နေပြည်တော် ဖေဖော်ဝါရီ ၁၈
နိုင်ငံဝန်ထမ်းများ၊   အငြိမ်းစားဝန်ထမ်းများအား လစာနှင့်စရိတ်များ သတ်မှတ်ချက်အတိုင်း ထုတ်ပေးသွားမည် ဖြစ်ကြောင်း  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့က  ပြည်သူသို့အသိပေးချက်  ထုတ်ပြန် ထားသည်။
အဆိုပါထုတ်ပြန်ချက်တွင် CDM အဖျက်အမှောင့် ပြုလုပ်နေသော မသမာသူအချို့အနေဖြင့် နိုင်ငံဝန်ထမ်းများ၊  အငြိမ်းစားဝန်ထမ်းများအား လစာပေးတော့မည် မဟုတ်ကြောင်း အခြေအမြစ်မရှိ၊ မှန်ကန်မှုမရှိသည့်  ကောလာဟလ သတင်းများ ထုတ်လွှင့်လျက်ရှိကြောင်း။
နိုင်ငံ့ဝန်ထမ်းများအနေဖြင့်  ယင်းကောလာဟလများအပေါ်  စိုးရိမ်ကြောင့်ကြမှုမရှိဘဲ  နိုင်ငံတော်နှင့်  ပြည်သူ အပေါ်  တာဝန်ကျေပွန်စွာဖြင့် မိမိတို့၏တာဝန်များကို ဆက်လက် ထမ်းဆောင်သွားပါရန်နှင့်  လစာနှင့်  စရိတ်များ သတ်မှတ်ချက်အတိုင်း   ထုတ်ပေးသွားမည်ဖြစ်ပါကြောင်း  အသိပေးအပ်ပါသည်ဟု  ဖော်ပြထားသည်။ 
သတင်းစဉ်
      


