
နေပြည်တော် ဖေဖော်ဝါရီ ၁၈
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့မွန်းလွဲပိုင်းတွင် ဘရူနိုင်းဘုရင့်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် Major General Dato Seri Pahlawan Haji Hamzah bin Haji Sahat နှင့် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံစဉ် ဘရူနိုင်းနိုင်ငံက ဥက္ကဋ္ဌအဖြစ် ၂ဝ၂၁ ခုနှစ် မတ်လ ၁၈ ရက်တွင် ကျင်းပပြုလုပ်မည့် (၁၈) ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ Online အစည်းအဝေး (ACDFM-18) သို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပါဝင်တက်ရောက်နိုင်ရေး ဖိတ်ကြား မှုအခြေအနေများ၊ အဆိုပါ အစည်း အဝေးတွင် ရှင်းလင်းတင်ပြမည့် လုပ်ငန်းစာတမ်း(working paper) နှင့် ပတ်သက်သည့် ကိစ္စရပ်များ၊ ကိုဗစ်-၁၉ ကမ္ဘာ့ကပ် ရောဂါအလွန် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား သင်တန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက် မည့်ကိစ္စရပ်များအား ရင်းနှီးပွင့်လင်း စွာ အပြန်အလှန်ဆွေးနွေးခဲ့ကြ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်