အကြံပြုချက်များနှင့် လိုလားချက် များကို   သိရှိပြီး  စာချုပ်အကောင် အထည်ဖော်ရေးအစီအစဉ်   ရေးဆွဲ ရာတွင်    ထည့်သွင်းဆောင်ရွက်သွား မည်  ဖြစ်ပါကြောင်း၊   ယနေ့ကျင်းပ သည့် ညှိနှိုင်းဆွေးနွေးပွဲက RCEP ကို ပုဂ္ဂလိကကဏ္ဍမှ အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်ရန်အတွက် လိုအပ်သည်များကို        အကူအညီ အထောက်အပံ့  ဖြစ်စေရေးအတွက် အစိုးရဌာနများက   ဆောင်ရွက်ပေး နိုင်ရန်       ညှိနှိုင်းဆွေးနွေးခြင်း ဖြစ်ကြောင်း၊   ဌာနအလိုက်   မိမိတို့ ဆောင်ရွက်ရမည့်  လုပ်ငန်းများတွင် လိုအပ်သည့်   နည်းပညာအကူအညီ များ၊ မူဝါဒ၊ ဥပဒေလုပ်ထုံးလုပ်နည်း များနှင့်စပ်လျဉ်း၍   ပေါင်းစပ်ညှိနှိုင်း ပေးရမည့်   ကိစ္စရပ်များကို   ပွင့်ပွင့် လင်းလင်း   ညှိနှိုင်းသွားရန်   ဖြစ်ပါ ကြောင်း။ 
လုပ်ငန်းအစီအစဉ်ရေးဆွဲ
မိမိတို့      ဝန်ကြီးဌာနအနေဖြင့် ပေါင်းစပ်ညှိနှိုင်းပေးရမည့်  လုပ်ငန်း များအပြင်  လိုအပ်သည့်  နည်းပညာ အကူအညီများအတွက် နိုင်ငံတကာနှင့် ဒေသတွင်း အဖွဲ့အစည်းများထံမှ ရယူ နိုင်ရန်      ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊    RCEP   သဘောတူ စာချုပ်   အကောင်အထည်ဖော်ရေး အမျိုးသားအဆင့် လုပ်ငန်းအစီအစဉ် ရေးဆွဲနိုင်ရေးနှင့် အကောင်အထည် ဖော်မည့်    ဦးဆောင်ကော်မတီနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းရေးတို့ ကို   အထက်အဖွဲ့အစည်းအဆင့်ဆင့် သို့    တင်ပြအတည်ပြုချက်ရယူ၍ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း၊  RCEP  သဘောတူစာချုပ် အသက်ဝင်ရေးကို     ထိုင်းနိုင်ငံက ဆောင်ရွက်ပြီးဖြစ်၍   မြန်မာနိုင်ငံ အနေဖြင့်လည်း   အဆိုပါ   စာချုပ် အသက်ဝင်ရေးနှင့် အကောင်အထည် ဖော်ရေးကို အလျင်အမြန် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဌာနများက    စာချုပ် အသက်ဝင်ရေးနှင့် အကောင်အထည် ဖော်ရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်း ပါဝင်  ဆောင်ရွက်ပေးပါရန်  အလေး အနက်         တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ရှင်းလင်းဆွေးနွေး
ဆက်လက်၍ ဒုတိယဝန်ကြီးက RCEP သဘောတူစာချုပ် အကောင် အထည်ဖော်ရေးအတွက်   ရှေ့ဆက် ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးသည်။  ထို့နောက် ညှိနှိုင်းဆွေးနွေးပွဲသို့   တက်ရောက် လာသူများက အကောင်အထည်ဖော် ဆောင်ရွက်မည့်      လုပ်ငန်းစဉ်များ အပေါ်   သက်ဆိုင်ရာကဏ္ဍအလိုက် လိုအပ်ချက်များကို မေးမြန်းဆွေးနွေး ကြပြီး  ဒုတိယဝန်ကြီးက   ပြန်လည် ရှင်းလင်းဆွေးနွေးသည်။
အဆိုပါ RCEP သဘောတူစာချုပ် အကောင်အထည်ဖော်ရေးအတွက် စာချုပ်ပါ ကဏ္ဍအလိုက် အစိုးရဌာန များနှင့်   ညှိနှိုင်းဆွေးနွေးပွဲများကို ၂၀၂၁   ခုနှစ်   မတ်လ   ပထမပတ် အထိ    ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။     
သတင်းစဉ်
      
  
      


